[Zawgyi]

Huawei ဟာ MateBook အသစ္ကို ရွန္ဟိုင္းကြန္ဖရင့္မွာ တိတ္တဆိတ္ ေၾကညာခဲ့ပါတယ္။ ဒါဟာ 2019 MateBook E ျဖစ္ၿပီး Windows 10 အသုံးျပဳႏိုင္တဲ့ 2-in-1 laptop လည္း ျဖစ္ပါတယ္။ ဒါေပမယ့္ အႀကီးမားဆုံး ေျပာင္းလဲမႈလို႔ေျပာရမယ့္ အရာကေတာ့ Intel processor ကို မသုံးေတာ့တာပါပဲ။

MateBook E ဟာ Intel အစား Snapdragon 850 ကို သုံးထားတာပါ။ တြဲဖက္ထားတဲ့ မန္မိုရီက 8GB of RAM ျဖစ္ၿပီး သိုေလွာင္ႏိုင္စြမ္းက 512GB ျဖစ္ပါတယ္။ (8GB+256GB version လည္း ရပါေသးတယ္) 12-inch မ်က္ႏွာျပင္ဟာ 2160 x 1440 resolution (2K HD touchscreen) ျဖစ္ၿပီး အခ်ိဳးအစားကေတာ့ 3:2 အခ်ိဳးအစားျဖစ္ပါတယ္။

Windows 10 ကို Runs ထားတဲ့အျပင္ built-in 4G LTE ပါဝင္တဲ့အတြက္ Nano-SIM နဲ႔အတူ အခ်ိန္မေ႐ြး၊ ေနရာမေ႐ြး အင္တာနက္ကိုလည္း ခ်ိတ္ဆက္အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။ အျမန္ဆုံး Downlink speed က 1Gbps ျဖစ္တယ္လို႔ သိရပါတယ္။ Huawei ရဲ႕ အဆိုအရ 1GB HD movie ကို ၈ စကၠန႔္တည္းနဲ႔ Download ဆြဲႏိုင္တယ္လို႔ သိရပါတယ္။

အပူလြန္ကဲမႈေတြ မျဖစ္ေပၚေစဖို႔လည္း အလႊာရွစ္လႊာနဲ႔ တည္ေဆာက္ထားတဲ့ မူပိုင္နည္းပညာေၾကာင့္ သာမန္ထက္ ပိုျမင့္တဲ့ စြမ္းေဆာင္ရည္ကို ရယူႏိုင္တယ္လို႔ ဆိုရမွာပါ။ ဘက္ထရီပမာဏအားျဖင့္ 36.3Wh ျဖစ္တာေၾကာင့္ 1080 video ေတြကို ၁၀ နာရီၾကာ ၾကည့္ရႈႏိုင္မယ္လို႔ ဆိုပါတယ္။

Huawei MateBook E (2019) မွာ ေဖ်ာ္ေျဖေရးအတြက္ dual speakers, dual SmartPA amplifier တပ္ဆင္ေပးထားတဲ့အတြက္ အျမင့္သံေတြကိုလည္း ရွင္းလင္းစြာ ၾကားႏိုင္သလို ေဘ့စ္သံေတြကိုလည္း သဘာဝနဲ႔ အနီးစပ္ဆုံး ၾကားႏိုင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။ ေဈးႏႈန္းေတြကေတာ့ 8GB/256GB အတြက္ CNY3,999 ($595) ၉သိန္းဝန္းက်င္ ျဖစ္ၿပီး 8GB/512GB version ကေတာ့ CNY4,999 yuan ($744) ၁၁သိန္း ၃ေသာင္းဝန္းက်င္ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Snapdragon 850 နဲ့ MateBook E ကို မိတ်ဆက်လိုက်တဲ့ Huawei

Huawei ဟာ MateBook အသစ်ကို ရှန်ဟိုင်းကွန်ဖရင့်မှာ တိတ်တဆိတ် ကြေညာခဲ့ပါတယ်။ ဒါဟာ 2019 MateBook E ဖြစ်ပြီး Windows 10 အသုံးပြုနိုင်တဲ့ 2-in-1 laptop လည်း ဖြစ်ပါတယ်။ ဒါပေမယ့် အကြီးမားဆုံး ပြောင်းလဲမှုလို့ပြောရမယ့် အရာကတော့ Intel processor ကို မသုံးတော့တာပါပဲ။

MateBook E ဟာ Intel အစား Snapdragon 850 ကို သုံးထားတာပါ။ တွဲဖက်ထားတဲ့ မန်မိုရီက 8GB of RAM ဖြစ်ပြီး သိုလှောင်နိုင်စွမ်းက 512GB ဖြစ်ပါတယ်။ (8GB+256GB version လည်း ရပါသေးတယ်) 12-inch မျက်နှာပြင်ဟာ 2160 x 1440 resolution (2K HD touchscreen) ဖြစ်ပြီး အချိုးအစားကတော့ 3:2 အချိုးအစားဖြစ်ပါတယ်။

Windows 10 ကို Runs ထားတဲ့အပြင် built-in 4G LTE ပါဝင်တဲ့အတွက် Nano-SIM နဲ့အတူ အချိန်မရွေး၊ နေရာမရွေး အင်တာနက်ကိုလည်း ချိတ်ဆက်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ အမြန်ဆုံး Downlink speed က 1Gbps ဖြစ်တယ်လို့ သိရပါတယ်။ Huawei ရဲ့ အဆိုအရ 1GB HD movie ကို ၈ စက္ကန့်တည်းနဲ့ Download ဆွဲနိုင်တယ်လို့ သိရပါတယ်။

အပူလွန်ကဲမှုတွေ မဖြစ်ပေါ်စေဖို့လည်း အလွှာရှစ်လွှာနဲ့ တည်ဆောက်ထားတဲ့ မူပိုင်နည်းပညာကြောင့် သာမန်ထက် ပိုမြင့်တဲ့ စွမ်းဆောင်ရည်ကို ရယူနိုင်တယ်လို့ ဆိုရမှာပါ။ ဘက်ထရီပမာဏအားဖြင့် 36.3Wh ဖြစ်တာကြောင့် 1080 video တွေကို ၁၀ နာရီကြာ ကြည့်ရှုနိုင်မယ်လို့ ဆိုပါတယ်။

Huawei MateBook E (2019) မှာ ဖျော်ဖြေရေးအတွက် dual speakers, dual SmartPA amplifier တပ်ဆင်ပေးထားတဲ့အတွက် အမြင့်သံတွေကိုလည်း ရှင်းလင်းစွာ ကြားနိုင်သလို ဘေ့စ်သံတွေကိုလည်း သဘာဝနဲ့ အနီးစပ်ဆုံး ကြားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဈေးနှုန်းတွေကတော့ 8GB/256GB အတွက် CNY3,999 ($595) ၉သိန်းဝန်းကျင် ဖြစ်ပြီး 8GB/512GB version ကတော့ CNY4,999 yuan ($744) ၁၁သိန်း ၃သောင်းဝန်းကျင် ဖြစ်ပါတယ်။

Ref: GSMArena