MatePad Pro ကိုကြေညာခဲ့ပြီးနောက် Pro 5G ဗားရှင်းကို ထုတ်လုပ်ဖို့ မနှစ်တည်းက သတင်းထွက်ခဲ့တဲ့ Huawei ဟာ Tablet ဈေးကွက်ကို ဒီနှစ်ထဲမှာ ပိုပြီးအာရုံစိုက်လာမယ့်ပုံမှာရှိပါတယ်။ Mate Pad 10.4 အသစ်တစ်ခုရဲ့ သတင်းမျိုးစုံပေါက်ကြားနေခဲ့ပြီး အခုတစ်ခါ Weibo ကနေ ထပ်မံ Leak ဖြစ်လာခဲ့ပါတယ်။

မကြာခင်ထွက်လာမယ့် MatePad ရဲ့ Specs တွေကို 2019 မော်ဒယ် Apple iPad 10.2 နဲ့ Huawei MediaPad M6 10.8 တို့ဖြင့် နှိုင်းယှဉ်ထားတဲ့ဇယားကို ဖော်ပြလာခဲ့တာပါ။ ဒါ့အပြင် “5G” ဗားရှင်းကိုလည်း ထည့်ဖော်ပြထားတာ တွေ့ရပါတယ်။

Vanilla မော်ဒယ် MatePad လို့ယူဆရတဲ့ Tablet ရဲ့အချက်အလက်တွေကတော့ Notch မပါတဲ့ 10.4” လက်မ IPS Display ပါဝင်မှာဖြစ်ပြီး ကိုယ်ထည်အချိုး 245.2 x 154.96 x 7.35mm နဲ့ အလေးချိန် 450g ရှိပါတယ်။ ဘက္ထရီပမာဏ 7,250 mAh ဖြစ်ပြီး Offline ဗီဒီယိုကြည့်မယ်ဆိုရင် ဆယ်နာရီလောက် ခံမယ်လို့ ဆိုပါတယ်။

အတွင်းမှာ Kirin 810 ချစ်ပ်ဆက်ကို 4/6GB RAM နဲ့တွဲဖက်လာမှာဖြစ်ပြီး Storage က 64/128GB ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာ ဆဲလ်ဖီရော နောက်ဘက်ကင်မရာရော နှစ်ခုလုံးကို 8MP တစ်လုံးစီ ပါဝင်မယ်လို့ဆိုထားပါတယ်။ Software ပိုင်းမှာ Android 10 အခြေခံ EMUI 10 ကိုသုံးရမှာဖြစ်ပြီး Multi-window လို Feature အသစ်ကို ထည့်ဖော်ပြထားတဲ့ အတွက် ပိုသစ်တဲ့ EMUI 10.1 OS ကိုမြင်ရနိုင်ပါတယ်။

Geekbench မှာတော့ နောက်ထပ် Huawei Tablet တစ်ခုကို မော်ဒယ်နံပါတ် BAH3-W09 နဲ့ တွေ့ခဲ့ရပြီး MatePad M6 Lite သို့မဟုတ် Youth ဗားရှင်းလို့ပြောနေပါတယ်။ လက်ရှိ M6 စီးရီးဟာ MediaPad လိုင်းထဲကဖြစ်လို့ နာမည်ကိုတော့ အတည်မယူနိုင်လောက်သေးပါဘူး။ ဒီတက်ဘလက်မှာတော့ Kirin 810 လို့ယူဆရတဲ့ ချစ်ပ်ဆက်တစ်ခုနဲ့ 4GB RAM တို့ကိုတွေ့ရပါတယ်။

Ref – GSM Arena