Huawei ဟာ လက်ရှိအချိန်မှာ Flagship Tablet အနေနဲ့ MatePad Pro 5G ကို မိတ်ဆက်ထားပြီးဖြစ်သလို ပုံမှန် Mid Range ပိုင်းမှာလည်း MatePad 10.4 ကို ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အခုလည်း Huawei ကနေ MatePad 5G ကို ထပ်မံမိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါ MatePad 5G ဟာ Huawei MatePad 10.4 နဲ့ ဆင်တူပြီးတော့ Kirin 820 Chipset ကို ပြောင်းလဲအသုံးပြုလိုက်တာကပဲ ကွာခြားသွားမှာပါ။ အဲ့ဒီအတွက် 5G Network အပြင် Wi-Fi 6 ကိုပါ Support ပြုလုပ်လာမှာပဲဖြစ်ပါတယ်။ ကျန်တဲ့ Performance ပိုင်းမှာတော့ RAM 6GB နဲ့ 128GB Storage တွေပါဝင်မယ်လို့ သိရပါတယ်။

Display ပိုင်းမှာကတော့ 10.4″ Full HD+ IPS LCD Display ကို အသုံးပြုထားပြီး Camera အနေနဲ့ 8MP Back Camera နဲ့ 8MP Selfie Camera တွေပါဝင်မှာပါ။ Quad Speaker Setup အပြင် Quad Microphone တွေလည်း ပါဝင်မှာဖြစ်တဲ့အတွက် Media ပိုင်းနဲ့ Video Conferencing ပိုင်းမှာ အဆင်ပြေမှာပါ။

Battery အနေနဲ့ကတော့ 7250mAh Battery ပါဝင်မှာဖြစ်ပြီး USB-C ကနေ တစ်ဆင့် 22.5W Fast Charging ကို Support ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။ Battery Capacity များတဲ့အတွက် နာရီဝက်အားသွင်းမယ်ဆိုရင် 30% အားပြည့်မှာဖြစ်ပြီး 100% ပြည့်ဖို့ကတော့ အချိန် ၂ နာရီခွဲခန့်ပေးရမှာဖြစ်ပါတယ်။ 3.5mm Audio Jack ကတော့ ပါဝင်တော့မှာမဟုတ်ပါဘူး။

Huawei MatePad 5G Tablet အသစ်ကို လက်ရှိအချိန်မှာ White နဲ့ Gray ဆိုပြီး အရောင် ၂ မျိုးရွေးချယ်နိုင်မှာဖြစ်တဲ့အပြင် စျေးနှုန်းအနေနဲ့ 3,200 Yuan (မြန်မာငွေ ၆ သိန်း ၂ သောင်းဝန်းကျင်) သတ်မှတ်ထားတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံပြင်ပ စျေးကွက်တွေမှာတော့ ရောင်းချနိုင်မလားဆိုတာကတော့ အတိအကျမသိရှိရသေးပါဘူး။

Ref – GSM Arena