ယခုနှစ်အစောပိုင်းတုန်းက Huawei ကနေ တရုတ်နိုင်ငံစျေးကွက်အတွက် စျေးသက်သာတဲ့ Tablet တစ်လုံးဖြစ်တဲ့ Huawei MatePad SE ကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အခုအချိန်မှာတော့ Huawei ကနေ အဆိုပါ MatePad SE ကို နာမည်ပြောင်းလဲပြီး Global စျေးကွက်အတွက်ပါ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

MatePad SE ကို MatePad C5e နာမည်နဲ့ ပြောင်းလဲမိတ်ဆက်ခဲ့တာဖြစ်ပြီး လောလောဆယ် ဂျပန်နိုင်ငံမှာ ဦးဆုံးမိတ်ဆက်ရောင်းချသွားမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ တခြားသောနိုင်ငံစျေးကွက်တွေမှာ ထပ်မံမိတ်ဆက်သွားမယ်လို့ သိရပါတယ်။

MatePad C5e ဟာ Specification ပိုင်းမှာ 10.1″ Full HD+ IPS Display ကို အသုံးပြုထားပြီး 80% Screen-to-Body ရှိတဲ့အတွက် ဘေးဘောင်တွေက ပါးလွှာတယ်လို့ ပြောနိုင်ပါတယ်။ Performance ပိုင်းမှာတော့ Kirin 710 Chipset ကိုပဲ အသုံးပြုထားပြီး RAM 4GB ၊ 64GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ Storage ထပ်မံတိုးချဲ့ဖို့အတွက် MicroSD Card ကနေ 512GB အထိ ထပ်မံတိုးချဲ့နိုင်မှာဖြစ်ပါတယ်။

Camera ပိုင်းမှာတော့ Huawei MatePad C5e ဟာ 5MP Back Camera နဲ့ 2MP Selfie Camera တွေကိုပဲ အသုံးပြုထားပြီး Dual Channel Speaker လည်းပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ကတော့ 5100mAh Battery ပါဝင်မှာဖြစ်ပြီး 10W Charging ကိုပဲ ထောက်ပံ့ပေးထားပါတယ်။ Software ပိုင်းမှာလည်း Android 12 OS ကိုအခြေခံထားတဲ့ EMUI 10.1 ပဲ ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

Huawei MatePad C5e ဟာ Budget Tablet တစ်လုံးဖြစ်တဲ့အတွက် စျေးနှုန်းအနေနဲ့ ဒေါ်လာ ၂၀၀ ဝန်းကျင်လောက်နဲ့ပဲ ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – Gizmo China