Huawei က MatePad C7 တက်ဘလက် အသစ်ကို ကြေညာလိုက်ပြီး စီးပွားရေး လုပ်ငန်းသုံးဖို့ ရည်ရွယ်ထားပါတယ်။ မျက်နှာပြင် ကြီးမားပြီး Snapdragon 8 Series Chip ကို သုံးထားကာ ဒစ်ဂျစ်တယ်ဘောပင်နဲ့ သုံးနိုင်ပါတယ်။

HUAWEI-MatePad-C7-4

Huawei MatePad C7 မှာ ၁၀.၉၅ လက်မ IPS LCD မျက်နှာပြင် တပ်ဆင်ထားပြီး 2560x1600p Resolution ရှိပါတယ်။ 16:10 Aspect Ratio ၊ DCI-P3 Color Gamut ၊ 275ppi နဲ့ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Harmony OS 2 မောင်းနှင်ထားပြီး 2nd Gen Huawei M-Pencil နဲ့ သုံးနိုင်ပါတယ်။ တက်ဘလက်နဲ့ Huawei စမတ်ဖုန်းတွေကြားမှာ ဖိုင်တွေ လွယ်ကူစွာ ပေးပို့နိုင်ပြီး Screen Mirroring နဲ့ Split Screen တွေ ထောက်ပံ့ထားပါတယ်။

HUAWEI MatePad C7 – HUAWEI Global

MatePad C7 မှာ Snapdragon 865 Chip မောင်းနှင်ထားပြီး 6GB RAM နဲ့ 128GB Storage ပါပါတယ်။ microSD Card စိုက်နိုင်ပြီး 22.5W Fast Charging ပါတဲ့ 7,250mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။

အရှေ့ဘက်မှာ 8MP နဲ့ အနောက်ဘက်မှာ 13MP ကင်မရာ ထည့်သွင်းထားပြီး Face Unlock လုံခြုံရေးလုပ်ဆောင်ချက် ပါပါတယ်။ စပီကာ ၄ လုံး၊ Histen 7.0 Audio Support, Wi-Fi 802.11ax, Bluetooth 5.1 နဲ့ USB-C Port တွေ ထောက်ပံ့ထားပြီး အရွယ်အစား အပြည့်အစုံက 253.8 x 165.3 x 7.25mm နဲ့ အလေးချိန်က ၄၈၅ ဂရမ် ရှိပါတယ်။

Huawei MatePad C7 အတွက် Matte Gray ၁ ရောင်ထဲ ထုတ်လုပ်ထားပြီး ရောင်းချမယ့် အချိန်နဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။ ဂျပန်မှာ ကြေညာလိုက်တာဖြစ်တဲ့အတွက် မကြာခင် အဲဒီမှာ ရောင်းချနိုင်ပါတယ်။

Ref : gizmochina