[Unicode]

Huawei MatePad Pro အတွက် Danxia Orange, Castle Peak, Fritillaria White နဲ့ Night Ash စတဲ့ အရောင် ၄ မျိုး ထုတ်လုပ်ပေးထားပါတယ်။ ပြီးခဲ့တဲ့ ၂ ပတ်လောက်က စတင် ရောင်းပေးခဲ့ပြီး White နဲ့ Ash မော်ဒယ်တွေကိုပဲ ဝယ်ယူနိုင်ခဲ့တာပါ။ အခုတော့ Danxia Orange နဲ့ Castle Peak မော်ဒယ်တွေကို ရောင်းပေးလိုက်ပြီး အဲဒီ မော်ဒယ်တွေကို သားရေနဲ့ ဖုံးအုပ်ထားတာပါ။

အဲဒီ မော်ဒယ်တွေအတွက် WiFi-only 8GB + 256GB နဲ့ 8GB + 512GB LTE တွေ ထုတ်လုပ်ပေးထားပြီး ၄,၉၉၉ ယွမ်နဲ့ ၅,၉၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၀ သိန်းနဲ့ ၁၂ သိန်းလောက် ကျသင့်နိုင်ပါတယ်။ အဲဒီ မော်ဒယ်တွေမှာ M-Pencil နဲ့ ကီးဘုတ် ပါတဲ့အတွက် တခြား မော်ဒယ်တွေထက် ဈေးပိုများပါတယ်။

MatePad Pro ဟာ Punch-hole Display ပါတဲ့ ကမ္ဘာ့ ပထမဆုံး တက်ဘလက် ဖြစ်ပါတယ်။ ၁၀.၈ လက်မ 2560x1600p AMOLED Display တပ်ဆင်ထားပြီး QHD Resolution ဖြစ်ပါတယ်။ Kirin 990 SoC မောင်းနှင်ထားပြီး WiFi နဲ့ LTE Version တွေ ထုတ်လုပ်ထားပါတယ်။ အနောက်ဘက်မှာ PDAF ပါတဲ့ 13MP Camera ပါပါတယ်။ 8MP Punch-hole Selfie Camera ထည့်သွင်းထားပါတယ်။

စပီကာ ၄ လုံးတောင် ပါတဲ့အတွက် အသံထွက်က လန်ထွက်နေမှာပါ။ Audio Jack တော့ မပါပါဘူး။ 7,250mAh Battery မှာ 40W Huawei SuperCharge, 15W Wireless Charging နဲ့ 7.5W Reverse Wireless Charging တွေ ပါပါတယ်။ ပုံဆွဲ ၊ စာရေးရင် အရမ်းလန်းတဲ့ Huawei M-Pen Stylus ထည့်ထားပြီး တက်ဘလက်မှာ စိုက်ထားရင် ကြိုးမဲ့ အားသွင်းနိုင်ပါတယ်။

Ref : gizmochina

[Zawgyi]

Huawei MatePad Pro ရဲ႕ သားေရ ေမာ္ဒယ္ကို ေရာင္းၿပီ

Huawei MatePad Pro အတြက္ Danxia Orange, Castle Peak, Fritillaria White နဲ႔ Night Ash စတဲ့ အေရာင္ ၄ မ်ိဳး ထုတ္လုပ္ေပးထားပါတယ္။ ၿပီးခဲ့တဲ့ ၂ ပတ္ေလာက္က စတင္ ေရာင္းေပးခဲ့ၿပီး White နဲ႔ Ash ေမာ္ဒယ္ေတြကိုပဲ ၀ယ္ယူႏိုင္ခဲ့တာပါ။ အခုေတာ့ Danxia Orange နဲ႔ Castle Peak ေမာ္ဒယ္ေတြကို ေရာင္းေပးလိုက္ၿပီး အဲဒီ ေမာ္ဒယ္ေတြကို သားေရနဲ႔ ဖံုးအုပ္ထားတာပါ။

အဲဒီ ေမာ္ဒယ္ေတြအတြက္ WiFi-only 8GB + 256GB နဲ႔ 8GB + 512GB LTE ေတြ ထုတ္လုပ္ေပးထားၿပီး ၄,၉၉၉ ယြမ္နဲ႔ ၅,၉၉၉ ယြမ္ အသီးသီး သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၁၀ သိန္းနဲ႔ ၁၂ သိန္းေလာက္ က်သင့္ႏုိင္ပါတယ္။ အဲဒီ ေမာ္ဒယ္ေတြမွာ M-Pencil နဲ႔ ကီးဘုတ္ ပါတဲ့အတြက္ တျခား ေမာ္ဒယ္ေတြထက္ ေစ်းပိုမ်ားပါတယ္။

MatePad Pro ဟာ Punch-hole Display ပါတဲ့ ကမာၻ႕ ပထမဆံုး တက္ဘလက္ ျဖစ္ပါတယ္။ ၁၀.၈ လက္မ 2560x1600p AMOLED Display တပ္ဆင္ထားၿပီး QHD Resolution ျဖစ္ပါတယ္။ Kirin 990 SoC ေမာင္းႏွင္ထားၿပီး WiFi နဲ႔ LTE Version ေတြ ထုတ္လုပ္ထားပါတယ္။ အေနာက္ဘက္မွာ PDAF ပါတဲ့ 13MP Camera ပါပါတယ္။ 8MP Punch-hole Selfie Camera ထည့္သြင္းထားပါတယ္။

စပီကာ ၄ လံုးေတာင္ ပါတဲ့အတြက္ အသံထြက္က လန္ထြက္ေနမွာပါ။ Audio Jack ေတာ့ မပါပါဘူး။ 7,250mAh Battery မွာ 40W Huawei SuperCharge, 15W Wireless Charging နဲ႔ 7.5W Reverse Wireless Charging ေတြ ပါပါတယ္။ ပံုဆြဲ ၊ စာေရးရင္ အရမ္းလန္းတဲ့ Huawei M-Pen Stylus ထည့္ထားၿပီး တက္ဘလက္မွာ စိုက္ထားရင္ ႀကိဳးမဲ့ အားသြင္းႏိုင္ပါတယ္။

Ref : gizmochina