[Zawgyi]

Huawei MatePad Pro ကို ေၾကညာဖို႔ နာရီပိုင္းပဲလိုေတာ့တဲ့ အခ်ိန္မွာ တက္ဘလက္ရဲ႕ ဘူးခြံ၊ Screen Protector ၊ Specs နဲ႔ ဓါတ္ပံုေတြ ထြက္ေပၚလာပါတယ္။ အျဖဴေရာင္ဘူးခြံရဲ႕ အလယ္မွာ တက္ဘလက္ နာမည္ကို ေရႊေရာင္စာလံုးနဲ႔ ေရးထားပါတယ္။ ညာဘက္ေအာက္ေျခမွာ စြမ္းရည္ျမင့္ Kirin 990 Processor ေမာင္းႏွင္ထားတယ္ဆိုတာ အတည္ျပဳထားပါတယ္။ ဒါ့အျပင္ Harman Kardon ဖန္တီးထားတဲ့ အသံအရည္အေသြး ပါလာမယ္ဆိုတာ ျပထားပါတယ္။

ေနာက္ထပ္ ဓါတ္ပံု ၁ ပံုမွာ တက္ဘလက္ရဲ႕ Specs တခ်ိဳ႕ကို ျပသထားၿပီး ၁၀.၈ လက္မ 2K Display , Kirin 990 Processor , Quad Speakers , M-Pencil Stylus နဲ႔ Reverse Wireless Charging ပါမယ္ဆိုတာ သိလာရပါတယ္။ M-Pencil ရဲ႕ အေလးခ်ိန္က ၁၄ ဂရမ္ရွိၿပီး Gesture ၆ ခုပါပါတယ္။ ၁ ခါအားသြင္းထားရင္ ၁၀ နာရီ အသံုးခံၿပီး ၁ နာရီအတြင္း အားအျပည့္သြင္းႏုိင္ပါတယ္။ 7,250mAh Battery ပါလာမွာ ျဖစ္ၿပီး MediaPad M6 10.8 ထက္ အနည္းငယ္ေသးသြားပါတယ္။

တက္ဘလက္ရဲ႕ ဓါတ္ပံုေတြလည္း ထြက္ေပၚလာၿပီး Keyboard Case တပ္ဆင္ထားတာျမင္ရပါတယ္။ M-Pencil ကို လက္နဲ႔ ကိုင္တြယ္ အသံုးျပဳေနတာကို ေတြ႕ရပါတယ္။ အေရာင္ ၄ မ်ိဳးထုတ္လုပ္ေပးထားမွာ ျဖစ္ၿပီး Gray/Black, White, Vegan Leather Orange နဲ႔ Forest Green ေတြ ျဖစ္ပါတယ္။ ေနာက္ဆံုး အေရာင္ ၂ မ်ိဳးမွာ Mate 30 Pro 5G ရဲ႕ Vegan Leather Material ကို အသံုးျပဳထားမွာ ျဖစ္ပါတယ္။

MatePad Pro နဲ႔အတူ MateBook Computer အသစ္ ၂ လံုးနဲ႔ Sound X နာမည္ရ စမတ္ စပီကာ အသစ္ ၁ လံုးကိုပါ ေၾကညာမယ္လို႔ သတင္းထြက္ေနပါတယ္။ Huawei ရဲ႕ အလန္းစား ထုတ္ကုန္ အသစ္ေတြကို ျမင္ရဖို႔ နာရီပိုင္းပဲ လိုပါေတာ့တယ္။

Ref : gizmochina

[Unicode]

Huawei MatePad Pro ရဲ့ Specs နဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာ

Huawei MatePad Pro ကို ကြေညာဖို့ နာရီပိုင်းပဲလိုတော့တဲ့ အချိန်မှာ တက်ဘလက်ရဲ့ ဘူးခွံ၊ Screen Protector ၊ Specs နဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ အဖြူရောင်ဘူးခွံရဲ့ အလယ်မှာ တက်ဘလက် နာမည်ကို ရွှေရောင်စာလုံးနဲ့ ရေးထားပါတယ်။ ညာဘက်အောက်ခြေမှာ စွမ်းရည်မြင့် Kirin 990 Processor မောင်းနှင်ထားတယ်ဆိုတာ အတည်ပြုထားပါတယ်။ ဒါ့အပြင် Harman Kardon ဖန်တီးထားတဲ့ အသံအရည်အသွေး ပါလာမယ်ဆိုတာ ပြထားပါတယ်။

နောက်ထပ် ဓါတ်ပုံ ၁ ပုံမှာ တက်ဘလက်ရဲ့ Specs တချို့ကို ပြသထားပြီး ၁၀.၈ လက်မ 2K Display , Kirin 990 Processor , Quad Speakers , M-Pencil Stylus နဲ့ Reverse Wireless Charging ပါမယ်ဆိုတာ သိလာရပါတယ်။ M-Pencil ရဲ့ အလေးချိန်က ၁၄ ဂရမ်ရှိပြီး Gesture ၆ ခုပါပါတယ်။ ၁ ခါအားသွင်းထားရင် ၁၀ နာရီ အသုံးခံပြီး ၁ နာရီအတွင်း အားအပြည့်သွင်းနိုင်ပါတယ်။ 7,250mAh Battery ပါလာမှာ ဖြစ်ပြီး MediaPad M6 10.8 ထက် အနည်းငယ်သေးသွားပါတယ်။

တက်ဘလက်ရဲ့ ဓါတ်ပုံတွေလည်း ထွက်ပေါ်လာပြီး Keyboard Case တပ်ဆင်ထားတာမြင်ရပါတယ်။ M-Pencil ကို လက်နဲ့ ကိုင်တွယ် အသုံးပြုနေတာကို တွေ့ရပါတယ်။ အရောင် ၄ မျိုးထုတ်လုပ်ပေးထားမှာ ဖြစ်ပြီး Gray/Black, White, Vegan Leather Orange နဲ့ Forest Green တွေ ဖြစ်ပါတယ်။ နောက်ဆုံး အရောင် ၂ မျိုးမှာ Mate 30 Pro 5G ရဲ့ Vegan Leather Material ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။

MatePad Pro နဲ့အတူ MateBook Computer အသစ် ၂ လုံးနဲ့ Sound X နာမည်ရ စမတ် စပီကာ အသစ် ၁ လုံးကိုပါ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ Huawei ရဲ့ အလန်းစား ထုတ်ကုန် အသစ်တွေကို မြင်ရဖို့ နာရီပိုင်းပဲ လိုပါတော့တယ်။

Ref : gizmochina