Zawgyi

Huawei ဟာ လာမယ့္ႏုိဝင္ဘာ ၂၅ ရက္ေန႔မွာ MatePad Pro ကို မိတ္ဆက္လာဖို႔ အသင့္ျဖစ္ေနပါၿပီ။ ယေန႔မွာ တရုတ္အေျခစိုက္နည္းပညာကုမၸဏီဟာ သူတုိ႔ရဲ႕ Tablet အသစ္ပါဝင္တဲ့ ဗီဒီယုိအတုိ Teaser တစ္ခုကို တရားဝင္ တင္လာခဲ့ပါတယ္။

အဆုိပါဗီဒီယုိထဲမွာ MatePad Pro ရဲ႕ ေနာက္ဘက္က ညာဘက္အေပၚေထာင့္မွာ Dual-camera ပါဝင္တာကို ျပသေပးခဲ့ပါတယ္။ ဒါေပမယ့္ သူ႕ရဲ႕ေနာက္ေက်ာဘက္ဒီဇုိင္းက ျမင္ကြင္းအမ်ားစုမွာေတာ့ Magnetic Keyboard နဲ႔ ခ်ိတ္ဆက္ထားတဲ့ ကာဗာေၾကာင့္ ဖုံးကြယ္ေနတာကိုလည္း ျမင္ေတြ႕ရမွာပါ။

သူ႕ရဲ႕ေရွ႕ဘက္မွာေတာ့ သတင္းထြက္ေနတဲ့အတုိင္းပဲ Display ေပၚမွာ Punch-hole ကင္မရာကို အသုံးျပဳလာတာ ထပ္ေတြ႕ျမင္ရပါတယ္။ ဒါ့အျပင္ Huawei က M-Pen Stylus ေထာက္ပံ့ႏုိင္စြမ္းနဲ႔ Multi-tasking ျပဳလုပ္ႏိုင္စြမ္းတုိ႔ကိုလည္း ေဖာ္ျပလာခဲ့တယ္။

ထြက္ရွိရက္နီးကပ္လာေပမယ့္ MatePad Pro ရဲ႕ Specs ေတြကိုေတာ့ ထုတ္ေဖာ္မလာေသးပါဘူး။ ဒါေပမယ့္ သူ႕မွာ 40W အားအျမန္သြင္းစနစ္ပါဝင္လာမယ္ဆုိတာေတာ့ သိထားရပါတယ္။ ဒီတက္ဘလက္ဟာ Geekbench ေပၚလည္း ေရာက္ရွိခဲ့ၿပီး Kirin 990 ခ်စ္ပ္ဆက္၊ 6GB RAM မန္မိုရီနဲ႔ Android 10 OS တုိ႔ ပါဝင္တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

Ref – GSM Arena

Unicode

Huawei ဟာ လာမယ့်နိုဝင်ဘာ ၂၅ ရက်နေ့မှာ MatePad Pro ကို မိတ်ဆက်လာဖို့ အသင့်ဖြစ်နေပါပြီ။ ယနေ့မှာ တရုတ်အခြေစိုက်နည်းပညာကုမ္ပဏီဟာ သူတို့ရဲ့ Tablet အသစ်ပါဝင်တဲ့ ဗီဒီယိုအတို Teaser တစ်ခုကို တရားဝင် တင်လာခဲ့ပါတယ်။

အဆိုပါဗီဒီယိုထဲမှာ MatePad Pro ရဲ့ နောက်ဘက်က ညာဘက်အပေါ်ထောင့်မှာ Dual-camera ပါဝင်တာကို ပြသပေးခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့နောက်ကျောဘက်ဒီဇိုင်းက မြင်ကွင်းအများစုမှာတော့ Magnetic Keyboard နဲ့ ချိတ်ဆက်ထားတဲ့ ကာဗာကြောင့် ဖုံးကွယ်နေတာကိုလည်း မြင်တွေ့ရမှာပါ။

သူ့ရဲ့ရှေ့ဘက်မှာတော့ သတင်းထွက်နေတဲ့အတိုင်းပဲ Display ပေါ်မှာ Punch-hole ကင်မရာကို အသုံးပြုလာတာ ထပ်တွေ့မြင်ရပါတယ်။ ဒါ့အပြင် Huawei က M-Pen Stylus ထောက်ပံ့နိုင်စွမ်းနဲ့ Multi-tasking ပြုလုပ်နိုင်စွမ်းတို့ကိုလည်း ဖော်ပြလာခဲ့တယ်။

ထွက်ရှိရက်နီးကပ်လာပေမယ့် MatePad Pro ရဲ့ Specs တွေကိုတော့ ထုတ်ဖော်မလာသေးပါဘူး။ ဒါပေမယ့် သူ့မှာ 40W အားအမြန်သွင်းစနစ်ပါဝင်လာမယ်ဆိုတာတော့ သိထားရပါတယ်။ ဒီတက်ဘလက်ဟာ Geekbench ပေါ်လည်း ရောက်ရှိခဲ့ပြီး Kirin 990 ချစ်ပ်ဆက်၊ 6GB RAM မန်မိုရီနဲ့ Android 10 OS တို့ ပါဝင်တာကို မြင်တွေ့ခဲ့ရပါတယ်။

Ref – GSM Arena