Zawgyi

Huawei ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္သူ Richard Yu ဟာ သူ႕ရဲ႕တရုတ္ဆုိရွယ္မီဒီယာ Weibo အေကာင့္ကေန ကုမၸဏီဟာ လာမယ့္ ႏုိဝင္ဘာ ၂၅ ရက္ေန႔မွာ Mate စီးရီးဝင္ ထုတ္ကုန္အသစ္ေတြကို မိတ္ဆက္သြားမယ္လို႔ ေၾကညာလုိက္ပါတယ္။ Yu က ဒီထုတ္ကုန္အသစ္ေတြရဲ႕အမည္ကို မေဖာ္ျပခဲ့ေပမယ့္ အဆိုပါထုတ္ကုန္ေတြထဲမွာ MatePad Pro လည္း တစ္ခု အပါအဝင္ျဖစ္လာဖို႔ အခြင့္အေရးမ်ားေနပါတယ္။

Huawei ကုမၸဏီကိုယ္တိုင္ကလည္း MatePad Pro နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကို တရားဝင္ေၾကညာတာေတာ့ မရွိေသးပါဘူး။ ဒါေပမယ့္ ၿပီးခဲ့တဲ့လပုိင္းအတြင္းမွာ သတင္းထြက္ေနတဲ့ MatePad Pro ရဲ႕ ပုံရိပ္အခ်ဳိ႕ အြန္လိုင္းမွာထြက္ေပၚခဲ့ဖူးၿပီး Punch-hole Display နဲ႔ ပါးလႊာတဲ့ Bezel တုိ႔ကို ျမင္ေတြ႕ခဲ့ရပါတယ္။

Huawei MatePad Pro ဟာ Stylus တစ္ခုနဲ႔ Magnetic Keyboard ေထာက္ပံ့ႏုိင္စြမ္းပါဝင္မွာျဖစ္ၿပီး ေနာက္ဘက္မွာ Dual-camera တပ္ဆင္လာမွာပါ။ သူ႕အတြင္းမွာ Kirin 990 ခ်စ္ပ္ဆက္ကုိ 8GB RAM မန္မုိရီနဲ႔ တြဲဖက္လာမွာျဖစ္ပါတယ္။ အနည္းဆုံး White, Black, Green နဲ႔ Orange အေရာင္ေလးမ်ဳိး ရရွိႏုိင္မယ္လို႔ ဆုိပါတယ္။

ဒီတက္ဘလက္အသစ္ဟာ ေလာေလာဆယ္မွာ 3C ေထာက္ခံခ်က္ရယူဖို႔ ႀကိဳးစားေနတုန္းျဖစ္ၿပီး တရုတ္အစုိးရ ကိုယ္ပုိင္ဝက္ဆုိက္မွေဖာ္ျပခ်က္အရ သူ႕မွာ 40W အားသြင္းစနစ္ႀကီး ပါဝင္လာမွာပါ။ Huawei ဟာ MatePad ရဲ႕ Pro မဟုတ္တဲ့ ရုိးရိုးဗားရွင္းကိုလည္း ထုတ္ျပလာမယ္လို႔ သတင္းထြက္ထားေပမယ့္ အတည္ျပဳႏုိင္ဖို႔ေတာ့ ဆက္လက္ေစာင့္စားရဦးမွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

Huawei ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Richard Yu ဟာ သူ့ရဲ့တရုတ်ဆိုရှယ်မီဒီယာ Weibo အကောင့်ကနေ ကုမ္ပဏီဟာ လာမယ့် နိုဝင်ဘာ ၂၅ ရက်နေ့မှာ Mate စီးရီးဝင် ထုတ်ကုန်အသစ်တွေကို မိတ်ဆက်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ Yu က ဒီထုတ်ကုန်အသစ်တွေရဲ့အမည်ကို မဖော်ပြခဲ့ပေမယ့် အဆိုပါထုတ်ကုန်တွေထဲမှာ MatePad Pro လည်း တစ်ခု အပါအဝင်ဖြစ်လာဖို့ အခွင့်အရေးများနေပါတယ်။

Huawei ကုမ္ပဏီကိုယ်တိုင်ကလည်း MatePad Pro နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို တရားဝင်ကြေညာတာတော့ မရှိသေးပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့လပိုင်းအတွင်းမှာ သတင်းထွက်နေတဲ့ MatePad Pro ရဲ့ ပုံရိပ်အချို့ အွန်လိုင်းမှာထွက်ပေါ်ခဲ့ဖူးပြီး Punch-hole Display နဲ့ ပါးလွှာတဲ့ Bezel တို့ကို မြင်တွေ့ခဲ့ရပါတယ်။

Huawei MatePad Pro ဟာ Stylus တစ်ခုနဲ့ Magnetic Keyboard ထောက်ပံ့နိုင်စွမ်းပါဝင်မှာဖြစ်ပြီး နောက်ဘက်မှာ Dual-camera တပ်ဆင်လာမှာပါ။ သူ့အတွင်းမှာ Kirin 990 ချစ်ပ်ဆက်ကို 8GB RAM မန်မိုရီနဲ့ တွဲဖက်လာမှာဖြစ်ပါတယ်။ အနည်းဆုံး White, Black, Green နဲ့ Orange အရောင်လေးမျိုး ရရှိနိုင်မယ်လို့ ဆိုပါတယ်။

ဒီတက်ဘလက်အသစ်ဟာ လောလောဆယ်မှာ 3C ထောက်ခံချက်ရယူဖို့ ကြိုးစားနေတုန်းဖြစ်ပြီး တရုတ်အစိုးရ ကိုယ်ပိုင်ဝက်ဆိုက်မှဖော်ပြချက်အရ သူ့မှာ 40W အားသွင်းစနစ်ကြီး ပါဝင်လာမှာပါ။ Huawei ဟာ MatePad ရဲ့ Pro မဟုတ်တဲ့ ရိုးရိုးဗားရှင်းကိုလည်း ထုတ်ပြလာမယ်လို့ သတင်းထွက်ထားပေမယ့် အတည်ပြုနိုင်ဖို့တော့ ဆက်လက်စောင့်စားရဦးမှာဖြစ်ပါတယ်။

Ref – GSM Arena