Huawei ကနေ အခုအချိန်မှာ Android Tablet တွေထဲမှာ အကောင်းဆုံး Flagship Tablet ဖြစ်တဲ့ MatePad Pro ၊ Mid Range ပိုင်းအတွက် MatePad 10.4 လိုမျိုး Tablet တွေကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုလည်း Budget Android Tablet တစ်ခုလို့ ပြောနိုင်တဲ့ Huawei MatePad T8 ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။

Huawei MatePad T8 ဟာ Display အနေနဲ့တော့ 8″ LCD Display ကိုပဲ အသုံးပြုထားပြီး Resolution အနေနဲ့ HD+ 800 x 1200 Pixels ရှိမှာဖြစ်ပါတယ်။ ဘေးဘောင်တွေအနေနဲ့ 4.9mm ပဲရှိနေတဲ့အတွက် ပုံမှန် Budget Tablet တွေထက် ဘေးဘောင်ပိုပါးနေတယ်လို့ ပြောရမှာပါ။ Screen-to-Body Ratio အနေနဲ့ကတော့ 80% ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

Performance ပိုင်းမှာတော့ MediaTek MT8768 Chipset ကို အသုံးပြုထားပြီး RAM အနေနဲ့ကတော့ 2GB ပဲပါဝင်မှာဖြစ်ပါတယ်။ Storage အနေနဲ့ကတော့ 16GB သို့မဟုတ် 32GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်သလို MicroSD Card ကနေလည်း ထပ်မံတိုးချဲ့နိုင်မှာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ နောက်ကျောဘက်မှာ 5MP Camera နဲ့ Front Selfie Camera ကိုတော့ 2MP Sensor ပဲ ထည့်သွင်းပေးထားပါတယ်။ Battery အနေနဲ့ကတော့ 5100mAh Battery ပါဝင်မှာဖြစ်ပြီး Huawei ကတော့ Video Playback ကို ၁၀ နာရီအထိ အသုံးပြုနိုင်မယ်လို့ ပြောကြားထားပါတယ်။

အခု Huawei MatePad T8 ဟာ Budget Tablet တစ်လုံးဖြစ်ပေမယ့် Wi-Fi 802.11ac ၊ Bluetooth 5.0 နဲ့ 3.5mm Headphone Jack လိုမျိုး Feature တွေပါဝင်မှာဖြစ်သလို Android 10 ကို အခြေခံထားတဲ့ EMUI 10.1 ကို အသုံးပြုလာမှာပါ။ ဒါပေမယ့် Google Mobile Services အစား Huawei Mobile Services (HMS) ကိုပဲ ထည့်သွင်းထားမှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ ၁၁၂ ဒေါ်လာ (မြန်မာငွေ ၁ သိန်းခွဲဝန်းကျင်) ပဲ ကျသင့်မှာဖြစ်ပါတယ်။

Ref – Gizmo China