Huawei Device Business Group (BG) (မြန်မာ) သည် HUAWEI Mate 50 Series Experience Workshop ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်မြို့၊ Huawei မြန်မာရုံးချုပ်၌ ခမ်းနားသိုက်မြိုက်စွာ ပြုလုပ်ခဲ့ပါသည်၊၊

အခမ်းအနားသို့ Huawei မှ တာဝန်ရှိသူများ၊ အနုပညာရှင်၊ tech reviewers များ၊ စာနယ်ဇင်းမီဒီယာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်၊၊

Huawei သည် နိုင်ငံတကာစျေးကွက်တွင် လျင်မြန်တိုးတက်သောနည်းပညာများဖြင့် ထိုးဖောက်၀င်ရောက် လျက်ရှိသော နိုင်ငံတကာအသိအမှတ်ပြု Brand တစ်ခုဖြစ်သည်၊၊ နိုင်ငံပေါင်း ၁၇၀ကျော်တွင် Huawei ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများပေးကာ ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ ဂျာမနီ၊ ဆွီဒင်၊ ရှရှား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့တွင် သုတေသနစင်တာများကို တည်ထောင်ထားပါသည်။

Huawei သည် တယ်လီကွန်းနယ်ပယ်တွင် အနှစ် ၃၀ ကျော်သက်တမ်းရှိသော အတွေ့အကြုံများဖြင့် Huawei ၏ ကမ္ဘာ့ဆက်သွယ်ရေး ကွန်ယက်များ၊ ကမ္ဘာတစ်ဝှမ်း ဖြန့်ကျက်လုပ်ဆောင်နိုင်စွမ်းနှင့် ကမ္ဘာ့ပူးပေါင်းမှုများကို တည်ဆောက်ထားသည်။

မြန်မာပြည်တွင် ၂၀၀၃ ခုနှစ်မှစတင်၍ အင်တာနက် စတင်လွှမ်းမိုးလာသောအချိန် Digital World နှင့် အဆက်အသွယ်မပြတ်စေရန် မြန်မာပြည်အတွက် ICT Products and Services များကို ထောက်ပံ့ပေးနေသော ကမ္ဘာကြီးနှင့် ဆက်သွယ်ပေးသည့် ပေါင်းကူးတံတားတစ်ခုလည်း ဖြစ်ပါသည်၊၊ ထို့အပြင် မြန်မာပြည်သူများအတွက် ပိုမိုမြန်ဆန်ကောင်းမွန်သော ဆက်သွယ်မှုများ၊ သတင်းစီးဆင်းမှုများကို အချိန်နှင့် တပြေးညီ ရရှိနိုင်အောင် ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့ပြင် Huawei သည် ခေတ်ကာလနှင့်အညီ ဆန်းသစ်ဖန်တီးထားသည့် နည်းပညာမြင့် Product အသစ်များကို နှစ်စဥ်နှစ်တိုင်း မိတ်ဆက်ထုတ်လုပ်ပေးခဲ့သဖြင့် မြန်မာပြည်စျေးကွက်တွင် လူကြိုက်များပြီး မြန်မာပြည်သူများ၏ တစ်ခဲနက် အားပေးချစ်ခင်မှုကို ရရှိထားခြင်းဖြစ်ပါသည်၊၊

ယနေ့အခမ်းအနားတွင် South-East Asia Multinational Countries မှ Head of Huawei Consumer Business Group ဖြစ်သူ Mr. Peter Chen မှအဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်၊၊ ထို့နောက် The Visual Arts Studio ၏ Founder နှင့် Director ဖြစ်သူ ကိုနိုင်လင်း၊ နည်းပညာဆိုင်ရာဗဟုသုတသုံးသပ်ဝေမျှသူများ (Top Tech Reviewers) ဖြစ်ကြသည့် Myanmar Mobile & Tech Review ၏ Founder ကိုအောင်ကျော်သူ၊ Tech Gadget ၏ Founder ဖြစ်သူ ကိုဇော်ရဲ၊ Tech & Lifestyle Media Platform ဖြစ်သည့် HoneyBee ၏ Founder ဖြစ်သူ မဟန်နီထက်ထက်နှင့် အထူးဧည့်သည်တော်အဖြစ် အနုပညာရှင် ကိုရော်ရွက် တို့မှ Huawei ၏ နောက်ဆုံးထွက်ရှိထားသည့် Flagship ဖုန်း Series ဖြစ်သည့် Mate 50 Series အသုံးပြုမှုအတွေ့အကြုံများ၊ Mate 50 Pro ကိုအသုံးပြုပြီး Commercial Shoot ရိုက်ကူးခြင်းအတွေ့အကြုံများနှင့် Huawei ၏ နောက်ဆုံးပေါ်နည်းပညာများနှင့်ပက်သတ်၍ ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် The Visual Arts Studio ၏ Founder နှင့် Director ဖြစ်သူ ကိုနိုင်လင်းမှ HUAWEI Mate 50 Pro ၏ ကင်မရာအား အသုံးပြု၍ Commercial Shoot ရိုက်ကူးသည့်အတွေ့အကြုံများနှင့်ရိုက်ကူးခဲ့သည့် ဗီဒီယိုအား ရှင်းလင်းပြသခဲ့ပါသည်။ ကိုနိုင်လင်းမှ Mate 50 Pro ဖြင့်ရိုက်ကူးရာတွင် Professional Camera တစ်လုံးကဲ့သို့ ရိုက်ကူးနိုင်ကြောင်းနှင့် Mate 50 Pro ကင်မရာနှင့်ပက်သတ်သည့် အခြားစိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် Top Tech Reviewers များဖြစ်ကြသည့် ကိုအောင်ကျော်သူနှင့် ကိုဇော်ရဲတို့မှ Mate 50 Pro အားအသုံးပြုရသည့် အတွေ့အကြုံများ၊ Mate 50 Pro (Kunlun Glass version) ၏ ပြုတ်ကျမှုခံနိုင်အားမှာ အခြားဖုန်းများထက် ၁၀ ဆ ပိုမိုခြင်း၊ ကင်မရာပိုင်း၊ Huawei ၏ EMUI အသုံးပြုမှု အတွေ့အကြုံများ၊ Huawei App Gallery တိုးတက်လာမှုနှင့် စမတ်ဖုန်းများ၏အနာဂါတ်နှင့်ပက်သတ်သော အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့ကြသည်။

HUAWEI Mate 50 Series အား Mate Series စမတ်ဖုန်းများထုတ်လုပ်ခဲ့သည့် ၁၀ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ထုတ်လုပ်ထားပြီး မျှော်မှန်းထားသည်ထက်ပိုသော နောက်ဆုံးပေါ် နည်းပညာများဖြင့် ထုတ်လုပ်ထားသည်။ HUAWEI Mate 50 Series ၏ အလွန်အသေးစိတ်ကျပြီး အချိုးကျလှသည့် အာကာသပတ်လမ်းကြောင်းပုံစံ ဒီဇိုင်းသည် HUAWEI Mate 50 Series အား စမတ်ဖုန်းများအကြား ထင်းလင်းမြင်သာစေသည်။ HUAWEI Mate 50 Pro (Orange) Version အား အကြမ်းခံသော “Kunlun Glass” ဖြင့်ထုတ်လုပ်ထားသည့်အတွက် အခြားဖုန်းများထက် ၁၀ ဆပိုမို ပြုတ်ကျမှုခံနိုင်ရည်ရှိသည်။

ထို့အပြင် HUAWEI Mate Series အသစ်သည် DxO Mark Ranking တွင် အမှတ်အများဆုံးရရှိထားပြီး တရုတ်ပြည်တွင်ရောင်းအားအကောင်းဆုံးဖုန်းဖြစ်သည်။ Pre-order တင်သည့် အရေအတွက်မှာ ၂.၄၅ မီလီယံ ကျော်ခဲ့ပြီး ပထမဆုံးစတင်ရောင်းချသည့်နေ့တွင်လည်း ၁၀ စက္ကန့်အတွင်း Stock ပြတ်သည်အထိ ရောင်းထွက်ခဲ့သည့် ရောင်းအားအကောင်းဆုံး ဖုန်းဖြစ်သည်။ သုံးစွဲသူများအနေဖြင့် တန်းစီစောင့်ဆိုင်းကာ တစ်ခဲနက် ဝယ်ယူအားပေးခဲ့ကြသည်။

HUAWEI Mate 50 Series ဖုန်းများ၏ အနောက်ဘက်ဒီဇိုင်းအား မှန်နှင့် Vegan Leather ဟူ၍ နှစ်မျိုး ထုတ်လုပ်ထားသည်။ မှန်အနောက်ဘက်ကာဗာအား ကျက်သရေရှိစွာ လှပသော Silver (ငွေရောင်) နှင့် Black (အနက်ရောင်) ဟူ၍ အရောင်နှစ်ရောင်ထုတ်လုပ်ထားပြီး Vegan Leather အား နေရောင်ခြည်၏ လိမ္မော်ရောင်စဉ်များအား အခြေခံကာ Orange (လိမ္မော်ရောင်) ထုတ်လုပ်ထားသည်။

HUAWEI Mate 50 Series ဖုန်းများသည် နေ့စဉ်အသုံးပြုသည့်အခါတွင် လွယ်ကူအဆင်ပြေစေသည့် နောက်ဆုံးပေါ် EMUI 13 ဖြင့်ထုတ်လုပ်ထားသည့် ပထမဆုံး စမတ်ဖုန်းဖြစ်သည်။ SuperStorage လုပ်ဆောင်ချက်မှ နှစ်ခုထပ်နေသည့် ဖိုင်များအား အလိုအလျောက် ဖယ်ရှားပေးပြီး အသုံးပြုမှုနည်းသည့် Application များအား ချုံ့ထားပေးသည်။ ၎င်းသည် များပြားလှသော ဓါတ်ပုံနှင့် ဗီဒီယိုများအတွက် 20GB အထိ (ROM 256GB ရှိသည့်ဖုန်းတွင်) နေရာချန်ထားပေးနိုင်သည်။

HUAWEI Mate 50 Series တွင် HUAWEI Mate 50 နှင့် Mate 50 Pro တို့ကို RAM 8 GB + 256 GB Storage အမျိုးအစားဖြင့် ရရှိမှာဖြစ်ပြီး အရောင်အားဖြင့် Black (အနက်ရောင်)နှင့် Silver (ငွေရောင်) တို့အားလည်းကောင်း၊ HUAWEI Mate 50 Pro (Kunlun Glass version) ကို RAM 8 GB + 512 GB Storage အမျိုးအစားဖြင့် ရရှိမှာ ဖြစ်ပြီး အရောင်အားဖြင့် Orange (လိမ္မော်ရောင်) Vegan Leather အား ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ Huawei Mate 50 အား မြန်မာကျပ် ၂,၂၉၉,၀၀၀ ဖြင့်လည်းကောင်း၊ Mate 50 Pro (အနက်ရောင်နှင့် ငွေရောင်)တို့အား မြန်မာကျပ် ၂,၈၉၉,၀၀၀ နှင့် Mate 50 Pro (Kunlun Glass version, လိမ္မော်ရောင်) အား မြန်မာကျပ် ၃,၃၉၉,၀၀၀ တို့ဖြင့် ဒီဇင်ဘာလ (၁) ရက်နေ့မှ စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။

ထို့နောက် အစီအစဉ်အရ Huawei မှ တာဝန်ရှိသူများနှင့်အတူ ဧည့်သည်တော်များအားလုံး ပျော်ရွှင်ရင်းနှီးစွာဖြင့် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီးနောက် အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်၊၊

Press Release – HUAWEI