Huawei ဟာ လက်ရှိအချိန်မှာ Android Tablet တွေကို ဆက်လက်ထုတ်လုပ်နေသေးတယ့် Manufacturer တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ Huawei ရဲ့ MediaPad Tablet တွေက ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်လည်း မဆိုးတဲ့အတွက် အသုံးပြုသူတွေများပြားနေတာပဲဖြစ်ပါတယ်။

အခုအချိန်မှာလည်း Huawei ကနေ ဈေးနှုန်းသက်သာတဲ့ Tablet အသစ်တစ်ခုကို ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အဆိုပါ Tablet ကို Huawei MediaPad C5 လို့ နာမည်ပေးထားပြီးတော့ Wi-Fi Only ရော၊ LTE Version ပါထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

ယခု Huawei MediaPad C5 Tablet မှာ 8″ Full HD Display ကို အသုံးပြုလာမှာဖြစ်ပြီး Qualcomm Snapdragon 435 Processor ကိုပဲ အသုံးပြုထားမှာပါ။ RAM အနေနဲ့ကတော့ 3GB နဲ့ 4GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပြီး Storage ကိုလည်း 64GB ဒါမှမဟုတ် 128GB အထိ ရွေးချယ်နိုင်မှာပါ။

ယခု Huawei MediaPad C5 Tablet ဟာ လက်ရှိရောင်းချနေတဲ့ MediaPad M5 Lite Tablet နေရာမှာအစားထိုးဝင်ရောက်လာမှာဖြစ်ပြီးတော့ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၂၀၀ ဝန်းကျင်ရှိမယ်လို့ ယူဆရပါတယ်။