[Zawgyi]

ဇြန္လ ၂၁ ရက္ေန႔ဟာ Huawei nova 5 ကို တရားဝင္မိတ္ဆက္မယ့္ ေန႔ျဖစ္ပါတယ္။ ဒီမိတ္ဆက္ပြဲ ေနာက္မွာ nova 5 အျပင္ nova5i, nova 5 Pro နဲ႔ nova 5i Pro စတာေတြကိုလည္း ျမင္ေတြ႕ရမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ nova 5 လိုင္းထဲက စမတ္ဖုန္းေတြအျပင္ မိတ္ဆက္ပြဲနဲ႔ ပူးေပါင္းလာတဲ့ ေနာက္ထပ္ထုတ္ကုန္တစ္ခုက Huawei MediaPad M6 ပဲ ျဖစ္ပါတယ္။

Huawei MediaPad M6 ဟာ ၿပီးခဲ့တဲ့ ေမလ ေနာက္ဆုံးရက္ေတြကတည္းက JD.com မွာ ေတြ႕ျမင္ခဲ့ရတာပါ။ MediaPad M6 ဟာ 8.4-inch နဲ႔ 10.7-inch မ်က္ႏွာျပင္ အ႐ြယ္အစားအသီးသီးရွိၾကၿပီး ႏွစ္မ်ိဳးစလုံးက 2560 x 1660p resolution ကိုယ္စီ ရွိၾကတာလည္း ျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံမွာ Teased လုပ္ၿပီးသားဆိုေပမယ့္ တရားဝင္အတည္ျပဳခ်က္ေတြ ထြက္မလာေသးလို႔ ေစာင့္ဆိုင္းေနရေသးတာျဖစ္သလို ဒီ MediaPad M6 ေတြဟာ Kirin 980 chipset ေတြ အသုံးျပဳထားမယ္လို႔ သတင္းႀကီးေနတာပါ။ အခ်ိဳ႕သတင္းေတြကေတာ့ Kirin 970 လည္း သုံးထားႏိုင္တယ္လို႔ ေဖာ္ျပၾကပါတယ္။

အမ်ိဳးအစားႏွစ္မ်ိဳးစလုံးဟာ ပါးလႊာက်ဥ္းေျမာင္းတဲ့ ေဘးေဘာင္ေတြနဲ႔အတူ ဒီဇိုင္းပိုင္း မ်ားမ်ားစားစားကြာျခားျခင္း ရွိမွာမဟုတ္ေပမယ့္ 8.4-inch အမ်ိဳးအစားက 4,500mAh ဘက္ထရီကို အသုံးျပဳထားမွာျဖစ္ၿပီး 10.7-inch အမ်ိဳးအစားကေတာ့ ႀကီးမားတဲ့ ဘက္ထရီပမာဏျဖစ္တဲ့ 7,500mAh ကို သုံးထားမယ္လို႔ သတင္းထြက္ေပၚထားတာပါ။

ေနာက္တစ္ခ်က္က တ႐ုတ္ျပည္တြင္းမွာ ျဖန႔္ခ်ိမယ့္ MediaPad M6 ေတြအတြက္ Google နဲ႔ကင္းလြတ္တဲ့ EMUI အသုံးျပဳထားမယ္ဆိုတဲ့ သတင္းပါပဲ။ ဒါေပမယ့္ ႏိုင္ငံတကာေဈးကြက္ကို ျဖန႔္မယ္ဆိုရင္ေတာ့ ေျပာင္းလဲေကာင္းေျပာင္းလဲႏိုင္ပါတယ္။ က်န္တဲ့အေသးစိတ္အခ်က္အလက္ေတြနဲ႔ ေဈးႏႈန္းကေတာ့ တရားဝင္မိတ္ဆက္ခ်ိန္မွာ သိရမွာမို႔ ထပ္မံေဖာ္ျပေပးဦးမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Huawei nova 5 နဲ့အတူတူ မိတ်ဆက်လာမယ့် MediaPad M6

ဇွန်လ ၂၁ ရက်နေ့ဟာ Huawei nova 5 ကို တရားဝင်မိတ်ဆက်မယ့် နေ့ဖြစ်ပါတယ်။ ဒီမိတ်ဆက်ပွဲနောက်မှာ nova 5 အပြင် nova5i, nova 5 Pro နဲ့ nova 5i Pro စတာတွေကိုလည်း မြင်တွေ့ရမယ်လို့ မျှော်လင့်ရပါတယ်။ nova 5 လိုင်းထဲက စမတ်ဖုန်းတွေအပြင် မိတ်ဆက်ပွဲနဲ့ ပူးပေါင်းလာတဲ့ နောက်ထပ်ထုတ်ကုန်တစ်ခုက Huawei MediaPad M6 ပဲ ဖြစ်ပါတယ်။

Huawei MediaPad M6 ဟာ ပြီးခဲ့တဲ့ မေလ နောက်ဆုံးရက်တွေကတည်းက JD.com မှာ တွေ့မြင်ခဲ့ရတာပါ။ MediaPad M6 ဟာ 8.4-inch နဲ့ 10.7-inch မျက်နှာပြင် အရွယ်အစားအသီးသီးရှိကြပြီး နှစ်မျိုးစလုံးက 2560 x 1660p resolution ကိုယ်စီ ရှိကြတာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ Teased လုပ်ပြီးသားဆိုပေမယ့် တရားဝင်အတည်ပြုချက်တွေ ထွက်မလာသေးလို့ စောင့်ဆိုင်းနေရသေးတာဖြစ်သလို ဒီ MediaPad M6 တွေဟာ Kirin 980 chipset တွေ အသုံးပြုထားမယ်လို့ သတင်းကြီးနေတာပါ။ အချို့သတင်းတွေကတော့ Kirin 970 လည်း သုံးထားနိုင်တယ်လို့ ဖော်ပြကြပါတယ်။

အမျိုးအစားနှစ်မျိုးစလုံးဟာ ပါးလွှာကျဉ်းမြောင်းတဲ့ ဘေးဘောင်တွေနဲ့အတူ ဒီဇိုင်းပိုင်း များများစားစားကွာခြားခြင်း ရှိမှာမဟုတ်ပေမယ့် 8.4-inch အမျိုးအစားက 4,500mAh ဘက်ထရီကို အသုံးပြုထားမှာဖြစ်ပြီး 10.7-inch အမျိုးအစားကတော့ ကြီးမားတဲ့ ဘက်ထရီပမာဏဖြစ်တဲ့ 7,500mAh ကို သုံးထားမယ်လို့ သတင်းထွက်ပေါ်ထားတာပါ။

နောက်တစ်ချက်က တရုတ်ပြည်တွင်းမှာ ဖြန့်ချိမယ့် MediaPad M6 တွေအတွက် Google နဲ့ကင်းလွတ်တဲ့ EMUI အသုံးပြုထားမယ်ဆိုတဲ့ သတင်းပါပဲ။ ဒါပေမယ့် နိုင်ငံတကာဈေးကွက်ကို ဖြန့်မယ်ဆိုရင်တော့ ပြောင်းလဲကောင်းပြောင်းလဲနိုင်ပါတယ်။ ကျန်တဲ့အသေးစိတ်အချက်အလက်တွေနဲ့ ဈေးနှုန်းကတော့ တရားဝင်မိတ်ဆက်ချိန်မှာ သိရမှာမို့ ထပ်မံဖော်ပြပေးဦးမှာ ဖြစ်ပါတယ်။

Ref: GSMArena