[Zawgyi]

Huawei ဂီတပြဲေတာ္ႀကီးကို ျမန္မာႏိုင္ငံမွ လူငယ္မ်ား အခ်င္းခ်င္းခ်ိတ္ဆက္ရင္းႏွီးေစရန္ရည္႐ြယ္ကာ Electronic, Pop, R&B ႏွင့္ Rock ဂီတအစုံအလင္တို႔ျဖင့္ ႏိုင္ငံတကာဂီတပြဲေတာ္မ်ားအတိုင္းစီစဥ္တင္ဆက္ေပးသြားမည္

ရန္ကုန္၊ ေဖေဖာ္ဝါရီလ ၂၂ ရက္၊ ၂၀၁၉ ခုႏွစ္- Huawei Device Myanmar မွ ျမန္မာႏိုင္ငံတစ္ဝွမ္းရွိ လူငယ္မ်ား ႀကိဳက္ႏွစ္သက္သည့္ ေခတ္ေပၚေတးသီခ်င္းအမ်ိဳးအစားမ်ားစြာကို ခံစားနားဆင္ေစႏိုင္မည့္ Huawei Music Festival အမည္ရွိ ဂီတေဖ်ာ္ေျဖပြဲႀကီးအား ရန္ကုန္ၿမိဳ႕၊ သုဝဏၰၿမိဳ႕နယ္ရွိ Thuwannabumi Event Park တြင္၊ မတ္လ ၁၆ရက္ေန႔ ၂၀၁၉ခုႏွစ္၌ က်င္းပျပဳလုပ္သြားမည္ျဖစ္သည္။

အဆိုပါ Huawei Music Festival တြင္ Electronic, Pop, R&B ႏွင့္ Rock ဂီတအမ်ိဳးအစားအစုံအလင္ပါဝင္မည္ျဖစ္ၿပီး၊ ေခတ္ေရစီးေၾကာင္းကို မ်က္ေျခမျပတ္လိုက္ပါေနၾကသည့္ လူငယ္မ်ားအတြက္ ရည္႐ြယ္ျပဳလုပ္ေပးျခင္းျဖစ္ကာ ျမန္မာႏိုင္ငံအတြင္း၌ပင္ ႏိုင္ငံတကာဂီတပြဲေတာ္ အေတြ႕အႀကဳံကို ရရွိခံစားႏိုင္ေစမည္ျဖစ္သည္။

အဆိုပါ ပြဲေတာ္တြင္ မတူညီေသာ ေတးဂီတအမ်ိဳးအစားမ်ားအား အလွည့္က်တင္ဆက္သြားမည္ျဖစ္ၿပီး ပရိတ္သတ္အခိုင္အမာ ရရွိၿပီးျဖစ္သည့္ နာမည္ႀကီးအဆိုေတာ္မ်ား ႏွင့္ Band မ်ားျဖစ္သည့္ Big Bag၊ ေ႐ႊထူး၊ ၿဖိဳးျပည့္စုံ၊ Ar-T၊ Idiot၊ Mary၊ ရဲေလး၊ ေဝလ၊ ေအာင္ထက္၊ ျဖဴျဖဴေက်ာ္သိန္း ႏွင့္ မိစႏၵီ တို႔ ပါဝင္မည္ျဖစ္သည္။

Huawei Device Myanmar အေနႏွင့္ ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔မွ မတ္လ ၁၅ရက္ေန႔အတြင္း Huawei စမတ္ဖုန္း ႏွင့္ တက္ဘလက္ မည္သည့္ အမ်ိဳးအစားကိုမဆို ဝယ္ယူသည့္ customer တိုင္းအား Huawei Music Festival လက္မွတ္အား ေပးအပ္သြားမည္ျဖစ္သည္။ အဆိုပါ လက္မွတ္တစ္ေစာင္ျဖင့္ လူႏွစ္ဦး ဝင္ခြင့္ရရွိမည္ျဖစ္သည္။ ထို႔အျပင္ အထူးအစီအစဥ္အေနႏွင့္လည္း winner တစ္ခ်ိဳ႕ေ႐ြးခ်ယ္မဲေဖာက္ေပးၿပီး ပြဲေန႔တြင္ မိမိႏွစ္သက္သည့္ အႏုပညာရွင္တို႔ျဖင့္ စင္ေနာက္တြင္ မိတ္ဆက္ေတြ႕ဆုံခြင့္ရရွိေစမည့္ အခြင့္အေရးလည္း ရရွိမည္ျဖစ္သည္။ အဆိုပါ မဲစနစ္ႏွင့္အတူ အႏိုင္ရရွိသည့္ winner မ်ားကို Huawei Myanmar ၏ တရားဝင္ Facebook စာမ်က္ႏွာတြင္ ေၾကညာေပးသြားမည္ျဖစ္ပါသည္။

Huawei Device Myanmar ၏ Marketing Director ျဖစ္သူ မခင္ရတနာဝင္းက “ကြၽန္မတို႔ Huawei Consumer Business Group အေနနဲ႔ တီထြင္ဖန္တီးမႈေတြ၊ နည္းပညာျမင့္မားတဲ့ ထုတ္ကုန္ေတြ နဲ႔ ပိုမို လြယ္ကူအဆင္ေျပၿပီး အခ်င္းခ်င္း လ်င္ျမန္စြာခ်ိတ္ဆက္ႏိုင္တဲ့ ကမာၻႀကီးတစ္ခုျဖစ္လာေအာင္ ဖန္တီးေပးဖို႔ ရည္႐ြယ္လုပ္ေဆာင္ေပးေနပါတယ္။ ဂီတဆိုတာကလည္း ကမာၻေပၚက လူအခ်င္းခ်င္း ခ်ိတ္ဆက္ေပးတဲ့ ဘာသာစကားတစ္ခုျဖစ္ၿပီး၊ မတူညီတဲ့ဘဝပုံစံေတြ၊ မတူညီတဲ့ ဂီတခံစားမႈေတြကိုေပါင္းစပ္ထိန္းညႇိေပးႏိုင္တဲ့ အလြန္ထူးျခားတဲ့ စြမ္းအင္တစ္ခု ျဖစ္ပါတယ္။ ျမန္မာ consumer ေတြအေနနဲ႔ ေတးသီခ်င္းေတြကို စိတ္ေပ်ာ္႐ႊင္ေစဖို႔၊ ခ်စ္ခင္ရတဲ့ မိတ္ေဆြေတြနဲ႔အတူ ခံစားစီးေမ်ာဖို႔ စိတ္တူကိုယ္တူေဘာ္ဒါသစ္ေတြရရွိေစဖို႔ နားဆင္ခံစားၾကတယ္လို႔ ကြၽန္မတို႔ နားလည္ထားပါတယ္။ ဒါေၾကာင့္လည္း ကြၽန္မတို႔ Huawei ႀကိဳက္ႏွစ္သက္သူေတြ သူငယ္ခ်င္းေတြ နဲ႔ အတူခ်ိတ္ဆက္ စီးေမ်ာႏိုင္ေစဖို႔ အခုလို Music Festival တစ္ခုကို ဖန္တီးရျခင္းျဖစ္ပါတယ္။ ” ဟုေျပာၾကားခဲ့သည္။

၂၀၁၈ ခုႏွစ္တြင္ Huawei အေနႏွင့္ ေအာင္ျမင္မႈမ်ားစြာရရွိခဲ့ၿပီး၊ Huawei စမတ္ဖုန္း အလုံးေရ ၂၀၀ မီလီယံ ေက်ာ္ေရာင္းခ်ႏိုင္ခဲ့ကာ ကမာၻ႔အႀကီးဆုံး ဖုန္းထုတ္လုပ္ေရးကုမၸဏီအျဖစ္ရပ္တည္ႏိုင္ခဲ့ရာ၊ ၂၀၁၀ ခုႏွစ္တြင္ Huawei ဖုန္းအလုံးေရ ၃ မီလီယံေရာင္းခ်ႏိုင္ခဲ့မႈႏွင့္ ႏွႈိင္းယွဥ္ပါက ႏွစ္စဥ္ေရာင္းအားတိုးတက္မႈႏႈန္း ၆၆ ရာခိုင္ႏႈန္းအထိ တိုးတက္လာခဲ့ၿပီး ႏိုင္ငံတကာေဈးကြက္တြင္ ေဈးကြက္ရွယ္ယာ ၁၄.၄ ရာခိုင္ႏႈန္းတိုးျမႇင့္လာခဲ့ေၾကာင္းေတြ႕ရွိရသည္။ ၂၀၁၈ ခုႏွစ္အထိ တစ္ကမာၻလုံးတြင္ Nova Series အသုံးျပဳသူ ဦးေရမွာ ၆၅ မီလီယံေက်ာ္ (Huawei စမတ္ဖုန္းသုံးသူ၏ သုံးပုံတစ္ပုံခန႔္) ရွိခဲ့ၿပီး၊ မၾကာေသးမီက မိတ္ဆက္ေရာင္းခ်ခဲ့ေသာ Huawei Nova 4 အား ျမန္မာႏိုင္ငံတြင္ စိတ္ဝင္စား ဝယ္ယူသူအမ်ားအျပားရွိခဲ့သည္။

Huawei Consumer Business Group မွ ၂၀၁၉ ခုႏွစ္အတြင္း မိတ္ဆက္ခဲ့သည့္ Nova 4 ႏွင့္ Y7 Pro သည္ လက္ရွိေဈးကြက္ထဲတြင္ လူႀကိဳက္မ်ားေနလွ်က္ရွိသည့္ ဖုန္းအမ်ိဳးအစားႏွစ္ခုျဖစ္သည္။ Punch Hole Full View Display ၊ ကမာၻ႔အေသးငယ္ဆုံး ျဖစ္သည့္အျပင္ under-display ကင္မရာ နည္းပညာ အသုံးျပဳထားေသာ 25MP AI selfie front camera ပါဝင္လာသည့္ Huawei Nova 4 သည္ ေဈးကြက္ထဲတြင္ စိတ္ဝင္စားမႈအမ်ားအျပား ရရွိလွ်က္ရွိသည္။ Huawei Nova 4 ဖုန္းအား ျမန္မာျပည္တြင္း ေဈးကြက္သို႔ ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔တြင္ တရားဝင္မိတ္ဆက္ေပးခဲ့ၿပီး Nova 4 အား Huawei Watch GT ႏွင့္အတူ ျမန္မာေငြက်ပ္ ၈၅၉,၀၀၀ ျဖင့္ ဝယ္ယူႏိုင္မည္ျဖစ္သည္။

၂၀၁၉ ခုႏွစ္ ဇန္နဝါရီလအတြင္း ေဈးကြက္ထဲသို႔ ေရာက္ရွိခဲ့သည့္ Huawei Y7 Pro (2019) သည္ ၎၏ ႀကီးမားက်ယ္ျပန႔္သည့္မ်က္ႏွာျပင္ ၊ ႀကီးမားသည့္ ဘက္ထၳရီ ႏွင့္ သိုေလွာင္မႈ ပမာဏ တို႔ေၾကာင့္ လူငယ္မ်ားၾကားတြင္ ေရပန္းစားလွ်က္ရွိသည္။ Huawei Y7 Pro (2019) အား လက္ရွိေဈးကြက္ထဲတြင္ ျမန္မာေငြက်ပ္ ၂၃၉,၀၀၀ ျဖင့္ ဝယ္ယူရရွိႏိုင္မည္ျဖစ္ၿပီး အေရာင္အားျဖင့္ အျပာေရာင္ ၊ အနက္ေရာင္ ႏွင့္ အနီေရာင္ အစရွိသည့္ အေရာင္ ၃ မ်ိဳး အား ေ႐ြးခ်ယ္ဝယ္ယူႏိုင္မည္ျဖစ္သည္။

Huawei Music Festival ႏွင့္ပတ္သက္ေသာ ပြဲအစီအစဥ္မ်ားႏွင့္ အခ်က္အလက္မ်ားသိရွိလိုပါက Huawei Myanmar ၏ official Facebook Page https://www.facebook.com/HuaweimobileMM/ တြင္ဝင္ေရာက္ၾကည့္ရႈႏိုင္ပါသည္။

Press Release

[Unicode]

Huawei မှ မြန်မာလူငယ်များအတွက် အကြီးဆုံးပြည်တွင်းတေးဂီတပွဲတော်ကြီးကို ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ပေးသွားမည်

Huawei ဂီတပွဲတော်ကြီးကို မြန်မာနိုင်ငံမှ လူငယ်များ အချင်းချင်းချိတ်ဆက်ရင်းနှီးစေရန်ရည်ရွယ်ကာ Electronic, Pop, R&B နှင့် Rock ဂီတအစုံအလင်တို့ဖြင့် နိုင်ငံတကာဂီတပွဲတော်များအတိုင်းစီစဉ်တင်ဆက်ပေးသွားမည်

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၁၉ ခုနှစ်– Huawei Device Myanmar မှ မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူငယ်များ ကြိုက်နှစ်သက်သည့် ခေတ်ပေါ်တေးသီချင်းအမျိုးအစားများစွာကို ခံစားနားဆင်စေနိုင်မည့် Huawei Music Festival အမည်ရှိ ဂီတဖျော်ဖြေပွဲကြီးအား ရန်ကုန်မြို့၊ သုဝဏ္ဏမြို့နယ်ရှိ Thuwannabumi Event Park တွင်၊ မတ်လ ၁၆ရက်နေ့ ၂၀၁၉ခုနှစ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ Huawei Music Festival တွင် Electronic, Pop, R&B နှင့် Rock ဂီတအမျိုးအစားအစုံအလင်ပါဝင်မည်ဖြစ်ပြီး၊ ခေတ်ရေစီးကြောင်းကို မျက်ခြေမပြတ်လိုက်ပါနေကြသည့် လူငယ်များအတွက် ရည်ရွယ်ပြုလုပ်ပေးခြင်းဖြစ်ကာ မြန်မာနိုင်ငံအတွင်း၌ပင် နိုင်ငံတကာဂီတပွဲတော် အတွေ့အကြုံကို ရရှိခံစားနိုင်စေမည်ဖြစ်သည်။

အဆိုပါ ပွဲတော်တွင် မတူညီသော တေးဂီတအမျိုးအစားများအား အလှည့်ကျတင်ဆက်သွားမည်ဖြစ်ပြီး ပရိတ်သတ်အခိုင်အမာ ရရှိပြီးဖြစ်သည့် နာမည်ကြီးအဆိုတော်များ နှင့် Band များဖြစ်သည့် Big Bag၊ ရွှေထူး၊ ဖြိုးပြည့်စုံ၊ Ar-T၊ Idiot၊ Mary၊ ရဲလေး၊ ဝေလ၊ အောင်ထက်၊ ဖြူဖြူကျော်သိန်း နှင့် မိစန္ဒီ တို့ ပါဝင်မည်ဖြစ်သည်။

Huawei Device Myanmar အနေနှင့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ မတ်လ ၁၅ရက်နေ့အတွင်း Huawei စမတ်ဖုန်း နှင့် တက်ဘလက် မည်သည့် အမျိုးအစားကိုမဆို ဝယ်ယူသည့် customer တိုင်းအား Huawei Music Festival လက်မှတ်အား ပေးအပ်သွားမည်ဖြစ်သည်။ အဆိုပါ လက်မှတ်တစ်စောင်ဖြင့် လူနှစ်ဦး ဝင်ခွင့်ရရှိမည်ဖြစ်သည်။ ထို့အပြင် အထူးအစီအစဉ်အနေနှင့်လည်း winner တစ်ချို့ရွေးချယ်မဲဖောက်ပေးပြီး ပွဲနေ့တွင် မိမိနှစ်သက်သည့် အနုပညာရှင်တို့ဖြင့် စင်နောက်တွင် မိတ်ဆက်တွေ့ဆုံခွင့်ရရှိစေမည့် အခွင့်အရေးလည်း ရရှိမည်ဖြစ်သည်။ အဆိုပါ မဲစနစ်နှင့်အတူ အနိုင်ရရှိသည့် winner များကို Huawei Myanmar ၏ တရားဝင် Facebook စာမျက်နှာတွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။

Huawei Device Myanmar ၏ Marketing Director ဖြစ်သူ မခင်ရတနာဝင်းက “ကျွန်မတို့ Huawei Consumer Business Group အနေနဲ့ တီထွင်ဖန်တီးမှုတွေ၊ နည်းပညာမြင့်မားတဲ့ ထုတ်ကုန်တွေ နဲ့ ပိုမို လွယ်ကူအဆင်ပြေပြီး အချင်းချင်း လျင်မြန်စွာချိတ်ဆက်နိုင်တဲ့ ကမ္ဘာကြီးတစ်ခုဖြစ်လာအောင် ဖန်တီးပေးဖို့ ရည်ရွယ်လုပ်ဆောင်ပေးနေပါတယ်။ ဂီတဆိုတာကလည်း ကမ္ဘာပေါ်က လူအချင်းချင်း ချိတ်ဆက်ပေးတဲ့ ဘာသာစကားတစ်ခုဖြစ်ပြီး၊ မတူညီတဲ့ဘဝပုံစံတွေ၊ မတူညီတဲ့ ဂီတခံစားမှုတွေကိုပေါင်းစပ်ထိန်းညှိပေးနိုင်တဲ့ အလွန်ထူးခြားတဲ့ စွမ်းအင်တစ်ခု ဖြစ်ပါတယ်။ မြန်မာ consumer တွေအနေနဲ့ တေးသီချင်းတွေကို စိတ်ပျော်ရွှင်စေဖို့၊ ချစ်ခင်ရတဲ့ မိတ်ဆွေတွေနဲ့အတူ ခံစားစီးမျောဖို့ စိတ်တူကိုယ်တူဘော်ဒါသစ်တွေရရှိစေဖို့ နားဆင်ခံစားကြတယ်လို့ ကျွန်မတို့ နားလည်ထားပါတယ်။ ဒါကြောင့်လည်း ကျွန်မတို့ Huawei ကြိုက်နှစ်သက်သူတွေ သူငယ်ချင်းတွေ နဲ့ အတူချိတ်ဆက် စီးမျောနိုင်စေဖို့ အခုလို Music Festival တစ်ခုကို ဖန်တီးရခြင်းဖြစ်ပါတယ်။ ” ဟုပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်တွင် Huawei အနေနှင့် အောင်မြင်မှုများစွာရရှိခဲ့ပြီး၊ Huawei စမတ်ဖုန်း အလုံးရေ ၂၀၀ မီလီယံ ကျော်ရောင်းချနိုင်ခဲ့ကာ ကမ္ဘာ့အကြီးဆုံး ဖုန်းထုတ်လုပ်ရေးကုမ္ပဏီအဖြစ်ရပ်တည်နိုင်ခဲ့ရာ၊ ၂၀၁၀ ခုနှစ်တွင် Huawei ဖုန်းအလုံးရေ ၃ မီလီယံရောင်းချနိုင်ခဲ့မှုနှင့် နှှိုင်းယှဉ်ပါက နှစ်စဉ်ရောင်းအားတိုးတက်မှုနှုန်း ၆၆ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီး နိုင်ငံတကာဈေးကွက်တွင် ဈေးကွက်ရှယ်ယာ ၁၄.၄ ရာခိုင်နှုန်းတိုးမြှင့်လာခဲ့ကြောင်းတွေ့ရှိရသည်။ ၂၀၁၈ ခုနှစ်အထိ တစ်ကမ္ဘာလုံးတွင် Nova Series အသုံးပြုသူ ဦးရေမှာ ၆၅ မီလီယံကျော် (Huawei စမတ်ဖုန်းသုံးသူ၏ သုံးပုံတစ်ပုံခန့်) ရှိခဲ့ပြီး၊ မကြာသေးမီက မိတ်ဆက်ရောင်းချခဲ့သော Huawei Nova 4 အား မြန်မာနိုင်ငံတွင် စိတ်ဝင်စား ဝယ်ယူသူအများအပြားရှိခဲ့သည်။

Huawei Consumer Business Group မှ ၂၀၁၉ ခုနှစ်အတွင်း မိတ်ဆက်ခဲ့သည့် Nova 4 နှင့် Y7 Pro သည် လက်ရှိဈေးကွက်ထဲတွင် လူကြိုက်များနေလျှက်ရှိသည့် ဖုန်းအမျိုးအစားနှစ်ခုဖြစ်သည်။ Punch Hole Full View Display ၊ ကမ္ဘာ့အသေးငယ်ဆုံး ဖြစ်သည့်အပြင် under-display ကင်မရာ နည်းပညာ အသုံးပြုထားသော 25MP AI selfie front camera ပါဝင်လာသည့် Huawei Nova 4 သည် ဈေးကွက်ထဲတွင် စိတ်ဝင်စားမှုအများအပြား ရရှိလျှက်ရှိသည်။ Huawei Nova 4 ဖုန်းအား မြန်မာပြည်တွင်း ဈေးကွက်သို့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တရားဝင်မိတ်ဆက်ပေးခဲ့ပြီး Nova 4 အား Huawei Watch GT နှင့်အတူ မြန်မာငွေကျပ် ၈၅၉,၀၀၀ ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ဈေးကွက်ထဲသို့ ရောက်ရှိခဲ့သည့် Huawei Y7 Pro (2019) သည် ၎င်း၏ ကြီးမားကျယ်ပြန့်သည့်မျက်နှာပြင် ၊ ကြီးမားသည့် ဘက်ထ္ထရီ နှင့် သိုလှောင်မှု ပမာဏ တို့ကြောင့် လူငယ်များကြားတွင် ရေပန်းစားလျှက်ရှိသည်။ Huawei Y7 Pro (2019) အား လက်ရှိဈေးကွက်ထဲတွင် မြန်မာငွေကျပ် ၂၃၉,၀၀၀ ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး အရောင်အားဖြင့် အပြာရောင် ၊ အနက်ရောင် နှင့် အနီရောင် အစရှိသည့် အရောင် ၃ မျိုး အား ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

Huawei Music Festival နှင့်ပတ်သက်သော ပွဲအစီအစဉ်များနှင့် အချက်အလက်များသိရှိလိုပါက Huawei Myanmar ၏ official Facebook Page https://www.facebook.com/HuaweimobileMM/ တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။