[Zawgyi]
[Unicode]
Huawei နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့ ICT ကဏ္ဍတွင်း ပူးပေါင်း ဆောင်ရွက်ရေးအတွက် ၂ နှစ်တာ သက်တမ်းရှိ သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုး
ကမ္ဘာ့ဦးဆောင် ICT အခြေခံအဆောက်အအုံနှင့် စမတ်စက်ပစ္စည်းထောက်ပံ့သူ Huawei နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့သည် မျိုးဆက်သစ် အင်ဂျင်နီယာများ၏ အရည်အသွေးမြှင့်တင်ရေးအတွက် အထောက်အပံ့ပေးရန်နှင့် အဆောက်အဦးတွင်း ကွန်ရက်လွှမ်းခြုံမှုထုတ်လွှင့်ရေးနှင့် တိုးတက်လာရေး၊ FTTH စံချိန်စံညွှန်းမြင့်မားလာရေးတို့ကို ပူးပေါင်း ဆောင်ရွက်ကြရန်အတွက် သဘောတူညီချက်စာချုပ်တစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲကို ၂၀၁၉ ခုနှစ် ဧပြီလ ၂၂ ရက် တွင် Huawei CSIC ခန်းမ၌ ကျင်းပခဲ့သည်။
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်သည် မြန်မာနိုင်ငံတွင်းရှိ အင်ဂျင်နီယာအားလုံးပါဝင်နိုင်သည့် ပထမဆုံး အဖွဲ့အစည်းဖြစ်သည်။ မြန်မာနိုင်ငံအင်ဂျင်နီယာကွန်ဂရက်ကို အခြေခံ၍ ၁၉၂၇ ခုနှစ်တွင် အသစ်ဖွဲ့စည်းခဲ့ သည့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်သည် အင်ဂျင်နီယာများအတွက် သင်တန်းများနှင့်အထောက် အပံ့များ ပေးအပ်လျက်ရှိပြီး အလုပ်သင်အစီအစဉ်များအတွက်လည်း တက္ကသိုလ်များနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် နှင့် Huawei တို့က အစိုးရများ၊ ဆက်သွယ်ရေးအော်ပရေတာများ၊ နယ်ပယ်တွင်းရှိ လေ့လာစမ်းစစ်သည့်အဖွဲ့အစည်းများ၊ အခြားသောသြဇာရှိအဖွဲ့အစည်းများနှင့် အတူ ပူးပေါင်းကာ အဆောက်အဦးတွင်းကွန်ရက်များ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို အကောင်အထည် ဖော်ဆောင်ရွက်ရန် ကတိကဝတ်ပြုထားသည်။ အဆိုပါသဘောတူညီချက်အရ Huawei နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်တို့သည် အဆောက်အဦးတွင်းကွန်ရက်လွှမ်းခြုံမှုများဒစ်ဂျစ်တယ်အသွင်ကူး ပြောင်းရေးထိပ်သီးအစည်းအဝေးပွဲများကို ရေရှည်ပူးပေါင်းကျင်းပရန်၊ အဆောက်အဦးတွင်းကွန်ရက် လွှမ်းခြုံမှု နှင့် FTTH စံချိန်စံညွှန်းများကို အကောင်အထည်ဖော်ဆောင်ရေး၊ လုပ်ငန်းလည်ပတ်နိုင်ရေး နှင့် အရောင်းမြှင့်တင်ရေးတို့တွင် အကူအညီပေးရန် သဘောတူညီခဲ့ကြသည်။ ထို့အပြင် မြန်မာနိုင်ငံ အင်ဂျင် နီယာအသင်းချုပ်သည် cloud ၊ e-learning ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ပေးသည့် အစီအစဉ်များ နှင့် အလုပ်သင်အစီအစဉ်များအပါအဝင် အခြား သတ်မှတ်နယ်ပယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Huawei နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။
Huawei Myanmar ၏ CEO ဖြစ်သူ Mr. Zhang Liman က “ICT ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နဲ့ ၂ နှစ်တာ သက်တမ်းရှိ သဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့တာ ကို ထုတ်ပြန်ကြေညာရတာ Huawei အနေနဲ့ ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးဆဲ ICT ကဏ္ဍ အတွက် Huawei ရဲ့ နည်းပညာကျွမ်းကျင်မှုအထောက်အပံ့တွေပေးခွင့်ရတဲ့အတွက်လည်း ကျွန်တော်တို့ Huaweiက ကျေးဇူးတင်ပါတယ်။ မြန်မာအင်ဂျင်နီယာတွေအတွက် လိုအပ်တဲ့အထောက်အပံ့တွေပေးတာက အနာဂတ် ဒစ်ဂျစ်တယ်ကမ္ဘာကိုအရောက်လှမ်းနိုင်စေဖို့လည်း အကူအညီဖြစ်စေမှာပါ။ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်နဲ့အတူ ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ အဆောက်အဦးတွင်းကွန်ရက်လွှမ်းခြုံမှုများ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးထိပ်သီးအစည်းအဝေးပွဲ (Myanmar Indoor Coverage Digitalization Summit) ကိုလည်း မကြာခင်မှာ ကျင်းပသွားမှာဖြစ်ပြီးတော့ အဆောက်အဦးတွင်းကွန်ရက်လွှမ်းခြုံမှုရဲ့အင်မတန်အ အရးပါပုံနဲ့ မြန်မာ ICS/FTTH နယ်ပယ်အတွက် စံချိန်စံညွှန်းတွေသတ်မှတ်ဖို့လိုနေပြီဆိုတာကို ဒီပွဲကနေ တဆင့် မိတ်ဖက်အဖွဲ့အစည်းတွေကို အသိပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ နိုင်ငံရဲ့ ICT ဖွံ့ဖြိုးရေးမှာ သက်ရောက်မှုကောင်းတွေ ရေရှည်တည်တံ့စေဖို့အတွက်လည်း အဖွဲ့အစည်းနှစ်ခုလုံးရဲ့ စွမ်းဆောင်ရည် တွေကို ပေါင်းစည်းပြီး လက်တွဲညီညီကြိုးပမ်းသွားဖို့ နှစ်ဖက်လုံးက ကတိကဝတ်ပြုထားကြပါတယ်။” ဟု ပြောကြားသည်။
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဌ ဦးအောင်မြင့် က “မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် နဲ့ Huawei တို့အနေနဲ့ နိုင်ငံရဲ့ အင်ဂျင်နီယာမျိုးဆက်သစ်တွေရဲ့ အရည်အသွေးကို အဆင့်မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြဖို့ သဘောတူခဲ့ကြပါတယ်။ သဘောတူညီချက်အရ မြန်မာ ICT ကဏ္ဍရဲ့ ဘက်ပေါင်းစုံတိုးတက်ဖွံ့ဖြိုးရေးအတွက် ICT ကဏ္ဍမှာကမ္ဘာ့ဦးဆောင်ဖြစ်တဲ့ Huawei လို ကုမ္ပဏီနဲ့ လက်တွဲ ခွင့်ရတာ အင်မတန်မှဝမ်းမြောက်စရာပါ။ မြန်မာနိုင်ငံအတွင်း အဆောက်အဦးတွင်းကွန်ရက်လွှမ်းခြုံမှုများ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး ထိပ်သီးအစည်းအဝေး (Myanmar Indoor Coverage Digitalization Summit) ကို ကျွန်တော်တို့အဖွဲ့အစည်းနှစ်ခု ပူးပေါင်းကျင်းပသွားမှာဖြစ်ပြီးတော့ ဒီထိပ်သီးအစည်းအဝေး ကနေ အဆောက်အဦးတွင်းကွန်ရက်လွှမ်းခြုံမှုတွေ ဒစ်ဂျစ်တယ်အသွင်ပြောင်းလာရေး အကောင်အထည် ဖော်ဆောင်မှုတွေကို မြှင့်တင်ပေးသွားမှာဖြစ်ပြီးတော့ သက်ဆိုင်ရာခေါင်းစဉ်နဲ့ လူကြိုက်များလာနိုင်မယ့် အဆောက်အဦးတွင်းကွန်ရက်လွှမ်းခြုံရေး နည်းလမ်းအသစ်တွေကိုလည်း ရှာဖွေဖော်ထုတ်သွားမှာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်အနေနဲ့ အခုလို ပူးပေါင်းကူညီပေးမှုအတွက် Huawei ကို ကျေးဇူးတင်ရှိပါတယ်။ ရေရှည်မှာလည်း ဆက်ပြီးပူးပေါင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါတယ်။” ဟု ပြောကြားခဲ့သည်။
Huawei သည် အရည်အသွေးမြင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် မြန်မာတက္ကသိုလ်ကျောင်းသား ၁၀ ဦးကို တရုတ်နိုင်ငံသို့ နှစ်စဉ်စေလွှတ်ပေးနေသည့် Seed for the Future နိုင်ငံတကာဆိုင်ရာလှုပ်ရှားမှု၊ ထူးချွန် တက္ကသိုလ်ကျောင်းသားကျောင်းသူ ၅၀ အတွက် ပညာသင်ဆုများ နှစ်စဉ်ပေးအပ်နေသည့် ICT Talent Development Scholarship အစီအစဉ် နှင့်နည်းပညာကျောင်းသား လူငယ်များအတွက် လုပ်ငန်းခွင်အတွေ့ အကြုံရရှိစေရန် ဆောင်ရွက်ပေးနေသည့် အလုပ်သင်အစီအစဉ်များအပါအဝင် ၎င်း၏များစွာသောနှစ်စဉ် အစီအစဉ်များကို ဆောင်ရွက်ပေးလျက်ရှိကာ မြန်မာ ICT ကဏ္ဍအတွက် တက်တက်ကြွကြွ အထောက်အပံ့ ပြုနေသည့် ကုမ္ပဏီဖြစ်သည်။ ထို့အပြင် အနာဂတ်ဒစ်ဂျစ်တယ်နိုင်ငံတည်ဆောက်ရေးအတွက် ပိုမိုအားဖြည့် ပေးနိုင်ရန် ICT Talent Development သဘောတူညီချက်တစ်စောင်ကိုလည်း Huawei နှင့် သက်ဆိုင်ရာ မှ တာဝန်ရှိသူများတို့က ယခုနှစ် အစပိုင်းတွင် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။ အပြည့်အဝချိတ်ဆက်ပြီး အသိဉာဏ်မြင့်မားသည့် မြန်မာနိုင်ငံဖြစ်လာရန်အတွက် ပွင့်လင်းမြင်သာပြီး ပူးပေါင်းဆောင်ရွက်နိုင်ကာ နှစ်ဦးနှစ်ဖက်အကျိုးအမြတ်ရှိသည့် နယ်ပယ်ဂေဟစနစ်တစ်ခု ဖန်တီးပေးနိုင်ရန်အတွက်လည်း Huawei က ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်သည်။