[Zawgyi]

Huawei က “အျပည့္အဝခ်ိတ္ဆက္ၿပီး အသိဉာဏ္ရွိေသာ ျမန္မာႏိုင္ငံတည္ေဆာက္ေရး” ေခါင္းစဥ္ျဖင့္ Huawei Myannmar ICT Congress 2019 ကို ယေန႔တြင္ က်င္းပခဲ့သည္။ စပိန္ႏိုင္ငံ ဘာစီလိုနာၿမိဳ႕တြင္ က်င္းပေသာ ကမာၻ႔အႀကီးဆုံး မိုဘိုင္းပြဲေတာ္ျဖစ္သည့္ ကမာၻ႔မိုဘိုင္းကြန္ဂရက္ (MWC) တြင္ ျပသခဲ့သည့္ တီထြင္ ဖန္တီးမႈမ်ားကို ႏိုင္ငံတြင္းရွိ မိုဘိုင္းနယ္ပယ္ႏွင့္ဆက္စပ္အဖြဲ႕အစည္းအားလုံးက ပိုမိုနားလည္သိရွိ ေလ့လာႏိုင္ေစရန္ ရည္႐ြယ္သည့္ အဆိုပါကြန္ဂရက္ကို Huawei က ၂၀၁၇ မွ စတင္၍ က်င္းပေပး ခဲ့သည္။ Huawei Myanmar ICT Congress 2019 ကို ရန္ကုန္ၿမိဳ႕ရွိ Huawei Customer Innovatioon Center တြင္ ၂၀၁၉ ခုႏွစ္ ဧၿပီလ ၂၉ ရက္ေန႔၌ ျပဳလုပ္ခဲ့သည္။

Huawei က ကမာၻ႔အျမန္ဆုံး fodable 5G ဖုန္း Huawei Mate X အပါအဝင္ ၎၏ ေနာက္ဆုံးေပၚ ထုတ္ကုန္ႏွင့္ ဆန္းသစ္သည့္ ICT solutions မ်ားကို အဆိုပါကြန္ဂရက္တြင္ မိတ္ဆက္ေပးသြားမည္ ျဖစ္သည္။ အဆိုပါကြန္ဂရက္တြင္ 5G ကြန္ယက္တည္ေဆာက္ျခင္း၊ ဆက္သြယ္ေရးလုပ္ငန္းမ်ား အတြက္ B2C ၊ B2H ႏွင့္ B2B စီးပြားေရးမ်ား ဖြံ႕ၿဖိဳးလာေစရန္တြန္းအားေပးမည့္ ကြန္ယက္ နည္းပညာဆိုင္ရာ ဆန္းသစ္တီထြင္မႈမ်ားႏွင့္ အသိဉာဏ္ပါဝင္သည့္လုပ္ငန္းေဆာင္႐ြက္ခ်က္မ်ားကို AI ျဖင့္ ေဆာင္႐ြက္ေပးျခင္းနည္းလမ္းမ်ား စသည့္ ေခါင္းစဥ္မ်ားအေၾကာင္းကို ICT နယ္ပယ္တြင္ ပါဝင္ေဆာင္႐ြက္ေနၾကသူမ်ားအားလုံး ေလ့လာႏိုင္မည္ျဖစ္သည္။ လက္တေလာလူႀကိဳက္မ်ားေန သည့္ 5G ဆိုင္ရာေဆာင္႐ြက္ခ်က္မ်ား၊ 5G E2E solutions မ်ားကိုလည္း “5G is ON” ေခါင္းစဥ္ ေအာက္တြင္ ျပသသြားမည္ျဖစ္သည္။

Huawei Myanmar ၏ CTO ျဖစ္သူ Mr. Jim He က “အခုဆိုရင္ ကမာၻအႏွံ႔အျပားမွာ ICT နည္းပညာ ဆန္းသစ္တီထြင္မႈေတြ တဟုန္ထိုး ျမင့္တက္လာတာကို ေတြ႕ေနရပါၿပီ။ 5G၊ AI နဲ႔ Cloud Computing တို႔လို နည္းပညာသစ္ေတြရဲ႕ အေရးပါမႈကလည္း တျဖည္းျဖည္း ျမင့္မားလာၿပီးေတာ့ ဒီဂ်စ္တယ္စီးပြားေရးစနစ္နဲ႔ အသိဉာဏ္ရွိတဲ့ကမာၻႀကီးအသက္ဝင္လာေစမယ့္ ICT နယ္ပယ္အဝန္း အဝိုင္းတစ္ခုကို ဖန္တီးေပးေနပါတယ္။ ကမာၻ႔ဦးေဆာင္ ICT အေျခခံအေဆာက္အအုံေထာက္ပံ့သူ ျဖစ္တဲ့ Huawei က ဆက္သြယ္ေရးလုပ္ငန္းေတြ ပိုၿပီးေအာင္ျမင္လာေအာင္နဲ႔ ေအာင္ျမင္ေရးနည္း လမ္းသစ္ေတြကို ကူညီရွာေဖြေပးဖို႔ ကတိကဝတ္ျပဳထားပါတယ္။ ဒီလိုအခြင့္အလမ္းအသစ္ေတြကို အတူရွာေဖြႏိုင္ၾကဖို႔ Huawei Myanmar ICT Congress 2019 ကို က်င္းပတာပါ။ ဒီပြဲမွာ ICT နယ္ ပယ္ရဲ႕ ေနာက္ဆုံးေပၚ လူႀကိဳက္မ်ားေနတဲ့နည္းပညာေတြအေၾကာင္း ထဲထဲဝင္ဝင္ေဆြးေႏြးသြားၾက မယ့္ နယ္ပယ္တြင္းက နည္းပညာခန႔္မွန္းသူေတြ၊ အေတြးအျမင္သစ္ေခါင္းေဆာင္ေတြနဲ႔ အလား အလာရွိတဲ့မိတ္ဘက္ေတြလည္း တက္ေရာက္လာၾကတာကို ေတြ႕ရမွာပါ။” ဟု ေျပာၾကားသည္။

လက္ရွိတြင္ ကမာၻ႔ႏိုင္ငံအမ်ားအျပားက 5G ကို စတင္တပ္ဆင္အသုံးျပဳရန္ႀကိဳးစားေနၾကၿပီး ၂၀၂၀ – ၂၀၂၁ ခုႏွစ္ပိုင္းတြင္ ျမန္မာႏိုင္ငံ၌ 5G ကို စီးပြားေရးအရအသုံးျပဳလာလိမ့္မည္ဟု ခန႔္မွန္းရသည္။ ကမာၻ႔ဦးေဆာင္ 5G ေထာက္ပံ့သူျဖစ္သည္ႏွင့္အညီ Huawei က ျမန္မာႏိုင္ငံရွိဆက္သြယ္ေရး လုပ္ငန္းမ်ားအားလုံး ၎တို႔၏ 5G အိပ္မက္ကို အေကာင္အထည္ေဖာ္ႏိုင္ေရး အကူအညီေပးရန္ နယ္ပယ္တြင္းရွိ ဆက္စပ္အဖြဲ႕အစည္းအားလုံးႏွင့္ လက္တြဲေဆာင္႐ြက္ေပးလ်က္ ရွိသည္။

ျမန္မာ ICT နယ္ပယ္ဖြံ႕ၿဖိဳးေရးႏွင့္ ဒီဂ်စ္တယ္ႏိုင္ငံတစ္ခုအျဖစ္ ကူးေျပာင္းေရးတြင္ Huawei က နည္းအမ်ိဳးမ်ိဳးျဖင့္ အေထာက္အပံ့ျပဳလ်က္ရွိသည္။ Myanmar ICT Congress အျပင္ Myanmar 5G Forum ကိုလည္း ျမန္မာ့ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနႏွင့္အတူ ယမန္ႏွစ္က လက္တြဲ က်င္းပခဲ့ၿပီး 5G ႏွင့္ 5G ဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္လာမႈမ်ား၊ ျမန္မာႏိုင္ငံအေပၚ 5G သက္ေရာက္မႈအလား အလာမ်ားကို ျပသခဲ့သည္။

[Unicode]

ICT နယ်ပယ်၏ နောက်ဆုံးပေါ်ဖွံ့ဖြိုးတိုးတက်လာမှုများကို အထူးအလေးပေး ပြသသွားမည့် Huawei Myanmar ICT Congress 2019 ကို ကျင်းပ

Huawei က “အပြည့်အဝချိတ်ဆက်ပြီး အသိဉာဏ်ရှိသော မြန်မာနိုင်ငံတည်ဆောက်ရေး” ခေါင်းစဉ်ဖြင့် Huawei Myannmar ICT Congress 2019 ကို ယနေ့တွင် ကျင်းပခဲ့သည်။ စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ကျင်းပသော ကမ္ဘာ့အကြီးဆုံး မိုဘိုင်းပွဲတော်ဖြစ်သည့် ကမ္ဘာ့မိုဘိုင်းကွန်ဂရက် (MWC) တွင် ပြသခဲ့သည့် တီထွင် ဖန်တီးမှုများကို နိုင်ငံတွင်းရှိ မိုဘိုင်းနယ်ပယ်နှင့်ဆက်စပ်အဖွဲ့အစည်းအားလုံးက ပိုမိုနားလည်သိရှိ လေ့လာနိုင်စေရန် ရည်ရွယ်သည့် အဆိုပါကွန်ဂရက်ကို Huawei က ၂၀၁၇ မှ စတင်၍ ကျင်းပပေး ခဲ့သည်။ Huawei Myanmar ICT Congress 2019 ကို ရန်ကုန်မြို့ရှိ Huawei Customer Innovatioon Center တွင် ၂၀၁၉ ခုနှစ် ဧပြီလ ၂၉ ရက်နေ့၌ ပြုလုပ်ခဲ့သည်။

Huawei က ကမ္ဘာ့အမြန်ဆုံး fodable 5G ဖုန်း Huawei Mate X အပါအဝင် ၎င်း၏ နောက်ဆုံးပေါ် ထုတ်ကုန်နှင့် ဆန်းသစ်သည့် ICT solutions များကို အဆိုပါကွန်ဂရက်တွင် မိတ်ဆက်ပေးသွားမည် ဖြစ်သည်။ အဆိုပါကွန်ဂရက်တွင် 5G ကွန်ယက်တည်ဆောက်ခြင်း၊ ဆက်သွယ်ရေးလုပ်ငန်းများ အတွက် B2C ၊ B2H နှင့် B2B စီးပွားရေးများ ဖွံ့ဖြိုးလာစေရန်တွန်းအားပေးမည့် ကွန်ယက် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများနှင့် အသိဉာဏ်ပါဝင်သည့်လုပ်ငန်းဆောင်ရွက်ချက်များကို AI ဖြင့် ဆောင်ရွက်ပေးခြင်းနည်းလမ်းများ စသည့် ခေါင်းစဉ်များအကြောင်းကို ICT နယ်ပယ်တွင် ပါဝင်ဆောင်ရွက်နေကြသူများအားလုံး လေ့လာနိုင်မည်ဖြစ်သည်။ လက်တလောလူကြိုက်များနေ သည့် 5G ဆိုင်ရာဆောင်ရွက်ချက်များ၊ 5G E2E solutions များကိုလည်း “5G is ON” ခေါင်းစဉ် အောက်တွင် ပြသသွားမည်ဖြစ်သည်။

Huawei Myanmar ၏ CTO ဖြစ်သူ Mr. Jim He က “အခုဆိုရင် ကမ္ဘာအနှံ့အပြားမှာ ICT နည်းပညာ ဆန်းသစ်တီထွင်မှုတွေ တဟုန်ထိုး မြင့်တက်လာတာကို တွေ့နေရပါပြီ။ 5G၊ AI နဲ့ Cloud Computing တို့လို နည်းပညာသစ်တွေရဲ့ အရေးပါမှုကလည်း တဖြည်းဖြည်း မြင့်မားလာပြီးတော့ ဒီဂျစ်တယ်စီးပွားရေးစနစ်နဲ့ အသိဉာဏ်ရှိတဲ့ကမ္ဘာကြီးအသက်ဝင်လာစေမယ့် ICT နယ်ပယ်အဝန်း အဝိုင်းတစ်ခုကို ဖန်တီးပေးနေပါတယ်။ ကမ္ဘာ့ဦးဆောင် ICT အခြေခံအဆောက်အအုံထောက်ပံ့သူ ဖြစ်တဲ့ Huawei က ဆက်သွယ်ရေးလုပ်ငန်းတွေ ပိုပြီးအောင်မြင်လာအောင်နဲ့ အောင်မြင်ရေးနည်း လမ်းသစ်တွေကို ကူညီရှာဖွေပေးဖို့ ကတိကဝတ်ပြုထားပါတယ်။ ဒီလိုအခွင့်အလမ်းအသစ်တွေကို အတူရှာဖွေနိုင်ကြဖို့ Huawei Myanmar ICT Congress 2019 ကို ကျင်းပတာပါ။ ဒီပွဲမှာ ICT နယ် ပယ်ရဲ့ နောက်ဆုံးပေါ် လူကြိုက်များနေတဲ့နည်းပညာတွေအကြောင်း ထဲထဲဝင်ဝင်ဆွေးနွေးသွားကြ မယ့် နယ်ပယ်တွင်းက နည်းပညာခန့်မှန်းသူတွေ၊ အတွေးအမြင်သစ်ခေါင်းဆောင်တွေနဲ့ အလား အလာရှိတဲ့မိတ်ဘက်တွေလည်း တက်ရောက်လာကြတာကို တွေ့ရမှာပါ။” ဟု ပြောကြားသည်။

လက်ရှိတွင် ကမ္ဘာ့နိုင်ငံအများအပြားက 5G ကို စတင်တပ်ဆင်အသုံးပြုရန်ကြိုးစားနေကြပြီး ၂၀၂၀ – ၂၀၂၁ ခုနှစ်ပိုင်းတွင် မြန်မာနိုင်ငံ၌ 5G ကို စီးပွားရေးအရအသုံးပြုလာလိမ့်မည်ဟု ခန့်မှန်းရသည်။ ကမ္ဘာ့ဦးဆောင် 5G ထောက်ပံ့သူဖြစ်သည်နှင့်အညီ Huawei က မြန်မာနိုင်ငံရှိဆက်သွယ်ရေး လုပ်ငန်းများအားလုံး ၎င်းတို့၏ 5G အိပ်မက်ကို အကောင်အထည်ဖော်နိုင်ရေး အကူအညီပေးရန် နယ်ပယ်တွင်းရှိ ဆက်စပ်အဖွဲ့အစည်းအားလုံးနှင့် လက်တွဲဆောင်ရွက်ပေးလျက် ရှိသည်။

မြန်မာ ICT နယ်ပယ်ဖွံ့ဖြိုးရေးနှင့် ဒီဂျစ်တယ်နိုင်ငံတစ်ခုအဖြစ် ကူးပြောင်းရေးတွင် Huawei က နည်းအမျိုးမျိုးဖြင့် အထောက်အပံ့ပြုလျက်ရှိသည်။ Myanmar ICT Congress အပြင် Myanmar 5G Forum ကိုလည်း မြန်မာ့ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့်အတူ ယမန်နှစ်က လက်တွဲ ကျင်းပခဲ့ပြီး 5G နှင့် 5G ဆိုင်ရာဖွံ့ဖြိုးတိုးတက်လာမှုများ၊ မြန်မာနိုင်ငံအပေါ် 5G သက်ရောက်မှုအလား အလာများကို ပြသခဲ့သည်။