ယနေ့မှာတော့ တွစ်တာကနေတဆင့် Huawei ရဲ့ ဘတ်ဂျက်စတိုင် စမတ်ဖုန်းသစ်နှစ်လုံးဖြစ်တဲ့ Y5p နဲ့ Y6p တို့ရဲ့ ဓါတ်ပုံတွေနဲ့ Specs များထွက်ပေါ်လာခဲ့ပါတယ်။

သူတို့နာမည်တွေအတိုင်းပဲ Huawei Y5p ဟာ ဟန်းဆက်သစ်နှစ်လုံးထဲမှာတောင် ပိုပြီးဈေးချိုမယ့်ပုံစံရှိပြီး 5.45” LCD Display မှာ Notch နဲ့ Punch-hole တွေ ဘာမှမပါတဲ့ ဒီဇိုင်းနဲ့ထွက်လာပါတယ်။ အတွင်းမှာ Helio P22 ချစ်ပ်ဆက်ကို 2/32GB မန်မိုရီနဲ့ တွဲဖက်ထားတယ်။

နောက်ဘက်မှာ Dual-camera ပါဝင်ပြီး 8MP + 2MP အတွဲဖြစ်ပါတယ်။ ဆဲလ်ဖီးကင်မရာအတွက်တော့ ဘာမှမဖော်ပြထားပေမယ့် အပေါ် Bezel ဘောင်ထဲမှာ ထည့်သွင်းထားတာ တွေ့ရမှာပါ။ ဘက္ထရီက 3,020 mAh ဖြစ်ပြီး Android 10 အခြေခံ EMUI 10.1 နဲ့အသုံးပြုရမှာပါ။

Huawei Y6p ကတော့ သူ့ထက် နည်းနည်းပိုခေတ်ရှေ့ပြေးတဲ့ပုံပေါက်ပြီး နောက်ဘက်မှာ ကင်မရာသုံးလုံးနဲ့ Fingerprint တို့ပါဝင်တယ်။ ချစ်ပ်ဆက်က Helio P22 အတူတူပဲဖြစ်ပေမယ့် Display မှာတော့ 6.3” LCD ဖြစ်တာကြောင့် သိသိသာသာ ပိုကြီးမှာပါ။ ရှေ့ဘက် Waterdrop Notch ထဲမှာ 8MP ဆဲလ်ဖီးကင်မရာတစ်လုံး ပါပါတယ်။

နောက်ဘက်ကင်မရာတွေကတော့ 13MP + 5MP + 2MP ဖြစ်ပါတယ်။ ဘက္ထရီက 5,000 mAh ဖြစ်ပေမယ့် Y5p မှာလိုပဲ အားသွင်းစနစ်က MicroUSB Type ပါပဲ။ အနည်းဆုံးတော့ Android 10 OS ကိုပဲ အသုံးပြုရဦးမှာပါ။ ဒီဖုန်းနှစ်လုံးရဲ့ Specs တွေက သိပ်ကွာခြားမှုမရှိဘဲ ဘယ်ဈေးကွက်တွေကို ဘယ်လောက်ဈေးနှုန်းနဲ့ ဝင်လာမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

Ref – GSM Arena