[Zawgyi]

အေမရိကန္ရဲ႕ ပိတ္ပင္မႈေတြစတင္ခဲ့ၿပီးတဲ့ေနာက္ Huawei ဟာ သူတို႔ရဲ႕ OS သစ္ကို Android ေနရာမွာ အစားထိုး သုံးစြဲမယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။ ၂၀၁၂ ခုႏွစ္ေလာက္ကတည္းက စတင္လုပ္ေဆာင္ေနခဲ့တယ္ဆိုတဲ့ ဒီ OS ဟာ ဘယ္အဆင့္ထိေရာက္ရွိေနလဲဆိုတာ ေသခ်ာဂဃနဏ မသိရေသးေပမယ့္ မၾကာခင္ ထြက္ေပၚလာမယ္လို႔ သတင္းႀကီးေနခဲ့ပါၿပီ။


EUIPO (ဥေရာပသမဂၢ ဉာဏမူပိုင္ခြင့္ဆိုင္ရာ႐ုံး) မွာ OS သစ္အတြက္ ၿပီးခဲ့တဲ့ ေမလ ၂၄ ရက္ေန႔တုန္းက မွတ္ပုံတင္ခြင့္ေတာင္းဆိုထားတဲ့နာမည္ေတြက HUAWEI ARK OS, HUAWEI ARK, ARK နဲ႔ ARK OS ဆိုတဲ့ နာမည္ေတြ ျဖစ္ပါတယ္။ ဒါေပမယ့္ အခုသတင္းထြက္လာတဲ့နာမည္ကေတာ့ Oak OS ဆိုတဲ့ အမည္ျဖစ္ပါတယ္။

Global Times ကေဖာ္ျပတဲ့ သတင္းအရ Huawei ဟာ Android အစား တ႐ုတ္ႏိုင္ငံတြင္းမွာ HongMeng OS ကိုပဲ အသုံးျပဳမွာျဖစ္ၿပီး ျပည္ပမွာေတာ့ Oak OS အမည္နဲ႔ ေခၚတြင္သြားမွာျဖစ္ၿပီး လာမယ့္ ၾသဂုတ္၊ ဒါမွမဟုတ္ စက္တင္ဘာမွာ စတင္ထုတ္လႊတ္မယ္လို႔ သိရပါတယ္။ Huawei ရဲ႕ Consumer Business CEO Richard Yu ကလည္း ကုမၸဏီရဲ႕ OS သစ္ဟာ ထြက္ေပၚလာဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ အတည္ျပဳေျပာဆိုသြားပါတယ္။


အခုထြက္ေပၚလာတဲ့ သတင္းအရဆိုရင္ေတာ့ Huawei အေနနဲ႔ ကုမၸဏီရဲ႕ စမတ္ဖုန္းေတြအတြက္ OS ကို ျပည္တြင္းနဲ႔ ျပည္ပေဈးကြက္ႏွစ္မ်ိဳးအတြက္ ခြဲျခားဖို႔ ဆုံးျဖတ္လိုက္တယ္လို႔ ယူဆရပါတယ္။ ဒါေပမယ့္ Huawei ရဲ႕ OS သစ္နဲ႔ ပတ္သက္ၿပီး လုံၿခဳံစိတ္ခ်ရမႈ ရွိမရွိဆိုတဲ့ ေမးခြန္းကေတာ့ က်န္ရွိေနဆဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Huawei ဖုန္းေတြအေနနဲ႔ Security Update ေတြကို Google ကေန တိုက္႐ိုက္ ရယူႏိုင္ဖြယ္ မရွိဘူးလို႔လည္း သိရပါတယ္။

Ref: GSMArena

[Unicode]

OS သစ်ထွက်ပေါ်လာဖို့ အဆင်သင့်ဖြစ်နေကြောင်း Huawei အတည်ပြု

အမေရိကန်ရဲ့ ပိတ်ပင်မှုတွေစတင်ခဲ့ပြီးတဲ့နောက် Huawei ဟာ သူတို့ရဲ့ OS သစ်ကို Android နေရာမှာ အစားထိုး သုံးစွဲမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်လောက်ကတည်းက စတင်လုပ်ဆောင်နေခဲ့တယ်ဆိုတဲ့ ဒီ OS ဟာ ဘယ်အဆင့်ထိရောက်ရှိနေလဲဆိုတာ သေချာဂဃနဏ မသိရသေးပေမယ့် မကြာခင် ထွက်ပေါ်လာမယ်လို့ သတင်းကြီးနေခဲ့ပါပြီ။


EUIPO (ဥရောပသမဂ္ဂ ဉာဏမူပိုင်ခွင့်ဆိုင်ရာရုံး) မှာ OS သစ်အတွက် ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့တုန်းက မှတ်ပုံတင်ခွင့်တောင်းဆိုထားတဲ့နာမည်တွေက HUAWEI ARK OS, HUAWEI ARK, ARK နဲ့ ARK OS ဆိုတဲ့ နာမည်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် အခုသတင်းထွက်လာတဲ့နာမည်ကတော့ Oak OS ဆိုတဲ့ အမည်ဖြစ်ပါတယ်။

Global Times ကဖော်ပြတဲ့ သတင်းအရ Huawei ဟာ Android အစား တရုတ်နိုင်ငံတွင်းမှာ HongMeng OS ကိုပဲ အသုံးပြုမှာဖြစ်ပြီး ပြည်ပမှာတော့ Oak OS အမည်နဲ့ ခေါ်တွင်သွားမှာဖြစ်ပြီး လာမယ့် သြဂုတ်၊ ဒါမှမဟုတ် စက်တင်ဘာမှာ စတင်ထုတ်လွှတ်မယ်လို့ သိရပါတယ်။ Huawei ရဲ့ Consumer Business CEO Richard Yu ကလည်း ကုမ္ပဏီရဲ့ OS သစ်ဟာ ထွက်ပေါ်လာဖို့ အဆင်သင့်ဖြစ်နေပြီလို့ အတည်ပြုပြောဆိုသွားပါတယ်။


အခုထွက်ပေါ်လာတဲ့ သတင်းအရဆိုရင်တော့ Huawei အနေနဲ့ ကုမ္ပဏီရဲ့ စမတ်ဖုန်းတွေအတွက် OS ကို ပြည်တွင်းနဲ့ ပြည်ပဈေးကွက်နှစ်မျိုးအတွက် ခွဲခြားဖို့ ဆုံးဖြတ်လိုက်တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် Huawei ရဲ့ OS သစ်နဲ့ ပတ်သက်ပြီး လုံခြုံစိတ်ချရမှု ရှိမရှိဆိုတဲ့ မေးခွန်းကတော့ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် Huawei ဖုန်းတွေအနေနဲ့ Security Update တွေကို Google ကနေ တိုက်ရိုက် ရယူနိုင်ဖွယ် မရှိဘူးလို့လည်း သိရပါတယ်။

Ref: GSMArena