သတင်းများစွာ ပေါက်ကြားပြီးနောက်မှာ Huawei က ဇူလိုင်လ ၄ ရက်နေ့မှာ nova 10 Series ကို ကြေညာတော့မယ်လို့ အတည်ပြုထားပါတယ်။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ nova 10 နဲ့ nova 10 Pro တို့ကို JD.com မှာ ရောင်းချဖို့ စာရင်းတင်ထားပြီ ဖြစ်ပြီး တရားဝင် ဓါတ်ပုံတွေနဲ့ အရောင်တွေကို သိလာရပါပြီ။

Huawei nova 10 အတွက် Silver, Purple , Green နဲ့ Black အရောင်တွေထုတ်လုပ်ထားမှာ ဖြစ်ပြီး 128GB နဲ့ 256GB Storage တွေ ရွေးချယ်နိုင်မှာပါ။ nova 10 Pro အတွက်လည်း အဲဒီ အရောင်တွေနဲ့ Storage တွေ ထုတ်လုပ်ထားမှာပါ။ ဒီဇိုင်း အပိုင်းမှာ ဖုန်း ၂ လုံးစလုံးမှာ မျက်နှာပြင်ကွေးတွေ တပ်ဆင်ထားပြီး nova 10 မှာ 60MP Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံးနဲ့ 10 Pro မှာ 60MP Main , 8MP Portrait Punch Hole ဆဲလ်ဖီး ကင်မရာ ၂ လုံး ပါလာမှာပါ။

ပေါက်ကြားသတင်းတွေအရ nova 10 မှာ ၆.၆၇ လက်မ 120Hz OLED မျက်နှာပြင်နဲ့ Snapdragon 778G 4G Chipset ပါလာမှာပါ။ အနောက်ဘက်မှာ 50MP Main , 8MP Ultrawide နဲ့ Depth ကင်မရာ ၃ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး 66W Charging ထောက်ပံ့တဲ့ 4,000mAh ဘက်ထရီ ပါလာမှာပါ။

Nova 10 Pro မှာ ၆.၆၇ လက်မ 120Hz OLED မျက်နှာပြင်နဲ့ Snapdragon 778G 4G Chipset ထည့်ထားမှာဖြစ်ပြီး အနောက်ဘက်မှာ 50MP Main , 8MP Ultrawide နဲ့ Depth ကင်မရာ ၃ လုံး ပါလာမှာပါ။ Pro မှာ ပိုကြီးတဲ့ 4,500mAh ဘက်ထရီနဲ့ 100W Charging ထည့်ထားမှာပါ။

Ref : gsmarena