Huawei က Nova 10 Series ရဲ့ နောက်ဆုံးထုတ် Nova 10 SE ကို ကြေညာလိုက်ပါတယ်။ Huawei Nova 10 SE မှာ ၆.၆၇ လက်မ OLED မျက်နှာပြင် တပ်ဆင်ထားပြီး Full HD+ Resolution ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်ပြား ဖြစ်ပြီး 20:9 Aspect Ratio နဲ့ 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။

Huawei Nova 10 SE

ဆဲလ်ဖီး ကင်မရာအတွက် 16MP ထည့်သွင်းထားပြီး အနောက်ဘက်မှာ 108MP Main , 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ Android 12 OS မောင်းနှင်ထားပြီး Google Apps နဲ့ Services တွေ မပါလာပါဘူး။

Huawei Nova 10 SE မှာ မောင်းနှင်ထားတဲ့ Chipset ကို မသိရသေးပါဘူး။ အဲဒီအတွက် 5G ဆက်သွယ်မှု ပါလာမလားဆိုတာ မသိရသေးပါဘူး။ 8GB RAM နဲ့ 256GB Storage ထည့်သွင်းထားပြီး 66W Fast Charging ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီ ပါလာပါတယ်။

Huawei Nova 10 SE မှာ Dual SIM , WiFi, Bluetooth , GPS နဲ့ USB-C လို ဆက်သွယ်မှုတွေ ထည့်သွင်းထားပြီး အထူက ၇.၃၉ မီလီမီတာနဲ့ အလေးချိန်က ၁၈၄ ဂရမ် ရှိပါတယ်။

Ref : gizmochina