Huawei က Nova Series ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပြီး Huawei Nova 10 Youth Edition လို့ အမည်ပေးထားပါတယ်။ စွမ်းရည်သင့် ဖုန်း ဖြစ်ပြီး 4G Qualcomm Snapdragon Processor နဲ့ 66W Fast Charging ထည့်ထားပါတယ်။

Huawei Nova 10 Youth Edition ရဲ့ အနောက်ဘက်မှာ ဆေးတောင့်ပုံ ကင်မရာ Module တပ်ဆင်ထားပြီး မျက်နှာပြင်ပြားမှာ Punch Hole ထည့်သွင်းထားပါတယ်။ 6.78 Inches LCD 2388x1080p မျက်နှာပြင် ပါလာပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။

Qualcomm Snapdragon 680 4G SoC မောင်းနှင်ထားပြီး TSMC ရဲ့ 6nm Process နဲ့ တည်‌ဆောက်ထားကာ Adreno 610 GPU ပါပါတယ်။ အနောက်ဘက်မှာ 108MP HM2 Main , 8MP Ultrawide Angle , 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

Huawei Nova 10 Youth Edition မှာ 4,000mAh ဘက်ထရီနဲ့ 66W Wired Charging ပါလာပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားကာ နားကြပ်ပေါက်ပါပါတယ်။ HarmonyOS 2.0.1 မောင်းနှင်ထားပြီး Ice Crystal Blue နဲ့ Magic Night Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ ကုမ္ပဏီက ဖုန်း ဈေးနှုန်းကို မပြောသေးဘဲ တရုတ်မှာ Vmall ကနေ ရောင်းချမှာပါ။

Ref : gizmochina