[Zawgyi]

Huawei Nova 4 အေၾကာင္းကို MyTech မွာလည္းအေတာ္မ်ားမ်ားကို ေဖာ္ျပခဲ့ၿပီးပါၿပီ။ Hole in the Screen ျဖစ္တဲ့အေၾကာင္းကို Teaser Image ေတြနဲ႔ ေဖာ္ျပခဲ့တာျဖစ္ေပမယ့္ Nova 4 ရဲ႕ တကယ့္အစစ္အမွန္ပုံစံကိုေတာ့ မေဖာ္ျပႏိုင္ခဲ့ပါဘူး။ အခုေတာ့ Huawei Nova 4 ရဲ႕ ဓာတ္ပုံေတြက မီဒီယာေတြမွာ ပ်ံ႕ႏွံ႔ေနပါၿပီ။

ဒီဇင္ဘာလ ၁၇ ရက္ေန႔မွာ တရားဝင္ထုတ္ေဖာ္ မိတ္ဆက္မယ့္ Nova 4 ဟာ Huawei ရဲ႕ မဟာ ၿပိဳင္ဘက္ႀကီး Samsung ထက္ ပိုၿပီးေစာတာေၾကာင့္ စိတ္ဝင္စားမႈကို ပိုၿပီးရေနတာလည္း ျဖစ္ပါတယ္။ အခု ထြက္ေပၚလာတဲ့ ႐ုပ္ပုံေတြအရဆိုရင္ေတာ့ Nova 4 ကို တည္ေဆာက္ထားတဲ့ ဒီဇိုင္းဟာ Huawei P20 Pro နဲ႔ အေတာ္ေလးကို ဆင္တူတယ္လို႔ ဆိုရမွာပါ။

Nova 4 ရဲ႕ အေရွ႕ဘက္မ်က္ႏွာျပင္ကေတာ့ ျမင္ဖူးထားၾကတဲ့အတိုင္း အေျပာင္းအလဲမရွိခဲ့ပါဘူး။ မ်က္ႏွာျပင္ျပည့္၊ ေသသပ္က်ဥ္းေျမာင္းတဲ့ Bezels ေတြနဲ႔ ျဖစ္ပါတယ္။ အေပၚဘက္ ဘယ္ဘက္ေထာင့္မွာ အေပါက္ေလးနဲ႔ျဖစ္ၿပီး Selfie ကင္မရာနဲ႔ပါ။ Status Bar ကိုလည္း ဘယ္ဘက္က ကင္မရာေပါက္နဲ႔ လြတ္ေအာင္ ခ်ိန္ညႇိထားတာ ေတြ႕ရပါတယ္။ ေအာက္ဘက္ Chin ကိုလည္း ေသးငယ္ေအာင္ ျပဳလုပ္ထားတယ္လို႔ ဆိုရမွာပါ။

အခုထြက္ေပၚလာတဲ့ ဓါတ္ပုံမွာေတာ့ Novi 4 ရဲ႕ ေက်ာဘက္ကို ျမင္ေတြ႕ခဲ့ရပါၿပီ။ ေက်ာဘက္မွာ ကင္မရာသုံးလုံးေတြ႕ျမင္ရပါတယ္။ ဒါ့အျပင္ Fingerprint Scanner ကိုလည္း ေတြ႕ျမင္ရပါေသးတယ္။ ဒါေၾကာင့္ Nova 4 မွာ In-Display Fingerprint Reader မပါဘူးလို႔ ေျပာရေတာ့မွာပါ။ ႐ုပ္ပုံပဲ ေပါက္ၾကားလာေသးတာျဖစ္တဲ့အတြက္ ကင္မရာေတြရဲ႕ တည္ေဆာက္မႈနဲ႔ စြမ္းေဆာင္ရည္ေတြကိုေတာ့ သိခြင့္မရပါဘူး။

Huawei Novi 4 ဟာ Hole in the Screen အမ်ိဳးအစား စမတ္ဖုန္းေတြထဲမွာ ေဈးကြက္ထဲကို ပထမဦးဆုံး ေရာက္ရွိမွာျဖစ္ၿပီး သူ႔ေနာက္မွာေတာ့ ဒီဇင္ဘာ ၁၀ ရက္ေန႔မွာ မိတ္ဆက္မယ့္ Samsung ရဲ႕ Galaxy A8s ျဖစ္ပါလိမ့္မယ္။ Lenovo ကလည္း Z5s ကို ဒီဇင္ဘာလ ၆ ရက္ေန႔မွာ မိတ္ဆက္မယ္လို႔ သိရပါတယ္။

Ref: GSMarena

 

[Unicode]

Huawei Nova 4 အကြောင်းကို MyTech မှာလည်းအတော်များများကို ဖော်ပြခဲ့ပြီးပါပြီ။ Hole in the Screen ဖြစ်တဲ့အကြောင်းကို Teaser Image တွေနဲ့ ဖော်ပြခဲ့တာဖြစ်ပေမယ့် Nova 4 ရဲ့ တကယ့်အစစ်အမှန်ပုံစံကိုတော့ မဖော်ပြနိုင်ခဲ့ပါဘူး။ အခုတော့ Huawei Nova 4 ရဲ့ ဓာတ်ပုံတွေက မီဒီယာတွေမှာ ပျံ့နှံ့နေပါပြီ။

ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ တရားဝင်ထုတ်ဖော် မိတ်ဆက်မယ့် Nova 4 ဟာ Huawei ရဲ့ မဟာ ပြိုင်ဘက်ကြီး Samsung ထက် ပိုပြီးစောတာကြောင့် စိတ်ဝင်စားမှုကို ပိုပြီးရနေတာလည်း ဖြစ်ပါတယ်။ အခု ထွက်ပေါ်လာတဲ့ ရုပ်ပုံတွေအရဆိုရင်တော့ Nova 4 ကို တည်ဆောက်ထားတဲ့ ဒီဇိုင်းဟာ Huawei P20 Pro နဲ့ အတော်လေးကို ဆင်တူတယ်လို့ ဆိုရမှာပါ။

Nova 4 ရဲ့ အရှေ့ဘက်မျက်နှာပြင်ကတော့ မြင်ဖူးထားကြတဲ့အတိုင်း အပြောင်းအလဲမရှိခဲ့ပါဘူး။ မျက်နှာပြင်ပြည့်၊ သေသပ်ကျဉ်းမြောင်းတဲ့ Bezels တွေနဲ့ ဖြစ်ပါတယ်။ အပေါ်ဘက် ဘယ်ဘက်ထောင့်မှာ အပေါက်လေးနဲ့ဖြစ်ပြီး Selfie ကင်မရာနဲ့ပါ။ Status bar ကိုလည်း ဘယ်ဘက်က ကင်မရာပေါက်နဲ့ လွတ်အောင် ချိန်ညှိထားတာ တွေ့ရပါတယ်။ အောက်ဘက် Chin ကိုလည်း သေးငယ်အောင် ပြုလုပ်ထားတယ်လို့ ဆိုရမှာပါ။

အခုထွက်ပေါ်လာတဲ့ ဓါတ်ပုံမှာတော့ Novi 4 ရဲ့ ကျောဘက်ကို မြင်တွေ့ခဲ့ရပါပြီ။ ကျောဘက်မှာ ကင်မရာသုံးလုံးတွေ့မြင်ရပါတယ်။ ဒါ့အပြင် Fingerprint Scanner ကိုလည်း တွေ့မြင်ရပါသေးတယ်။ ဒါကြောင့် Nova 4 မှာ In-display Fingerprint reader မပါဘူးလို့ ပြောရတော့မှာပါ။ ရုပ်ပုံပဲ ပေါက်ကြားလာသေးတာဖြစ်တဲ့အတွက် ကင်မရာတွေရဲ့ တည်ဆောက်မှုနဲ့ စွမ်းဆောင်ရည်တွေကိုတော့ သိခွင့်မရပါဘူး။

Huawei Novi 4 ဟာ Hole in the Screen အမျိုးအစား စမတ်ဖုန်းတွေထဲမှာ ဈေးကွက်ထဲကို ပထမဦးဆုံး ရောက်ရှိမှာဖြစ်ပြီး သူ့နောက်မှာတော့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ မိတ်ဆက်မယ့် Samsung ရဲ့ Galaxy A8s ဖြစ်ပါလိမ့်မယ်။ Lenovo ကလည်း Z5s ကို ဒီဇင်ဘာလ ၆ ရက်နေ့မှာ မိတ်ဆက်မယ်လို့ သိရပါတယ်။

Ref: GSMarena