[Zawgyi]

လြန္ခဲ့တဲ့ ၄ ရက္တုန္းက Huawei ရဲ႕ Hole in the Screen Teaser Image အေၾကာင္း My Tech မွာ ေဖာ္ျပခဲ့ပါသးတယ္။ အဲဒီတုန္းကေတာ့ Huawei ရဲ႕ ဖုန္းအသစ္ဟာ မ်က္ႏွာျပင္တြင္းမွာ အေပါက္ပါၿပီး Samsung ရဲ႕ Infinity-O နဲ႔ဆင္တယ္လို႔ပဲ ေျပာႏိုင္ခဲ့ၿပီး ဘယ္ Model အေနနဲ႔ ထြက္လာမယ္ဆိုတာကို မေျပာႏိုင္ခဲ့ပါဘူး။

အခုေတာ့ Huawei ဟာ Nova 4 ကို In-Screen Selfie Camera နဲ႔အတူ ထုတ္လုပ္လိုက္တာျဖစ္ၿပီး လာမယ့္ ဒီဇင္ဘာလ ၁၇ ရက္ေန႔မွာ မိတ္ဆက္သြားမယ္လို႔ သိရွိလိုက္ရၿပီ ျဖစ္ပါတယ္။ ပထမတစ္ေခါက္ ထြက္ေပၚလာခဲ့တဲ့ Teaser မွာပဲ Huawei ရဲ႕ ဖုန္းအမ်ိဳးအစားနဲ႔ မိတ္ဆက္မယ့္ရက္ကို ထည့္သြင္းေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

Huawei က အသစ္ထုတ္လိုက္တဲ့ Teaser မွာ ႐ုပ္ပုံအေဟာင္းတုန္းက ထည့္သြင္းထားခဲ့တဲ့ ဘယ္ဘက္အေပၚေထာင့္က အလင္းစက္ေနရာမွာ ကင္မရာပုံကို အစားထိုးထားတာ ေတြ႕ျမင္ရပါတယ္။ ဒါ့အျပင္ Nova 4 အမည္နဲ႔အတူ မိတ္ဆက္မယ့္ ရက္အျဖစ္ 12.17 လို႔ပါ ထည့္သြင္းေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

Nova 4 ရဲ႕ ပုံစံကေတာ့ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလကုန္ေလာက္ကတည္းက အႀကိဳထုတ္လုပ္မႈ ပုံစံအျဖစ္ ေပၚေပါက္လာခဲ့ၿပီးသား ျဖစ္ပါတယ္။ ဝန္ထမ္းတစ္ဦးက ကနဦးအစမ္းသုံးဖုန္းကို ရထားေပၚမွာ သုံးေနတာျဖစ္ၿပီး ဒီပုံက မီဒီယာေပၚမွာ ေပၚေပါက္လာခဲ့တာပါ။ Nova 3 ကို Kirin 970 chipset နဲ႔ ထုတ္ခဲ့ၿပီး Nova 2s ကေတာ့ Kirin 960 နဲ႔ ျဖစ္ပါတယ္။ ဒါေၾကာင့္ အခုထြက္လာမယ့္ Nova 4 ကိုေတာ့ Kirin 980 ေလာက္နဲ႔ ထုတ္လုပ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

 

Ref: GSMarena

 

[Unicode]

လွန်ခဲ့တဲ့ ၄ ရက်တုန်းက Huawei ရဲ့ Hole in the Screen Teaser Image အကြောင်း My Tech မှာ ဖော်ပြခဲ့ပါသးတယ်။ အဲဒီတုန်းကတော့ Huawei ရဲ့ ဖုန်းအသစ်ဟာ မျက်နှာပြင်တွင်းမှာ အပေါက်ပါပြီး Samsung ရဲ့ Infinity-O နဲ့ဆင်တယ်လို့ပဲ ပြောနိုင်ခဲ့ပြီး ဘယ် Model အနေနဲ့ ထွက်လာမယ်ဆိုတာကို မပြောနိုင်ခဲ့ပါဘူး။

အခုတော့ Huawei ဟာ Nova 4 ကို In-Screen Selfie Camera နဲ့အတူ ထုတ်လုပ်လိုက်တာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ သိရှိလိုက်ရပြီ ဖြစ်ပါတယ်။ ပထမတစ်ခေါက် ထွက်ပေါ်လာခဲ့တဲ့ Teaser မှာပဲ Huawei ရဲ့ ဖုန်းအမျိုးအစားနဲ့ မိတ်ဆက်မယ့်ရက်ကို ထည့်သွင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Huawei က အသစ်ထုတ်လိုက်တဲ့ Teaser မှာ ရုပ်ပုံအဟောင်းတုန်းက ထည့်သွင်းထားခဲ့တဲ့ ဘယ်ဘက်အပေါ်ထောင့်က အလင်းစက်နေရာမှာ ကင်မရာပုံကို အစားထိုးထားတာ တွေ့မြင်ရပါတယ်။ ဒါ့အပြင် Nova 4 အမည်နဲ့အတူ မိတ်ဆက်မယ့် ရက်အဖြစ် 12.17 လို့ပါ ထည့်သွင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Nova 4 ရဲ့ ပုံစံကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်လောက်ကတည်းက အကြိုထုတ်လုပ်မှု ပုံစံအဖြစ် ပေါ်ပေါက်လာခဲ့ပြီးသား ဖြစ်ပါတယ်။ ဝန်ထမ်းတစ်ဦးက ကနဦးအစမ်းသုံးဖုန်းကို ရထားပေါ်မှာ သုံးနေတာဖြစ်ပြီး ဒီပုံက မီဒီယာပေါ်မှာ ပေါ်ပေါက်လာခဲ့တာပါ။ Nova 3 ကို Kirin 970 chipset နဲ့ ထုတ်ခဲ့ပြီး Nova 2s ကတော့ Kirin 960 နဲ့ ဖြစ်ပါတယ်။ ဒါကြောင့် အခုထွက်လာမယ့် Nova 4 ကိုတော့ Kirin 980 လောက်နဲ့ ထုတ်လုပ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

 

Ref: GSMarena