Zawgyi

Huawei ဟာ သူတုိ႔ရဲ႕ Nova 5 စီးရီး စမတ္ဖုန္းေတြကို လာမယ့္ေသာၾကာေန႔မွာ မိတ္ဆက္သြားမွာျဖစ္ၿပီး စမတ္ဖုန္းေတြသာမက Tablet တစ္လုံးကိုပါ ေတြ႕ရဖို႔ရွိေနပါတယ္။ အဲဒီထဲက ဟန္းဆက္ႏွစ္ခုကေတာ့ Nova 5 Pro နဲ႔ Nova 5 တုိ႔ျဖစ္ၿပီး သူတုိ႔ရဲ႕ Specs ေတြဟာ အြန္လိုင္းမွာေပါက္ၾကားလာခဲ့ပါတယ္။ Nova 5 Pro ရဲ႕ အျပင္မွာကုိင္တြယ္ျပသထားတဲ့ Hands-on ပုံေတြနဲ႔ Nova 5 ရဲ႕ AnTuTu မွာစစ္ေဆးခဲ့တဲ့ Specs ေတြ အသီးသီး ထြက္ေပၚလာခဲ့ကာ သတင္းထြက္ထားတာေတြနဲ႔လည္း ကိုက္ညီေနပါတယ္။

Huawei Nova 5 Pro ဟာ ေရွ႕ဘက္မွာ Waterdrop Notch တစ္ခုနဲ႔အတူ ေနာက္ဘက္မွာေတာ့ ကင္မရာေလးလုံး ပါဝင္တာကိုျမင္ေတြ႕ရမွာျဖစ္ၿပီး Nova 5 နဲ႔ Nova 5i တုိ႔နဲ႔မတူတာက Fingerprint ဟာ OLED Display ရဲ႕ေအာက္မွာ ပါဝင္လာတာပါ။

Hands-on ဓါတ္ပုံမွာေတြ႕ရတဲ့အတုိင္းဆုိရင္ သူ႕မွာ Huawei SuperCharge 40W အားအျမန္သြင္း Charger တစ္ခုပါဝင္လာမွာျဖစ္ၿပီး အနည္းဆုံး လွပတဲ့အေရာင္ေျပးႏွစ္မ်ဳိးနဲ႔ ထြက္လာမွာပါ။ သူ႕ရဲ႕အေရာင္ေတြကေတာ့ Honor 20 Pro ရဲ႕ ခရမ္းေရာင္ဘက္ကိုသြားတဲ့ Phantom Blue နဲ႔ အစိမ္းေရာင္လုတဲ့ Phantom Black တုိ႔ကို အမွတ္ရေစပါတယ္။

AnTuTu စာရင္းေပၚထြက္လာတဲ့ Huawei Nova 5 မွာေတာ့ အထင္ႀကီးေလာက္စရာ ရမွတ္ 315,816 ပုိင္ဆုိင္ထားၿပီး ဖုန္းေတာ္ေတာ္မ်ားမ်ားဟာ ရလဒ္ 300,000 မေက်ာ္ၾကပါဘူး။ မတ္လတုန္းက Huawei P30 Pro တုန္းကလည္း ရမွတ္ 316,000 အထက္ပုိင္ဆုိင္ခဲ့ၿပီး သူ႕မွာ Kirin 980 ခ်စ္ပ္ဆက္ အသုံးျပဳထားခဲ့တာပါ။

အျခား Specs ေတြကေတာ့ FullHD+ Display နဲ႔ 8 / 256 GB မန္မုိရီပမာဏတုိ႔ ျဖစ္ပါတယ္။ မၾကာေသးခင္က Huawei ရဲ႕ေျပာၾကားခ်က္အရ Nova 5 ဖုန္းမွာလည္း 40W Charger နဲ႔အတူ 32MP Selfie ကင္မရာတုိ႔ ပါဝင္မယ္လို႔ သိရပါတယ္။

Ref – GSM Arena

Unicode

Huawei ဟာ သူတို့ရဲ့ Nova 5 စီးရီး စမတ်ဖုန်းတွေကို လာမယ့်သောကြာနေ့မှာ မိတ်ဆက်သွားမှာဖြစ်ပြီး စမတ်ဖုန်းတွေသာမက Tablet တစ်လုံးကိုပါ တွေ့ရဖို့ရှိနေပါတယ်။ အဲဒီထဲက ဟန်းဆက်နှစ်ခုကတော့ Nova 5 Pro နဲ့ Nova 5 တို့ဖြစ်ပြီး သူတို့ရဲ့ Specs တွေဟာ အွန်လိုင်းမှာပေါက်ကြားလာခဲ့ပါတယ်။ Nova 5 Pro ရဲ့ အပြင်မှာကိုင်တွယ်ပြသထားတဲ့ Hands-on ပုံတွေနဲ့ Nova 5 ရဲ့ AnTuTu မှာစစ်ဆေးခဲ့တဲ့ Specs တွေ အသီးသီး ထွက်ပေါ်လာခဲ့ကာ သတင်းထွက်ထားတာတွေနဲ့လည်း ကိုက်ညီနေပါတယ်။

Huawei Nova 5 Pro ဟာ ရှေ့ဘက်မှာ Waterdrop Notch တစ်ခုနဲ့အတူ နောက်ဘက်မှာတော့ ကင်မရာလေးလုံး ပါဝင်တာကိုမြင်တွေ့ရမှာဖြစ်ပြီး Nova 5 နဲ့ Nova 5i တို့နဲ့မတူတာက Fingerprint ဟာ OLED Display ရဲ့အောက်မှာ ပါဝင်လာတာပါ။

Hands-on ဓါတ်ပုံမှာတွေ့ရတဲ့အတိုင်းဆိုရင် သူ့မှာ Huawei SuperCharge 40W အားအမြန်သွင်း Charger တစ်ခုပါဝင်လာမှာဖြစ်ပြီး အနည်းဆုံး လှပတဲ့အရောင်ပြေးနှစ်မျိုးနဲ့ ထွက်လာမှာပါ။ သူ့ရဲ့အရောင်တွေကတော့ Honor 20 Pro ရဲ့ ခရမ်းရောင်ဘက်ကိုသွားတဲ့ Phantom Blue နဲ့ အစိမ်းရောင်လုတဲ့ Phantom Black တို့ကို အမှတ်ရစေပါတယ်။

AnTuTu စာရင်းပေါ်ထွက်လာတဲ့ Huawei Nova 5 မှာတော့ အထင်ကြီးလောက်စရာ ရမှတ် 315,816 ပိုင်ဆိုင်ထားပြီး ဖုန်းတော်တော်များများဟာ ရလဒ် 300,000 မကျော်ကြပါဘူး။ မတ်လတုန်းက Huawei P30 Pro တုန်းကလည်း ရမှတ် 316,000 အထက်ပိုင်ဆိုင်ခဲ့ပြီး သူ့မှာ Kirin 980 ချစ်ပ်ဆက် အသုံးပြုထားခဲ့တာပါ။

အခြား Specs တွေကတော့ FullHD+ Display နဲ့ 8 / 256 GB မန်မိုရီပမာဏတို့ ဖြစ်ပါတယ်။ မကြာသေးခင်က Huawei ရဲ့ပြောကြားချက်အရ Nova 5 ဖုန်းမှာလည်း 40W Charger နဲ့အတူ 32MP Selfie ကင်မရာတို့ ပါဝင်မယ်လို့ သိရပါတယ်။

Ref – GSM Arena