Zawgyi

Huawei က အခုအခ်ိန္မွာ ပထမဆံုးေသာ 7nm Processor ၂ မ်ိဳးကို ထုတ္လုပ္ႏုိင္တဲ့ ကုမၸဏီတစ္ခုျဖစ္လာေတာ့မွာပါ။ ဘာေၾကာင့္လည္းဆုိရင္ Huawei ရဲ႕ Smartphone Division အၾကီးအကဲျဖစ္တဲ့ He Gang ကေန Weibo Account မွာ 7nm Processor အသစ္ကို မိတ္ဆက္သြားေတာ့မယ္လုိ႔ ေၾကညာလုိက္တာေၾကာင့္ျဖစ္ပါတယ္။

အခု 7nm Processor အသစ္ကေတာ့ Kirin 810 ျဖစ္လာမွာျဖစ္ျပီးေတာ့ လက္ရွိ Huawei ရဲ႕ Mid Range ဖုန္းေတြေတာ္ေတာ္မ်ားမ်ားမွာ အသံုးျပဳေနတဲ့ Kirin 710 ေနရာကို အစားထုိးဝင္ေရာက္လာမွာျဖစ္ပါတယ္။ စြမ္းေဆာင္ရည္ပိုင္းအေနနဲ႔ကေတာ့ အတိအက်မသိရွိရေသးေပမယ့္ Qualcomm Snapdragon 730 ကို ယွဥ္ႏုိင္မယ္လုိ႔ ယူဆရပါတယ္။

Huawei ကေန အခု Kirin 810 Processor အသစ္ကို မၾကာခင္မိတ္ဆက္လာေတာ့မယ့္ Huawei Nova 5 စမတ္ဖုန္းမွာ ပထမဆံုးအေနနဲ႔ အသံုးျပဳလာမွာလည္းျဖစ္ပါတယ္။ အခု Kirin 810 Processor ဟာ Octa-Core Processor အမ်ိဳးအစားျဖစ္လာမွာျဖစ္ျပီးေတာ့ ARM Cortex-A76 Custom Large Core နဲ႔ Mali-G52 GPU ေတြပါဝင္မယ္လုိ႔ ယူဆရပါတယ္။

Huawei Nova 5 ဖုန္းကလည္း လက္ရွိ သတင္းေတြထြက္ထားသေလာက္ 6.39″ AMOLED FullHD+ Display ကိုမွ 32MP Punch-hole Display Selfie Camera ထည့္သြင္းထားမွာျဖစ္ျပီးေတာ့ Under Display Fingerprint Sensor ပါ ပါဝင္ေနဦးမွာပါ။ Camera ပိုင္းကိုၾကည့္မယ္ဆုိရင္လည္း 48MP Primary Camera ပါဝင္တဲ့ Quad Camera Setup ကို အသံုးျပဳထားျပီးေတာ့ 4200mAh Battery ကိုမွ 40W Fast Charging ပါဝင္လာဦးမွာပါ။

Huawei ကေန လာမယ့္ ဇြန္လ ၂၁ ရက္ေန႔မွာ ဒီ Huawei Nova 5 ဖုန္းအျပင္ Nova 5i ၊ Nova 5 Pro ဖုန္းေတြကိုပါ မိတ္ဆက္ေပးသြားေတာ့မွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

Huawei က အခုအချိန်မှာ ပထမဆုံးသော 7nm Processor ၂ မျိုးကို ထုတ်လုပ်နိုင်တဲ့ ကုမ္ပဏီတစ်ခုဖြစ်လာတော့မှာပါ။ ဘာကြောင့်လည်းဆိုရင် Huawei ရဲ့ Smartphone Division အကြီးအကဲဖြစ်တဲ့ He Gang ကနေ Weibo Account မှာ 7nm Processor အသစ်ကို မိတ်ဆက်သွားတော့မယ်လို့ ကြေညာလိုက်တာကြောင့်ဖြစ်ပါတယ်။

အခု 7nm Processor အသစ်ကတော့ Kirin 810 ဖြစ်လာမှာဖြစ်ပြီးတော့ လက်ရှိ Huawei ရဲ့ Mid Range ဖုန်းတွေတော်တော်များများမှာ အသုံးပြုနေတဲ့ Kirin 710 နေရာကို အစားထိုးဝင်ရောက်လာမှာဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းအနေနဲ့ကတော့ အတိအကျမသိရှိရသေးပေမယ့် Qualcomm Snapdragon 730 ကို ယှဉ်နိုင်မယ်လို့ ယူဆရပါတယ်။

Huawei ကနေ အခု Kirin 810 Processor အသစ်ကို မကြာခင်မိတ်ဆက်လာတော့မယ့် Huawei Nova 5 စမတ်ဖုန်းမှာ ပထမဆုံးအနေနဲ့ အသုံးပြုလာမှာလည်းဖြစ်ပါတယ်။ အခု Kirin 810 Processor ဟာ Octa-Core Processor အမျိုးအစားဖြစ်လာမှာဖြစ်ပြီးတော့ ARM Cortex-A76 Custom Large Core နဲ့ Mali-G52 GPU တွေပါဝင်မယ်လို့ ယူဆရပါတယ်။

Huawei Nova 5 ဖုန်းကလည်း လက်ရှိ သတင်းတွေထွက်ထားသလောက် 6.39″ AMOLED FullHD+ Display ကိုမှ 32MP Punch-hole Display Selfie Camera ထည့်သွင်းထားမှာဖြစ်ပြီးတော့ Under Display Fingerprint Sensor ပါ ပါဝင်နေဦးမှာပါ။ Camera ပိုင်းကိုကြည့်မယ်ဆိုရင်လည်း 48MP Primary Camera ပါဝင်တဲ့ Quad Camera Setup ကို အသုံးပြုထားပြီးတော့ 4200mAh Battery ကိုမှ 40W Fast Charging ပါဝင်လာဦးမှာပါ။

Huawei ကနေ လာမယ့် ဇွန်လ ၂၁ ရက်နေ့မှာ ဒီ Huawei Nova 5 ဖုန်းအပြင် Nova 5i ၊ Nova 5 Pro ဖုန်းတွေကိုပါ မိတ်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။

Ref – GSM Arena