Zawgyi

Huawei ရဲ႕ Nova 5i ဖုန္းဟာ Punch-hole Display နဲ႔အတူ အားေကာင္းတဲ့ Midrange တန္း စိန္ေခၚသူ တစ္ေယာက္အျဖစ္ ထြက္ေပၚလာဖို႔ အားယူေနပါၿပီ။ သူ႕မွာ ေစ်းသက္သာတဲ့ ဟန္းဆက္ဗားရွင္းကိုမွ ေက်ာဘက္ကင္မရာေလးလုံးနဲ႔ အားထားေလာက္စရာ ဘကၳရီသက္တမ္းေတြ ယူေဆာင္လာေပးမွာျဖစ္ပါတယ္။

ယေန႔မွာေတာ့ တရုတ္ျပည္တြင္းမွတ္ပုံတင္ဌာနဝက္ဆုိက္ျဖစ္တဲ့ TENAA ေပၚမွာ Nova 5i ဖုန္းရဲ႕ အဓိက Specs ေတြေပၚထြက္လာသလို ေရွ႕မွာသတင္းထြက္ထားတဲ့ အစိတ္အပုိင္းေတြကိုလည္း ထပ္မံ အတည္ျပဳခဲ့ပါတယ္။

Nova 5i မွာေတာ့ 6.4” လက္မအရြယ္ FHD+ IPS Display နဲ႔အတူ Screen ရဲ႕ဘယ္အေပၚေထာင့္မွာ 24MP Selfie ကင္မရာထည့္ထားတဲ့ Punch-hole ေလးပါဝင္တယ္။ ခ်စ္ပ္ဆက္က Kirin 710 ျဖစ္ၿပီး 6GB သို႔မဟုတ္ 8GB RAM တစ္ခုခုနဲ႔ တြဲဖက္လာကာ 128GB Storage ကိုေတာ့ ထပ္ခ်ဲ႕လို႔မရႏုိင္ပါဘူး။

မၾကာခင္ထြက္လာမယ့္ဒီဖုန္းရဲ႕ အားသာခ်က္တစ္ခုက ေနာက္ဘက္မွာ ပါဝင္တဲ့ Quad-camera Setup ျဖစ္ၿပီး 24MP အဓိက ကင္မရာ၊ 8MP ဒုတိယကင္မရာ၊ 2MP Depth Sensor အျပင္ TOF ကင္မရာတစ္ခုတုိ႔ ပါဝင္မွာပါ။ Fingerprint ကိုလည္း ေနာက္ဘက္မွာပဲ ထည့္သြင္းလာမွာျဖစ္တယ္။

Nova 5i မွာ 3,900 mAh ဘကၳရီႀကီးပါဝင္ရုံမက ဘကၳရီသက္တမ္းကို ခ်ဲ႕ထြင္ေပးႏုိင္မယ့္ CPU နဲ႔ပါ တြဲဖက္လာပါတယ္။ ဒီဖုန္းမွာ Android 9 Pie ကိုအေျခခံထားတဲ့ EMUI 9 ကုိပဲ သုံးစြဲႏုိင္ဦးမွာပါ။ Huawei ရဲ႕ Mid-range ဖုန္းအသစ္ဟာ အနည္းဆုံး ကာလာသုံးမ်ဳိးနဲ႔ ဇြန္လကုန္ေလာက္မွာ ထြက္လာမွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

Huawei ရဲ့ Nova 5i ဖုန်းဟာ Punch-hole Display နဲ့အတူ အားကောင်းတဲ့ Midrange တန်း စိန်ခေါ်သူ တစ်ယောက်အဖြစ် ထွက်ပေါ်လာဖို့ အားယူနေပါပြီ။ သူ့မှာ ဈေးသက်သာတဲ့ ဟန်းဆက်ဗားရှင်းကိုမှ ကျောဘက်ကင်မရာလေးလုံးနဲ့ အားထားလောက်စရာ ဘက္ထရီသက်တမ်းတွေ ယူဆောင်လာပေးမှာဖြစ်ပါတယ်။

ယနေ့မှာတော့ တရုတ်ပြည်တွင်းမှတ်ပုံတင်ဌာနဝက်ဆိုက်ဖြစ်တဲ့ TENAA ပေါ်မှာ Nova 5i ဖုန်းရဲ့ အဓိက Specs တွေပေါ်ထွက်လာသလို ရှေ့မှာသတင်းထွက်ထားတဲ့ အစိတ်အပိုင်းတွေကိုလည်း ထပ်မံ အတည်ပြုခဲ့ပါတယ်။

Nova 5i မှာတော့ 6.4” လက်မအရွယ် FHD+ IPS Display နဲ့အတူ Screen ရဲ့ဘယ်အပေါ်ထောင့်မှာ 24MP Selfie ကင်မရာထည့်ထားတဲ့ Punch-hole လေးပါဝင်တယ်။ ချစ်ပ်ဆက်က Kirin 710 ဖြစ်ပြီး 6GB သို့မဟုတ် 8GB RAM တစ်ခုခုနဲ့ တွဲဖက်လာကာ 128GB Storage ကိုတော့ ထပ်ချဲ့လို့မရနိုင်ပါဘူး။

မကြာခင်ထွက်လာမယ့်ဒီဖုန်းရဲ့ အားသာချက်တစ်ခုက နောက်ဘက်မှာ ပါဝင်တဲ့ Quad-camera Setup ဖြစ်ပြီး 24MP အဓိက ကင်မရာ၊ 8MP ဒုတိယကင်မရာ၊ 2MP Depth Sensor အပြင် TOF ကင်မရာတစ်ခုတို့ ပါဝင်မှာပါ။ Fingerprint ကိုလည်း နောက်ဘက်မှာပဲ ထည့်သွင်းလာမှာဖြစ်တယ်။

Nova 5i မှာ 3,900 mAh ဘက္ထရီကြီးပါဝင်ရုံမက ဘက္ထရီသက်တမ်းကို ချဲ့ထွင်ပေးနိုင်မယ့် CPU နဲ့ပါ တွဲဖက်လာပါတယ်။ ဒီဖုန်းမှာ Android 9 Pie ကိုအခြေခံထားတဲ့ EMUI 9 ကိုပဲ သုံးစွဲနိုင်ဦးမှာပါ။ Huawei ရဲ့ Mid-range ဖုန်းအသစ်ဟာ အနည်းဆုံး ကာလာသုံးမျိုးနဲ့ ဇွန်လကုန်လောက်မှာ ထွက်လာမှာဖြစ်ပါတယ်။

Ref – GSM Arena