Zawgyi

တရုတ္အေျခစိုက္ စမတ္ဖုန္းထုတ္လုပ္ေရးကုမၸဏီ Huawei ဟာ ထုတ္ကုန္မိတ္ဆက္ပြဲတစ္ခုကို လာမယ့္ေသာၾကာေန႔ ၾသဂုတ္လ ၂၆ ရက္မွာ ျပဳလုပ္သြားမွာျဖစ္ကာ Mate 20 X (5G) ဟန္းဆက္အသစ္ကို ပြဲထုတ္လာမွာျဖစ္ပါတယ္။

ယေန႔မွာေတာ့ သူတုိ႔ကုမၸဏီရဲ႕ Weibo အေကာင့္ေန အဆုိပါေန႔မွာမိတ္ဆက္မယ့္ ေနာက္ထပ္ စမတ္ဖုန္းတစ္ခုကို အတည္ျပဳလုိက္ပါတယ္။ 5G ဟန္းဆက္နဲ႔အတူ စင္ျမင့္ေပၚကိုေရာက္လာမယ့္ ဖုန္းက Huawei Nova 5i Pro ပါပဲ။

Nova 5i Pro ရဲ႕ေနာက္ဘက္မွာ ကင္မရာေလးလုံးတြဲပါဝင္မွာျဖစ္ၿပီး 48MP အဓိက ကင္မရာတစ္ခုကိုသာ သိရေသးကာ က်န္တဲ့သုံးခုက Telephoto, Wide-angle နဲ႔ Depth Sensor အသီးသီးျဖစ္ႏုိင္ပါတယ္။ ေရွ႕ဘက္မွာ Punch-hole ဒီဇုိင္းကို အသုံးျပဳလာမယ့္ ဆယ္ဖီကင္မရာကေတာ့ 32MP ျဖစ္ပါတယ္။

ဒီဖုန္းကို တရုတ္ေစ်းကြက္ရဲ႕ျပင္ပမွာ Mate 30 Lite အျဖစ္ မိတ္ဆက္လာမယ္လို႔ သတင္းထြက္ေနၿပီး Kirin 810 ခ်စ္ပ္ဆက္ကို အသုံးျပဳလာမွာပါ။ TENAA ေပၚမွာ ျမင္ခဲ့ရတဲ့ အခ်က္အလက္အရဆုိရင္ ဒီဖုန္းမွာ 6.26” လက္မအရြယ္ LCD Display တစ္ခုပါဝင္မွာျဖစ္ၿပီး 6 / 8 GB RAM မန္မုိရီနဲ႔ 128 / 256 GB Storage တုိ႔ကို ေရြးခ်ယ္ႏုိင္မွာပါ။

ဘကၳရီကေတာ့ အနည္းဆုံး 3,900 mAh ပါဝင္မွာျဖစ္ကာ စက္ႏွင္စနစ္ကို EMUI 9.1 ျဖင့္ ပြဲထြက္လာႏုိင္ပါတယ္။ က်န္တဲ့ အဓိကအခ်က္အလက္ေတြကိုေတာ့ ေသာၾကာေန႔ မိတ္ဆက္တဲ့အခါမွာ အတိအက်ျမင္ေတြ႕ရေတာ့မွာပါ။

Ref – GSM Arena

Unicode

တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်ရေးကုမ္ပဏီ Huawei ဟာ ထုတ်ကုန်မိတ်ဆက်ပွဲတစ်ခုကို လာမယ့်သောကြာနေ့ သြဂုတ်လ ၂၆ ရက်မှာ ပြုလုပ်သွားမှာဖြစ်ကာ Mate 20 X (5G) ဟန်းဆက်အသစ်ကို ပွဲထုတ်လာမှာဖြစ်ပါတယ်။

ယနေ့မှာတော့ သူတို့ကုမ္ပဏီရဲ့ Weibo အကောင့်နေ အဆိုပါနေ့မှာမိတ်ဆက်မယ့် နောက်ထပ် စမတ်ဖုန်းတစ်ခုကို အတည်ပြုလိုက်ပြီး 5G ဟန်းဆက်နဲ့အတူ စင်မြင့်ပေါ်ကိုရောက်လာမယ့် ဖုန်းက Huawei Nova 5i Pro ပါပဲ။

Nova 5i Pro ရဲ့နောက်ဘက်မှာ ကင်မရာလေးလုံးတွဲပါဝင်မှာဖြစ်ပြီး 48MP အဓိက ကင်မရာတစ်ခုကိုသာ သိရသေးကာ ကျန်တဲ့သုံးခုက Telephoto, Wide-angle နဲ့ Depth Sensor အသီးသီးဖြစ်နိုင်ပါတယ်။ ရှေ့ဘက်မှာ Pinch-hole ဒီဇိုင်းကို အသုံးပြုလာမယ့် ဆယ်ဖီကင်မရာကတော့ 32MP ဖြစ်ပါတယ်။

ဒီဖုန်းကို တရုတ်ဈေးကွက်ရဲ့ပြင်ပမှာ Mate 30 Lite အဖြစ် မိတ်ဆက်လာမယ်လို့ သတင်းထွက်နေပြီး Kirin 810 ချစ်ပ်ဆက်ကို အသုံးပြုလာမှာပါ။ TENAA ပေါ်မှာ မြင်ခဲ့ရတဲ့ အချက်အလက်အရဆိုရင် ဒီဖုန်းမှာ 6.26” လက်မအရွယ် LCD Display တစ်ခုပါဝင်မှာဖြစ်ပြီး 6 / 8 GB RAM မန်မိုရီနဲ့ 128 / 256 GB Storage တို့ကို ရွေးချယ်နိုင်မှာပါ။

ဘက္ထရီကတော့ အနည်းဆုံး 3,900 mAh ပါဝင်မှာဖြစ်ကာ စက်နှင်စနစ်ကို EMUI 9.1 ဖြင့် ပွဲထွက်လာနိုင်ပါတယ်။ ကျန်တဲ့ အဓိကအချက်အလက်တွေကိုတော့ သောကြာနေ့ မိတ်ဆက်တဲ့အခါမှာ အတိအကျမြင်တွေ့ရတော့မှာပါ။

Ref – GSM Arena