[Zawgyi]

Huawei ဟာ Nova 5i Pro ကို Mate 20X 5G နဲ႔အတူ တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္လိုက္တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းေတြတုန္းက ထြက္ခဲ့တဲ့ ေကာလဟလသတင္းေတြအတိုင္းပဲ Nova 5i Pro မွာ Kirin 810 SoC (7nm) ကို အသုံးျပဳထားပါတယ္။ RAM 6GB နဲ႔ 8GB ဆိုၿပီး ၂မ်ိဴးထုတ္လုပ္ထားသလို Memory Storage ကိုလည္း 128GB နဲ႔ 256GB ဆိုၿပီး ၂မ်ိဴး ထုတ္လုပ္ထားပါတယ္။

Display အပိုင္းအတြက္ Resolution 1080 x 2340 pixels ရွိတဲ့ 6.26” LCD Display ကို အသုံးျပဳထားၿပီး Punch-hole ဒီဇိုင္းနဲ႔ ျဖစ္ပါတယ္။ ေနာက္ေက်ာဘက္မွာ 48MP Sensor ကို Main Camera အျဖစ္တပ္ဆင္ထားၿပီး 8MP (Ultra-wide) + 2MP (Macro) + 2MP (Depth) Sensor ေတြနဲ႔ တြဲဖက္ထားပါတယ္။ ေရွ႕ဘက္မ်က္ႏွာျပင္မွာရွိတဲ့ Punch-hole ထဲမွာေတာ့ 32MP Selfie Camera ကို တပ္ဆင္ထားမွာပါ။ Security အပိုင္းအတြက္ Fingerprint Sensor ကို ေနာက္ေက်ာဘက္မွာ တပ္ဆင္ေပးထားပါတယ္။ ဘက္ထရီသိုေလွာင္မႈ ပမာဏ 4000mAh ပါဝင္ၿပီး USB Type-C ကေနတဆင့္ 22.5W အျမန္အားသြင္းစနစ္ကို အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။

Huawei Nova 5i Pro ေစ်းႏႈန္းမ်ား
RAM 6GB / Storage 128GB – တ႐ုတ္ေငြ ၂၁၉၉ ယြမ္ (ျမန္မာေငြ ၄၈၀,၀၀၀ က်ပ္ ဝန္းက်င္)
RAM 8GB / Storage 128GB – တ႐ုတ္ေငြ ၂၄၉၉ ယြမ္ (ျမန္မာေငြ ၅သိန္းခြဲ ဝန္းက်င္)
RAM 8GB / Storage 256GB – တ႐ုတ္ေငြ ၂၇၉၉ ယြမ္ (ျမန္မာေငြ ၆သိန္း ဝန္းက်င္)

Huawei Nova 5i Pro ကို Midnight Black, Aurora နဲ႔ Emerald Green ဆိုၿပီး အေရာင္ ၃မ်ိဴး ထုတ္လုပ္ထားပါတယ္။ ၾသဂုတ္လ ၂ရက္ေန႔ကစၿပီး တ႐ုတ္ႏိုင္ငံမွာ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Ref : Gizmochina

[Unicode]

Kirin 810 နဲ့ Punch-hole Display တွေပါတဲ့ Huawei Nova 5i Pro ကို တရားဝင် မိတ်ဆက်သွားပြီ

Huawei ဟာ Nova 5i Pro ကို Mate 20X 5G နဲ့အတူ တရုတ်နိုင်ငံမှာ မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းက ထွက်ခဲ့တဲ့ ကောလဟလသတင်းတွေအတိုင်းပဲ Nova 5i Pro မှာ Kirin 810 SoC (7nm) ကို အသုံးပြုထားပါတယ်။ RAM 6GB နဲ့ 8GB ဆိုပြီး ၂မျိူးထုတ်လုပ်ထားသလို Memory Storage ကိုလည်း 128GB နဲ့ 256GB ဆိုပြီး ၂မျိူး ထုတ်လုပ်ထားပါတယ်။

Display အပိုင်းအတွက် Resolution 1080 x 2340 pixels ရှိတဲ့ 6.26” LCD Display ကို အသုံးပြုထားပြီး Punch-hole ဒီဇိုင်းနဲ့ ဖြစ်ပါတယ်။ နောက်ကျောဘက်မှာ 48MP Sensor ကို Main Camera အဖြစ်တပ်ဆင်ထားပြီး 8MP (Ultra-wide) + 2MP (Macro) + 2MP (Depth) Sensor တွေနဲ့ တွဲဖက်ထားပါတယ်။ ရှေ့ဘက်မျက်နှာပြင်မှာရှိတဲ့ Punch-hole ထဲမှာတော့ 32MP Selfie Camera ကို တပ်ဆင်ထားမှာပါ။ Security အပိုင်းအတွက် Fingerprint Sensor ကို နောက်ကျောဘက်မှာ တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီသိုလှောင်မှု ပမာဏ 4000mAh ပါဝင်ပြီး USB Type-C ကနေတဆင့် 22.5W အမြန်အားသွင်းစနစ်ကို အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Huawei Nova 5i Pro စျေးနှုန်းများ
RAM 6GB / Storage 128GB – တရုတ်ငွေ ၂၁၉၉ ယွမ် (မြန်မာငွေ ၄၈၀,၀၀၀ ကျပ် ဝန်းကျင်)
RAM 8GB / Storage 128GB – တရုတ်ငွေ ၂၄၉၉ ယွမ် (မြန်မာငွေ ၅သိန်းခွဲ ဝန်းကျင်)
RAM 8GB / Storage 256GB – တရုတ်ငွေ ၂၇၉၉ ယွမ် (မြန်မာငွေ ၆သိန်း ဝန်းကျင်)

Huawei Nova 5i Pro ကို Midnight Black, Aurora နဲ့ Emerald Green ဆိုပြီး အရောင် ၃မျိူး ထုတ်လုပ်ထားပါတယ်။ သြဂုတ်လ ၂ရက်နေ့ကစပြီး တရုတ်နိုင်ငံမှာ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref : Gizmochina