Zawgyi

Huawei ကေန ျမန္မာႏိုင္ငံေစ်းကြက္ထဲကို စြမ္းေဆာင္ရည္ျမင့္မားတဲ့ စမတ္ဖုန္းသစ္တစ္ခုျဖစ္တဲ့ Huawei Nova 5T ကို မိတ္ဆက္ေရာင္းခ်ေနၿပီျဖစ္ပါတယ္။ ဒီလိုမ်ိဳး Kirin 980 Processor ပါဝင္တဲ့ Huawei Nova 5T ဖုန္းဟာ ေပးရတဲ့ေစ်းနဲ႔ ထိုက္တန္တဲ့စြမ္းေဆာင္ရည္ကို ေပးစြမ္းႏိုင္သလိုပဲ Camera ပိုင္းမွာလည္း Pro-Camera ေတြလို႔ေျပာလို႔ရတဲ့ 48MP Quad Camera Setup ကို အသုံးျပဳထားတာပါ။

အခု Article မွာေတာ့ Huawei Nova 5T စမတ္ဖုန္းရဲ႕ ဒီ 48MP Quad Camera Setup ရဲ႕ စြမ္းေဆာင္ရည္က ဘယ္ေလာက္ေကာင္းသလဲဆိုတာနဲ႔ ဘယ္လိုမ်ိဳး Feature ေတြပါဝင္သလဲဆိုတာကို စမ္းသပ္သြားမွာပါ။ အရင္ဆုံးမစမ္းသပ္ခင္မွာ Huawei Nova 5T ရဲ႕ Camera Specification ေတြကို အရင္ေျပာသြားပါမယ္။

Huawei Nova 5T ဟာ အေစာပိုင္းက ေျပာသလိုပဲ Quad Camera Setup ကို အသုံးျပဳထားၿပီးေတာ့ Primary Sensor အေနနဲ႔ 48MP f1.8 ½” Sensor ကို အသုံးျပဳထားပါတယ္။ ၿပီးေတာ့ 16MP f2.2 Ultrawide Sensor ၊ 2MP Depth Sensor နဲ႔ 2MP Macro Sensor ေတြပါဝင္မွာပါ။ အဲ့ဒီအတြက္ Specs ပိုင္းအရလည္း ေတာ္ေတာ္ေလးကို အားရဖို႔ေကာင္းေနပါတယ္။

အရင္ဆုံး 48MP Primary Sensor နဲ႔ ႐ိုက္တဲ့ဓါတ္ပုံေတြကို ၾကည့္မယ္ဆိုရင္ Daylight မွာတင္မဟုတ္ဘဲ Indoor ေတြမွာလည္း Color ပိုင္းနဲ႔ Dynamic Range ေတြမွာ ေတာ္ေတာ္ေလးကို ေကာင္းမြန္တာကိုေတြ႕ရပါတယ္။ ဒီေနရာမွာ Nova 5T က Default အေနနဲ႔ Pixel-binning နည္းပညာကို အသုံးျပဳထားတဲ့အတြက္ 12MP Photo ေတြကိုပဲ ႐ိုက္ကူးေပးမွာပါ။ အဲ့ဒါကိုမွ 48MP Resolution နဲ႔ ႐ိုက္ကူးခ်င္တယ္ဆိုရင္ Camera Setting ထဲမွာရွိတဲ့ Resolution ကေန သြားၿပီးေျပာင္းလဲရမွာပါ။ ပုံမွန္ 48MP အျပင္ Details ပိုေကာင္းတဲ့ 48MP AI Ultra Clarity Mode ကိုလည္းေ႐ြးခ်ယ္႐ိုက္ကူးႏိုင္ပါေသးတယ္၊ အခု Mode နဲ႔႐ိုက္တာက အခ်ိန္အနည္းငယ္ပိုေပးရတယ္ဆိုေပမယ့္လည္း Details ပိုင္းမွာ သိသိသာသာကို ပိုေကာင္းလာတာပါ။

ေနာက္ထပ္သေဘာက်စရာအခ်က္တစ္ခုက Pixel-binning နည္းပညာေၾကာင့္ Telephoto Sensor မပါေပမယ့္လည္း 2x Zoom Photo ေတြက သိသိသာသာကိုေကာင္းေနတာပါ။ အဲ့ဒီအတြက္ တစ္ခုခုကို အနီးကပ္႐ိုက္ခ်င္တယ္ဆိုရင္လည္း Details မေလ်ာ့ဘဲ ေကာင္းေကာင္း႐ိုက္လို႔ရေနတာကလည္း အားသာခ်က္တစ္ခုပါ။

ဒါေပမယ့္ Huawei Nova 5T စမတ္ဖုန္းကင္မရာရဲ႕ အေကာင္းဆုံးအခ်က္ကိုေျပာပါဆိုရင္ေတာ့ Ultrawide Camera ပဲျဖစ္မွာပါ၊ ဒါကလည္း Megapixel အရလည္း မ်ားျပားတဲ့ 16MP Ultrawide Camera ပါဝင္တဲ့အတြက္ ပုံမွန္ျမင္ေနၾက Field of View ကေန ကြဲထြက္ေနတဲ့ မတူညီတဲ့ Perspective ႐ိုက္ခ်က္ေတြကို ႐ိုက္ကူးႏိုင္မွာပါ။ Quality အရၾကည့္မယ္ဆိုရင္လည္း Daytime မွာေရာ Indoor ေတြမွာေရာ Primary Sensor နဲ႔ ႐ိုက္ကူးသလိုပဲ Quality ေတာ္ေတာ္ေလးကို ေကာင္းတာကိုေတြ႕ရပါတယ္။

ၿပီးေတာ့ Huawei Nova 5T မွာ အနီးကပ္ Macro Shot ေတြကို 4cm အကြာအေဝးကေနတင္ ႐ိုက္ကူးႏိုင္တဲ့ Macro Sensor ကိုလည္း သီးသန္႔ထည့္သြင္းေပးထားေသးတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ အနီးကပ္႐ိုက္ခ်င္တဲ့ Subject ေတြရွိရင္ သာမန္စမတ္ဖုန္းေတြထက္ သိသိသာသာကို အနီးကပ္ၿပီး ႐ိုက္ကူးႏိုင္တာကလည္း အားသာခ်က္တစ္ခုလို႔ ေျပာရမွာပါ။

က်န္တဲ့အခ်က္ေတြအေနနဲ႔ကေတာ့ Huawei Nova 5T မွာ ပုံမွန္ Huawei ဖုန္းေတြမွာလိုမ်ိဳးပဲ Night Mode ၊ Aperture Mode ၊ Portrait Mode နဲ႔ AR Lens အျပင္ တျခားေသာ အသုံးဝင္တဲ့ Camera Mode ေတြလည္း အမ်ားအျပားပါဝင္မွာျဖစ္ပါတယ္။ ဥပမာ Pro Mode ဆိုရင္လည္း အျဖစ္ပဲထည့္ေပးတာမ်ိဳးမဟုတ္ဘဲ တကယ္ကို စိတ္ႀကိဳက္ Setting ခ်ိန္ညႇိၿပီး ႐ိုက္ကူးႏိုင္တာပါ။ အဲ့ေတာ့ Camera Feature ပိုင္းမွာကေတာ့ Huawei Nova 5T က ေတာ္ေတာ္ေလးကို အားရဖို႔ေကာင္းေနျပန္ပါတယ္။

အဲ့ဒါေၾကာင့္ Huawei Nova 5T စမတ္ဖုန္းဟာ ဒီေစ်းဝန္းက်င္မွာ Camera ပိုင္းကို Feature စုံစုံလင္လင္လည္း သုံးခ်င္တယ္၊ Quality ေကာင္းေကာင္းလည္း လိုခ်င္တယ္ဆိုရင္ ေ႐ြးခ်ယ္သင့္တဲ့ဖုန္းတစ္ခုလို႔ ေျပာလို႔ရပါတယ္၊ အထူးသျဖင့္ Details ပိုင္းလိုခ်င္တဲ့သူေတြအတြက္ 48MP AI Ultra Clarity Mode က စိတ္တိုင္းက်ေစမွာျဖစ္သလိုပဲ 16MP Ultrawide Camera ကလည္း တကယ္ကို Creative ျဖစ္တဲ့ ဓါတ္ပုံေတြ႐ိုက္ကူးခ်င္တဲ့သူေတြအတြက္ စိတ္ႀကိဳက္ျဖစ္ေစမွာပါ။

Unicode

Huawei ကနေ မြန်မာနိုင်ငံစျေးကွက်ထဲကို စွမ်းဆောင်ရည်မြင့်မားတဲ့ စမတ်ဖုန်းသစ်တစ်ခုဖြစ်တဲ့ Huawei Nova 5T ကို မိတ်ဆက်ရောင်းချနေပြီဖြစ်ပါတယ်။ ဒီလိုမျိုး Kirin 980 Processor ပါဝင်တဲ့ Huawei Nova 5T ဖုန်းဟာ ပေးရတဲ့စျေးနဲ့ ထိုက်တန်တဲ့စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်သလိုပဲ Camera ပိုင်းမှာလည်း Pro-Camera တွေလို့ပြောလို့ရတဲ့ 48MP Quad Camera Setup ကို အသုံးပြုထားတာပါ။

အခု Article မှာတော့ Huawei Nova 5T စမတ်ဖုန်းရဲ့ ဒီ 48MP Quad Camera Setup ရဲ့ စွမ်းဆောင်ရည်က ဘယ်လောက်ကောင်းသလဲဆိုတာနဲ့ ဘယ်လိုမျိုး Feature တွေပါဝင်သလဲဆိုတာကို စမ်းသပ်သွားမှာပါ။ အရင်ဆုံးမစမ်းသပ်ခင်မှာ Huawei Nova 5T ရဲ့ Camera Specification တွေကို အရင်ပြောသွားပါမယ်။

Huawei Nova 5T ဟာ အစောပိုင်းက ပြောသလိုပဲ Quad Camera Setup ကို အသုံးပြုထားပြီးတော့ Primary Sensor အနေနဲ့ 48MP f1.8 ½” Sensor ကို အသုံးပြုထားပါတယ်။ ပြီးတော့ 16MP f2.2 Ultrawide Sensor ၊ 2MP Depth Sensor နဲ့ 2MP Macro Sensor တွေပါဝင်မှာပါ။ အဲ့ဒီအတွက် Specs ပိုင်းအရလည်း တော်တော်လေးကို အားရဖို့ကောင်းနေပါတယ်။

အရင်ဆုံး 48MP Primary Sensor နဲ့ ရိုက်တဲ့ဓါတ်ပုံတွေကို ကြည့်မယ်ဆိုရင် Daylight မှာတင်မဟုတ်ဘဲ Indoor တွေမှာလည်း Color ပိုင်းနဲ့ Dynamic Range တွေမှာ တော်တော်လေးကို ကောင်းမွန်တာကိုတွေ့ရပါတယ်။ ဒီနေရာမှာ Nova 5T က Default အနေနဲ့ Pixel-binning နည်းပညာကို အသုံးပြုထားတဲ့အတွက် 12MP Photo တွေကိုပဲ ရိုက်ကူးပေးမှာပါ။ အဲ့ဒါကိုမှ 48MP Resolution နဲ့ ရိုက်ကူးချင်တယ်ဆိုရင် Camera Setting ထဲမှာရှိတဲ့ Resolution ကနေ သွားပြီးပြောင်းလဲရမှာပါ။ ပုံမှန် 48MP အပြင် Details ပိုကောင်းတဲ့ 48MP AI Ultra Clarity Mode ကိုလည်းရွေးချယ်ရိုက်ကူးနိုင်ပါသေးတယ်၊ အခု Mode နဲ့ရိုက်တာက အချိန်အနည်းငယ်ပိုပေးရတယ်ဆိုပေမယ့်လည်း Details ပိုင်းမှာ သိသိသာသာကို ပိုကောင်းလာတာပါ။

နောက်ထပ်သဘောကျစရာအချက်တစ်ခုက Pixel-binning နည်းပညာကြောင့် Telephoto Sensor မပါပေမယ့်လည်း 2x Zoom Photo တွေက သိသိသာသာကိုကောင်းနေတာပါ။ အဲ့ဒီအတွက် တစ်ခုခုကို အနီးကပ်ရိုက်ချင်တယ်ဆိုရင်လည်း Details မလျော့ဘဲ ကောင်းကောင်းရိုက်လို့ရနေတာကလည်း အားသာချက်တစ်ခုပါ။

ဒါပေမယ့် Huawei Nova 5T စမတ်ဖုန်းကင်မရာရဲ့ အကောင်းဆုံးအချက်ကိုပြောပါဆိုရင်တော့ Ultrawide Camera ပဲဖြစ်မှာပါ၊ ဒါကလည်း Megapixel အရလည်း များပြားတဲ့ 16MP Ultrawide Camera ပါဝင်တဲ့အတွက် ပုံမှန်မြင်နေကြ Field of View ကနေ ကွဲထွက်နေတဲ့ မတူညီတဲ့ Perspective ရိုက်ချက်တွေကို ရိုက်ကူးနိုင်မှာပါ။ Quality အရကြည့်မယ်ဆိုရင်လည်း Daytime မှာရော Indoor တွေမှာရော Primary Sensor နဲ့ ရိုက်ကူးသလိုပဲ Quality တော်တော်လေးကို ကောင်းတာကိုတွေ့ရပါတယ်။

ပြီးတော့ Huawei Nova 5T မှာ အနီးကပ် Macro Shot တွေကို 4cm အကွာအဝေးကနေတင် ရိုက်ကူးနိုင်တဲ့ Macro Sensor ကိုလည်း သီးသန့်ထည့်သွင်းပေးထားသေးတာဖြစ်ပါတယ်။ အဲ့ဒီအတွက် အနီးကပ်ရိုက်ချင်တဲ့ Subject တွေရှိရင် သာမန်စမတ်ဖုန်းတွေထက် သိသိသာသာကို အနီးကပ်ပြီး ရိုက်ကူးနိုင်တာကလည်း အားသာချက်တစ်ခုလို့ ပြောရမှာပါ။

ကျန်တဲ့အချက်တွေအနေနဲ့ကတော့ Huawei Nova 5T မှာ ပုံမှန် Huawei ဖုန်းတွေမှာလိုမျိုးပဲ Night Mode ၊ Aperture Mode ၊ Portrait Mode နဲ့ AR Lens အပြင် တခြားသော အသုံးဝင်တဲ့ Camera Mode တွေလည်း အများအပြားပါဝင်မှာဖြစ်ပါတယ်။ ဥပမာ Pro Mode ဆိုရင်လည်း အဖြစ်ပဲထည့်ပေးတာမျိုးမဟုတ်ဘဲ တကယ်ကို စိတ်ကြိုက် Setting ချိန်ညှိပြီး ရိုက်ကူးနိုင်တာပါ။ အဲ့တော့ Camera Feature ပိုင်းမှာကတော့ Huawei Nova 5T က တော်တော်လေးကို အားရဖို့ကောင်းနေပြန်ပါတယ်။

အဲ့ဒါကြောင့် Huawei Nova 5T စမတ်ဖုန်းဟာ ဒီစျေးဝန်းကျင်မှာ Camera ပိုင်းကို Feature စုံစုံလင်လင်လည်း သုံးချင်တယ်၊ Quality ကောင်းကောင်းလည်း လိုချင်တယ်ဆိုရင် ရွေးချယ်သင့်တဲ့ဖုန်းတစ်ခုလို့ ပြောလို့ရပါတယ်၊ အထူးသဖြင့် Details ပိုင်းလိုချင်တဲ့သူတွေအတွက် 48MP AI Ultra Clarity Mode က စိတ်တိုင်းကျစေမှာဖြစ်သလိုပဲ 16MP Ultrawide Camera ကလည်း တကယ်ကို Creative ဖြစ်တဲ့ ဓါတ်ပုံတွေရိုက်ကူးချင်တဲ့သူတွေအတွက် စိတ်ကြိုက်ဖြစ်စေမှာပါ။