[Zawgyi]

Huawei က Nova 5T ကို ေၾကညာလိုက္ပါတယ္။ ဒီဇိုင္းလန္းၿပီး 32MP Selfie Camera  ပါတဲ့အတြက္ ဖက္ရွင္က်ခ်င္သူေတြနဲ႔ လူမႈကြန္ရက္ေတြမွာ ဓါတ္ပံု အလန္းစား တင္ခ်င္သူေတြအတြက္ သင့္ေတာ္တယ္လို႔ ကုမၸဏီက ေျပာပါတယ္။ Nova 5T မွာ ၆.၂၆ လက္မ LCD IPS Display တပ္ဆင္ထားၿပီး အရည္အေသြးမွာ Full HD+(1080x2340p) ျဖစ္ပါတယ္။ Display ရဲ႕ ဘယ္ဘက္အထက္ေထာင့္မွာ Punch Hole ၁ ခုပါၿပီး အေရွ႕ကင္မရာ ျမွပ္ႏွံထားပါတယ္။

အဲဒီဖုန္းမွာ Dual NPUs  ပါတဲ့ 7nm Kirin 980 Chipset ေမာင္းႏွင္ထားပါတယ္။ 8GB RAM နဲ႔ 128GB Storage ထည့္ထားပါတယ္။ microSD Card စိုက္လို႔ မရပါဘူး။ Android 9 Pie အေျချပဳ EMUI 9.1 ပါလာပါတယ္။ 22.5W Fast Charging ပါတဲ့ 3,750mAh Battery ထည့္ထားၿပီး USB-C Port ကေန အားသြင္းႏုိင္ပါတယ္။ ၃၀ မိနစ္အားသြင္းရင္ ၅၀ ရာခိုင္ႏႈန္း အားျဖည့္ေပးပါတယ္။

Nova 5T ရဲ႕ အေနာက္ဘက္မွာ ကင္မရာ ၃ လံုးကို ေဒါင္လိုက္တပ္ဆင္ထားၿပီး 48MP Main , 16MP Ultrawide နဲ႔ 2MP Depth Cameras ေတြ ျဖစ္ပါတယ္။ 2MP Macro Camera အပို ၁ လံုး ပါပါတယ္။ Dual-SIM, 4G VoLTE, Wi-Fi 802.11ac, Bluetooth 5.0, Dual-frequency GPS နဲ႔ NFC ဆက္သြယ္မႈေတြ ထည့္ထားပါတယ္။ ေဘးဘက္မွာ လက္ေဗြရာ ကိရိယာ ပါေပမယ့္ 3.5mm Audio Jack ေတာ့ မပါပါဘူး။

Nova 5T ဟာ Honor 20 ကို နာမည္ေျပာင္းထားတဲ့ ေမာ္ဒယ္ပါ။ ကြာျခားခ်က္ အနည္းငယ္ကေတာ့ Nova 5T ရဲ႕ အေနာက္ဘက္ ဒီဇိုင္း ျဖစ္ပါတယ္။ ဒါ့အျပင္ Nova 5T မွာ 8GB RAM နဲ႔ Honor 20 မွာ 6GB RAM ေတြ ထည့္ထားတာပါ။ Nova 5T ကို ႏိုင္ငံအခ်ိဳ႕မွာသာ ေရာင္းခ်မွာပါ။ မေလးရွားမွာ ၁,၅၉၉ ရင္းဂစ္ သတ္မွတ္ထားၿပီး ျမန္မာေငြ ၅၇၀,၀၀၀ ေလာက္ရွိပါတယ္။ အနက္၊ အျပာနဲ႔ ခရမ္းေရာင္ေတြ ထုတ္လုပ္ထားပါတယ္။

Ref : gizmochina

[Unicode]

Kirin 980 ,8GB RAM နဲ့ Quad Cameras တွေပါတဲ့ Huawei Nova 5T ကို ကြေညာပြီ

Huawei က Nova 5T ကို ကြေညာလိုက်ပါတယ်။ ဒီဇိုင်းလန်းပြီး 32MP Selfie Camera ပါတဲ့အတွက် ဖက်ရှင်ကျချင်သူတွေနဲ့ လူမှုကွန်ရက်တွေမှာ ဓါတ်ပုံ အလန်းစား တင်ချင်သူတွေအတွက် သင့်တော်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ Nova 5T မှာ ၆.၂၆ လက်မ LCD IPS Display တပ်ဆင်ထားပြီး အရည်အသွေးမှာ Full HD+(1080x2340p) ဖြစ်ပါတယ်။ Display ရဲ့ ဘယ်ဘက်အထက်ထောင့်မှာ Punch Hole ၁ ခုပါပြီး အရှေ့ကင်မရာ မြှပ်နှံထားပါတယ်။

အဲဒီဖုန်းမှာ Dual NPUs ပါတဲ့ 7nm Kirin 980 Chipset မောင်းနှင်ထားပါတယ်။ 8GB RAM နဲ့ 128GB Storage ထည့်ထားပါတယ်။ microSD Card စိုက်လို့ မရပါဘူး။ Android 9 Pie အခြေပြု EMUI 9.1 ပါလာပါတယ်။ 22.5W Fast Charging ပါတဲ့ 3,750mAh Battery ထည့်ထားပြီး USB-C Port ကနေ အားသွင်းနိုင်ပါတယ်။ ၃၀ မိနစ်အားသွင်းရင် ၅၀ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။

Nova 5T ရဲ့ အနောက်ဘက်မှာ ကင်မရာ ၃ လုံးကို ဒေါင်လိုက်တပ်ဆင်ထားပြီး 48MP Main , 16MP Ultrawide နဲ့ 2MP Depth Cameras တွေ ဖြစ်ပါတယ်။ 2MP Macro Camera အပို ၁ လုံး ပါပါတယ်။ Dual-SIM, 4G VoLTE, Wi-Fi 802.11ac, Bluetooth 5.0, Dual-frequency GPS နဲ့ NFC ဆက်သွယ်မှုတွေ ထည့်ထားပါတယ်။ ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ ပါပေမယ့် 3.5mm Audio Jack တော့ မပါပါဘူး။

Nova 5T ဟာ Honor 20 ကို နာမည်ပြောင်းထားတဲ့ မော်ဒယ်ပါ။ ကွာခြားချက် အနည်းငယ်ကတော့ Nova 5T ရဲ့ အနောက်ဘက် ဒီဇိုင်း ဖြစ်ပါတယ်။ ဒါ့အပြင် Nova 5T မှာ 8GB RAM နဲ့ Honor 20 မှာ 6GB RAM တွေ ထည့်ထားတာပါ။ Nova 5T ကို နိုင်ငံအချို့မှာသာ ရောင်းချမှာပါ။ မလေးရှားမှာ ၁,၅၉၉ ရင်းဂစ် သတ်မှတ်ထားပြီး မြန်မာငွေ ၅၇၀,၀၀၀ လောက်ရှိပါတယ်။ အနက်၊ အပြာနဲ့ ခရမ်းရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina