[Zawgyi]





[Unicode]

စက်တင်ဘာလ ၂၈ရက်နေ့တွင် ဈေးကွက်ထဲ စတင်ရောက်ရှိလာမည့် HUAWEI nova 5T အကြောင်း

စက်တင်ဘာလ ၉ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့သော HUAWEI nova 5T အား စတင်မိတ်ဆက်သည့် စက်တင်ဘာလ ၉ ရက်နေ့မှ စက်တင်ဘာလ ၂၇ရက်နေ့အတွင်း Pre-Order များ လက်ခံရယူလျှက်ရှိပြီး သုံးစွဲသူအများအပြား၏ စိတ်ဝင်စားမှုအား ရရှိလျှက်ရှိသည်။

HUAWEI nova 5T သည် ပေးအပ်ရသည့် ဈေးထက် ထိုက်တန်သည့် လုပ်ဆောင်ချက်များ ပါဝင်လာမှုကြောင့် သုံးစွဲသူများအများအပြား၏ စိတ်ဝင်စားမှုအား ရရှိခဲ့ခြင်းဖြစ်သည်။ HUAWEI nova 5T တွင် AI ထောက်ပံ့ထားသည့် ကင်မရာစနစ်ကြောင့် တိကျပြီးလှပသည့် ပုံရိပ်များ ၊ ဗီဒီယိုများ နှင့် selfie များ ရိုက်ကူးနိုင်မည်ဖြစ်သည်။ nova series တို့၏ အစဉ်အလာအတိုင်း လှပကျော့ရှင်းသည့် ဖုန်းကိုယ်ထည်သည် ဖက်ရှင်ချစ်မြတ်နိုးသူများအတွက် အဆင်တန်ဆာတစ်ခု ဖြစ်လာခဲ့သည်။ High-End စမတ်ဖုန်းများတွင်သာ ပါဝင်လေ့ရှိသည့် SuperCharge နည်းပညာသည် nova 5T တွင် ပါဝင်လာခဲ့ပြီး မိနစ် ၃၀ အားသွင်းပါက ဖုန်းဘထ္ထရီအား ၅၀% အထိ ပြည့်စေမှာဖြစ်သည်။ ဂိမ်းကစားခြင်းတွင်ကျယ်လာပြီး E-Sports အား အားကစား တစ်ခုအဖြစ် သတ်မှတ်လာကြသည့် ယခုခေတ်တွင် HUAWEI မှ ဂိမ်းကစားခြင်းအတွေ့အကြုံအား အဆင့်မြင့်တင်ပေးနိုင်မည့် GPU Turbo နည်းပညာအား ၂၀၁၈ ခုနှစ်မှ စတင်ကာ မိတ်ဆက်လာခဲ့သည်။ Mate 20 Series တွင် GPU Turbo 1.0 ၊ P30 Series တွင် GPU Turbo 2.0 နှင့် ယခု nova 5T တွင် GPU Turbo 3.0 အား မိတ်ဆက်လာခဲ့ပြီး ပိုမိုကောင်းမွန်ပြီးအဆင့်မြင့်မားသည့် ဂိမ်းကစားခြင်း အတွေ့အကြုံအား ပေးအပ်လျှက်ရှိသည်။ ပိုမိုကောင်းမွန်သည့် မိုဘိုင်းဖုန်း လုပ်ဆောင်ချက်များ အား ပေးစွမ်းနိုင်မည့် EMUI 9.1 လည်း HUAWEI nova 5T တွင် ပါဝင်လာသည်။

HUAWEI nova 5T တွင် Crush Blue ၊ Black နှင့် Midsummer Purple ဟူ၍ အရောင် ၃ မျိုးဖြင့် ဈေးကွက်ထဲသို့ ဝင်ရောက်လာမည်ဖြစ်သည်။ Midsummer Purple သည် အခြားသော စမတ်ဖုန်းများတွင် မြင်တွေ့ရခဲသည့် ဒီဇိုင်းဖြင့် ဝင်ရောက်လာမည်ဖြစ်ပြီး လူအများအပြား၏ စိတ်ဝင်စားမှုအား ရရှိခဲ့သည်။

အဆိုပါ nova 5T အား Pre-Order Period အတွင်းမှာယူသူများအတွက် သတ်မှတ်ထားသည့် HUAWEI Mini Speaker နှစ်လုံးအား ပေးအပ်သွားမည်ဖြစ်ပြီး စတင်ရောင်းချမည့် စက်တင်ဘာလ (၂၈) ရက်နေ့နဲ့ (၂၉) ရက်နေ့မှာ ဖုန်းလာရောက်ထုတ်ယူသူများအား HUAWEI Band 3e အားလည်း အပိုလက်ဆောင်အဖြစ် ထပ်မံ ပေးအပ်သွားမည်ဖြစ်သည်။