[Zawgyi]

တရုတ္မွာ Huawei Nova 6 5G ကို လာမယ့္ ၆ ရက္ေန႔မွာ ေၾကညာေတာ့မွာပါ။ Huawei ရဲ႕ Vmall အြန္လိုင္းစတိုးမွာ အဲဒီ ဖုန္းအတြက္ အမွာစာေတြ လက္ခံေပးလိုက္ပါၿပီ။ ဓါတ္ပံုကို မျပသထားေပမယ့္ 4G နဲ႔ 5G ေမာ္ဒယ္ေတြ ထုတ္လုပ္ထားမယ္လို႔ ေဖာ္ျပထားပါတယ္။ အခုေတာ့ အဲဒီ ဖုန္းရဲ႕ Hands-on Image အနည္းငယ္ ၀ီဘိုကေန ထြက္ေပၚလာပါတယ္။

အျပာေရာင္ ေမာ္ဒယ္ ျဖစ္ၿပီး အေရွ႕ဘက္မွာ Notch-less Display ထည့္သြင္းထားပါတယ္။ ေဆးေတာင့္ပံုသ႑ာန္ Cutout မွာ အေရွ႕ကင္မရာ ၂ လံုး တပ္ဆင္ထားပါတယ္။ ကင္မရာေတြက ဘယ္ဘက္အထက္နားမွာ ျဖစ္ၿပီး Display ေအာက္က ေဘာင္က နည္းနည္းေလးေတာ့ ထူေနပါတယ္။ ဒါေပမယ့္ Screen-to-body Ratio က အရမ္းမိုက္ပါတယ္။

ညာဘက္မွာ အသံနဲ႔ ပါ၀ါခလုတ္ေတြ တပ္ဆင္ထားၿပီး လက္ေဗြရာ ကိရိယာကို ပါ၀ါခလုတ္ေအာက္မွာ ျမွပ္ႏွံထားပါတယ္။ အေနာက္ဘက္ကို ဖန္နဲ႔ ဖံုးအုပ္ထားၿပီး ကင္မရာ ၃ လံုးကို ေဒါင္လိုက္ တပ္ဆင္ထားပါတယ္။ 3D ToF Sensor ၁ လံုးလည္း ကင္မရာေတြရဲ႕ ေဘးမွာ ပါလာမယ္လို႔ ထင္ပါတယ္။

Vmall မွာ ေဖာ္ျပထားခ်က္အရ Nova 6 5G အတြက္ အေရာင္ ၄ မ်ိဳးထုတ္လုပ္ထားမွာ ျဖစ္ၿပီး အနက္၊ အျပာ၊ ခရမ္းျပာနဲ႔ အနီေရာင္ေတြ ျဖစ္ပါတယ္။ အနီေရာင္ ေမာ္ဒယ္ရဲ႕ ကိုယ္ထည္မွာ Nova 6 စာသားေတြ ရိုက္ႏွိပ္ထားတာက ဒီဇိုင္းဆန္းပါတယ္။ ေပါက္ၾကားသတင္းေတြအရ အဲဒီဖုန္းမွာ ၆.၅၇ လက္မ IPS LCD Full HD+ Display တပ္ဆင္ထားၿပီး 32MP Main ကင္မရာဟာ ၁၀၅ ဒီဂရီ ျမင္ကြင္းက်ယ္ေတြ ရိုက္ကူးေပးႏိုင္ပါတယ္။ အေနာက္ဘက္မွာ Sony IMX686 60MP Quad Camera ပါလာႏုိင္ပါတယ္။

5G ပါတဲ့ Kirin 990 Chipset နဲ႔ 40W Fast Charging ပါတဲ့ 4,000mAh Battery  ပါလာမွာပါ။ 8GB RAM + 128GB , 8GB RAM + 256GB နဲ႔ 12GB RAM+256GB Storage ေတြ ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ ၃,၄၉၉ ယြမ္ ၊ ၃,၇၉၉ ယြမ္နဲ႔ ၄,၀၉၉ ယြမ္ေတြ အသီးသီး သတ္မွတ္ထားႏုိင္ၿပီး ျမန္မာေငြ ၇၄၀,၀၀၀ ၊ ၈၁၀,၀၀၀ နဲ႔ ၈၇၀,၀၀၀ ေလာက္ရွိပါတယ္။

Ref : gizmochina

[Unicode]

Huawei Nova 6 5G ရဲ့ Hands-on Image တွေ ထွက်ပေါ်လာ

တရုတ်မှာ Huawei Nova 6 5G ကို လာမယ့် ၆ ရက်နေ့မှာ ကြေညာတော့မှာပါ။ Huawei ရဲ့ Vmall အွန်လိုင်းစတိုးမှာ အဲဒီ ဖုန်းအတွက် အမှာစာတွေ လက်ခံပေးလိုက်ပါပြီ။ ဓါတ်ပုံကို မပြသထားပေမယ့် 4G နဲ့ 5G မော်ဒယ်တွေ ထုတ်လုပ်ထားမယ်လို့ ဖော်ပြထားပါတယ်။ အခုတော့ အဲဒီ ဖုန်းရဲ့ Hands-on Image အနည်းငယ် ဝီဘိုကနေ ထွက်ပေါ်လာပါတယ်။

အပြာရောင် မော်ဒယ် ဖြစ်ပြီး အရှေ့ဘက်မှာ Notch-less Display ထည့်သွင်းထားပါတယ်။ ဆေးတောင့်ပုံသဏ္ဍာန် Cutout မှာ အရှေ့ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ ကင်မရာတွေက ဘယ်ဘက်အထက်နားမှာ ဖြစ်ပြီး Display အောက်က ဘောင်က နည်းနည်းလေးတော့ ထူနေပါတယ်။ ဒါပေမယ့် Screen-to-body Ratio က အရမ်းမိုက်ပါတယ်။

ညာဘက်မှာ အသံနဲ့ ပါဝါခလုတ်တွေ တပ်ဆင်ထားပြီး လက်ဗွေရာ ကိရိယာကို ပါဝါခလုတ်အောက်မှာ မြှပ်နှံထားပါတယ်။ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပြီး ကင်မရာ ၃ လုံးကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ 3D ToF Sensor ၁ လုံးလည်း ကင်မရာတွေရဲ့ ဘေးမှာ ပါလာမယ်လို့ ထင်ပါတယ်။

Vmall မှာ ဖော်ပြထားချက်အရ Nova 6 5G အတွက် အရောင် ၄ မျိုးထုတ်လုပ်ထားမှာ ဖြစ်ပြီး အနက်၊ အပြာ၊ ခရမ်းပြာနဲ့ အနီရောင်တွေ ဖြစ်ပါတယ်။ အနီရောင် မော်ဒယ်ရဲ့ ကိုယ်ထည်မှာ Nova 6 စာသားတွေ ရိုက်နှိပ်ထားတာက ဒီဇိုင်းဆန်းပါတယ်။ ပေါက်ကြားသတင်းတွေအရ အဲဒီဖုန်းမှာ ၆.၅၇ လက်မ IPS LCD Full HD+ Display တပ်ဆင်ထားပြီး 32MP Main ကင်မရာဟာ ၁၀၅ ဒီဂရီ မြင်ကွင်းကျယ်တွေ ရိုက်ကူးပေးနိုင်ပါတယ်။ အနောက်ဘက်မှာ Sony IMX686 60MP Quad Camera ပါလာနိုင်ပါတယ်။

5G ပါတဲ့ Kirin 990 Chipset နဲ့ 40W Fast Charging ပါတဲ့ 4,000mAh Battery ပါလာမှာပါ။ 8GB RAM + 128GB , 8GB RAM + 256GB နဲ့ 12GB RAM+256GB Storage တွေ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ ၃,၄၉၉ ယွမ် ၊ ၃,၇၉၉ ယွမ်နဲ့ ၄,၀၉၉ ယွမ်တွေ အသီးသီး သတ်မှတ်ထားနိုင်ပြီး မြန်မာငွေ ၇၄၀,၀၀၀ ၊ ၈၁၀,၀၀၀ နဲ့ ၈၇၀,၀၀၀ လောက်ရှိပါတယ်။

Ref : gizmochina