[Zawgyi]

တရုတ္မွာ Huawei Nova 6 5G ကို ဒီဇင္ဘာလ ၅ ရက္မွာ ေၾကညာေတာ့မွာပါ။ မိတ္ဆက္ပြဲ မတိုင္ခင္မွာပဲ Huawei Mall (Vmall.com) ကေန ၀ယ္ယူခ်င္သူမ်ားအတြက္ စာရင္းေပးသြင္းခြင့္ျပဳလိုက္ပါတယ္။ Reservation Page မွာ အဲဒီ ဖုန္းရဲ႕ ဓါတ္ပံုကို ျပသထားၿပီး 8GB RAM + 128GB နဲ႔ 8GB RAM + 256GB ေမာ္ဒယ္ ၂ ခုေရာင္းမယ္လို႔ ေဖာ္ျပထားပါတယ္။

Huawei Nova 6 5G ရဲ႕ Reservation Page မွာ ဖုန္းရဲ႕ ဓါတ္ပံုေတြကို ျပသထားပါတယ္။ အနက္၊ အျပာ၊ ခရမ္းျပာနဲ႔ အနီေရာင္ေတြ ထုတ္လုပ္ထားပါတယ္။ အနီေရာင္က အထူးထုတ္ ေမာ္ဒယ္ ျဖစ္ၿပီး ဒီဇိုင္းဆန္းသစ္ပါတယ္။ ဓါတ္ပံုေတြအရ အဲဒီ ဖုန္းမွာ Dual Punch-hole Display နဲ႔ အေနာက္ကင္မရာ ၄ လံုးပါလာမွာ ျဖစ္ပါတယ္။ ညာဘက္ေဘးမွာ လက္ေဗြရာ အာရံုခံ ကိရိယာ ထည့္သြင္းထားတာ ျမင္ရပါတယ္။ 4G ေမာ္ဒယ္ကိုလည္း ထုတ္လုပ္ေရာင္းခ်မယ္လို႔ ကုမၸဏီက အတည္ျပဳထားပါတယ္။

Huawei Nova 6 5G မွာ ၆.၅၇ လက္မ IPS LCD Display တပ္ဆင္ထားၿပီး Honor V30 နဲ႔ တူပါတယ္။ Punch-hole မွာ ကင္မရာ ၂ လံုး ထည့္သြင္းထားၿပီး ၁ လံုးက 32MP Sensor ျဖစ္ပါတယ္။ ကုမၸဏီက ၁၀၅ ဒီဂရီ ျမင္ကြင္းက်ယ္ ဆဲလ္ဖီး ဓါတ္ပံုေတြ ဖမ္းယူႏိုင္မယ္လို႔ ေျပာထားတဲ့အတြက္ သူငယ္ခ်င္းမ်ားစြာနဲ႔ အလန္းစား ဆဲလ္ဖီးေတြဆြဲႏိုင္မွာပါ။

Sony IMX686 60MP Quad-Camera ကို အေနာက္ဘက္မွာ တပ္ဆင္ထားမယ္လို႕သတင္းထြက္ေနပါတယ္။ ဒီဇင္ဘာလ ၅ ရက္ေန႔မွာ Nova 6 5G နဲ႔အတူ Nova 6 SE ကိုပါ ေၾကညာႏုိင္ပါတယ္။

Ref : gizmochina

[Unicode]

Huawei Nova 6 5G ကို ဝယ်ဖို့ တရုတ်မှာ စာရင်းပေးသွင်းနိုင်ပြီ

တရုတ်မှာ Huawei Nova 6 5G ကို ဒီဇင်ဘာလ ၅ ရက်မှာ ကြေညာတော့မှာပါ။ မိတ်ဆက်ပွဲ မတိုင်ခင်မှာပဲ Huawei Mall (Vmall.com) ကနေ ဝယ်ယူချင်သူများအတွက် စာရင်းပေးသွင်းခွင့်ပြုလိုက်ပါတယ်။ Reservation Page မှာ အဲဒီ ဖုန်းရဲ့ ဓါတ်ပုံကို ပြသထားပြီး 8GB RAM + 128GB နဲ့ 8GB RAM + 256GB မော်ဒယ် ၂ ခုရောင်းမယ်လို့ ဖော်ပြထားပါတယ်။

Huawei Nova 6 5G ရဲ့ Reservation Page မှာ ဖုန်းရဲ့ ဓါတ်ပုံတွေကို ပြသထားပါတယ်။ အနက်၊ အပြာ၊ ခရမ်းပြာနဲ့ အနီရောင်တွေ ထုတ်လုပ်ထားပါတယ်။ အနီရောင်က အထူးထုတ် မော်ဒယ် ဖြစ်ပြီး ဒီဇိုင်းဆန်းသစ်ပါတယ်။ ဓါတ်ပုံတွေအရ အဲဒီ ဖုန်းမှာ Dual Punch-hole Display နဲ့ အနောက်ကင်မရာ ၄ လုံးပါလာမှာ ဖြစ်ပါတယ်။ ညာဘက်ဘေးမှာ လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်သွင်းထားတာ မြင်ရပါတယ်။ 4G မော်ဒယ်ကိုလည်း ထုတ်လုပ်ရောင်းချမယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။

Huawei Nova 6 5G မှာ ၆.၅၇ လက်မ IPS LCD Display တပ်ဆင်ထားပြီး Honor V30 နဲ့ တူပါတယ်။ Punch-hole မှာ ကင်မရာ ၂ လုံး ထည့်သွင်းထားပြီး ၁ လုံးက 32MP Sensor ဖြစ်ပါတယ်။ ကုမ္ပဏီက ၁၀၅ ဒီဂရီ မြင်ကွင်းကျယ် ဆဲလ်ဖီး ဓါတ်ပုံတွေ ဖမ်းယူနိုင်မယ်လို့ ပြောထားတဲ့အတွက် သူငယ်ချင်းများစွာနဲ့ အလန်းစား ဆဲလ်ဖီးတွေဆွဲနိုင်မှာပါ။

Sony IMX686 60MP Quad-Camera ကို အနောက်ဘက်မှာ တပ်ဆင်ထားမယ်လို့သတင်းထွက်နေပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့မှာ Nova 6 5G နဲ့အတူ Nova 6 SE ကိုပါ ကြေညာနိုင်ပါတယ်။

Ref : gizmochina