Zawgyi

Huawei ကုမၸဏီဟာ လက္ရွိမွာ စမတ္ဖုန္းအသစ္ႏွစ္ခုကို မိတ္ဆက္ဖို႔ ျပင္ဆင္ေနတယ္လို႔ သတင္းထြက္ေနပါတယ္။ တစ္ခုက ေမာ္ဒယ္နံပါတ္ OXF-AN00 နဲ႔ Honor V30 5G ျဖစ္ၿပီး ၄င္းဟာ တရုတ္ျပည္ရဲ႕ TENAA အသိအမွတ္ျပဳျခင္းကို ရရွိခဲ့ၿပီးျဖစ္ပါတယ္။ ယေန႔မွာေတာ့ ေမာ္ဒယ္နံပါတ္ WLZ-AN00 ဟာလည္း TENAA အတည္ျပဳခ်က္ ရရွိခဲ့ၿပီး သူကေတာ့ Nova 6 5G အျဖစ္ ေရာက္လာမယ္လို႔ သတင္းထြက္လာခဲ့ပါတယ္။

ဒါတင္မကဘဲ Nova 6 5G ရဲ႕ Render ပုံရိပ္ပါ တစ္ခါတည္း ထြက္ရွိလာခဲ့ၿပီး ေရွ႕နဲ႔ေနာက္ဘက္ ဒီဇုိင္းေတြကို ၾကည့္ရႈခြင့္ရခဲ့ပါတယ္။ ႏွစ္ဘက္စလုံးမွာ Glass Panel ကို သုံးစြဲထားတာျဖစ္ၿပီး အေရာင္ေျပးနဲ႔ ေနာက္ဘက္ကိုယ္ထည္က ကင္မရာသုံးလုံးကို ေဒါင္လုိက္ထည့္သြင္းထားပါတယ္။ သူ႕ေဘးမွာ 3D ToF Sensor သို႔မဟုတ္ Laser Autofocus လို႔ ယူဆရတဲ့ Module တစ္ခုလည္း ပါဝင္ပါတယ္။

Huawei Nova 6 5G ရဲ႕ေရွ႕ဘက္မ်က္ႏွာျပင္ကေတာ့ Notch ကင္းရွင္းတဲ့ Display ကို ေတြ႕ရပါတယ္။ ဒါေပမယ့္ Screen ရဲ႕အေပၚညာဘက္ေထာင့္မွာ Punch-hole အရွည္ေလးကိုျမင္ရၿပီး ျဖတ္ထားတဲ့ေနရာကိုၾကည့္ရင္ ကင္မရာတစ္လုံးထဲအတြက္ မကတာကို ျမင္ရမွာပါ။ ဒါ့ေၾကာင့္ Dual Punch-hole ဆယ္ဖီကင္မရာလို႔ ယူဆရၿပီး Fingerprint ကိုလည္း In-display ပဲထည့္လာမွာပါ။

Nova 5T

သူနဲ႔ပတ္သက္တဲ့ အျခား Specs ေတြကိုေတာ့ ေလာေလာဆယ္ မသိရေသးပါဘူး။ ဒီဟန္းဆက္ဟာ 5G သာမက ရုိးရုိး 4G ဗားရွင္းနဲ႔လည္း ထြက္လာႏုိင္ပါတယ္။ Nova 5G ဟာ အခုႏွစ္ ဒီဇင္ဘာလမွာ ထြက္လာမယ္လို႔ ေမွ်ာ္လင့္ထားတဲ့ အတြက္ လာမယ့္အခ်ိန္တုိအတြင္းမွာ ထပ္ၿပီး ျမင္ေတြ႕ရဦးမွာပါ။

Ref – GizmoChina

Unicode

Huawei ကုမ္ပဏီဟာ လက်ရှိမှာ စမတ်ဖုန်းအသစ်နှစ်ခုကို မိတ်ဆက်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်နေပါတယ်။ တစ်ခုက မော်ဒယ်နံပါတ် OXF-AN00 နဲ့ Honor V30 5G ဖြစ်ပြီး ၎င်းဟာ တရုတ်ပြည်ရဲ့ TENAA အသိအမှတ်ပြုခြင်းကို ရရှိခဲ့ပြီးဖြစ်ပါတယ်။ ယနေ့မှာတော့ မော်ဒယ်နံပါတ် WLZ-AN00 ဟာလည်း TENAA အတည်ပြုချက် ရရှိခဲ့ပြီး သူကတော့ Nova 6 5G အဖြစ် ရောက်လာမယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

Huawei Nova 6 5G Render

ဒါတင်မကဘဲ Nova 6 5G ရဲ့ Render ပုံရိပ်ပါ တစ်ခါတည်း ထွက်ရှိလာခဲ့ပြီး ရှေ့နဲ့နောက်ဘက် ဒီဇိုင်းတွေကို ကြည့်ရှုခွင့်ရခဲ့ပါတယ်။ နှစ်ဘက်စလုံးမှာ Glass Panel ကို သုံးစွဲထားတာဖြစ်ပြီး အရောင်ပြေးနဲ့ နောက်ဘက်ကိုယ်ထည်က ကင်မရာသုံးလုံးကို ဒေါင်လိုက်ထည့်သွင်းထားပါတယ်။ သူ့ဘေးမှာ 3D ToF Sensor သို့မဟုတ် Laser Autofocus လို့ ယူဆရတဲ့ Module တစ်ခုလည်း ပါဝင်ပါတယ်။

Huawei Nova 6 5G ရဲ့ရှေ့ဘက်မျက်နှာပြင်ကတော့ Notch ကင်းရှင်းတဲ့ Display ကို တွေ့ရပါတယ်။ ဒါပေမယ့် Screen ရဲ့အပေါ်ညာဘက်ထောင့်မှာ Punch-hole အရှည်လေးကိုမြင်ရပြီး ဖြတ်ထားတဲ့နေရာကိုကြည့်ရင် ကင်မရာတစ်လုံးထဲအတွက် မကတာကို မြင်ရမှာပါ။ ဒါ့ကြောင့် Dual Punch-hole ဆယ်ဖီကင်မရာလို့ ယူဆရပြီး Fingerprint ကိုလည်း In-display ပဲထည့်လာမှာပါ။

Nova 5T

သူနဲ့ပတ်သက်တဲ့ အခြား Specs တွေကိုတော့ လောလောဆယ် မသိရသေးပါဘူး။ ဒီဟန်းဆက်ဟာ 5G သာမက ရိုးရိုး 4G ဗားရှင်းနဲ့လည်း ထွက်လာနိုင်ပါတယ်။ Nova 5G ဟာ အခုနှစ် ဒီဇင်ဘာလမှာ ထွက်လာမယ်လို့ မျှော်လင့်ထားတဲ့ အတွက် လာမယ့်အချိန်တိုအတွင်းမှာ ထပ်ပြီး မြင်တွေ့ရဦးမှာပါ။

Ref – GizmoChina