[Unicode]

Huawei က Nova 6 , Nova 6 5G နဲ့ Nova 6 SE တို့ကို ကြေညာလိုက်ပါတယ်။ Nova 6 SE ဟာ စွမ်းရည်သင့် စမတ်ဖုန်း ဖြစ်ပြီး Quad Camera , Kirin 810 Chipset နဲ့ အရွယ်ကြီး 4,200mAh Battery ထည့်ထားပါတယ်။ Nova 6 နဲ့ Nova 6 5G တို့က စွမ်းရည်မြင့် ဖုန်းတွေ ဖြစ်ပါတယ်။

Nova 6 SE မှာ ၆.၄ လက်မ FHD+ LCD Display တပ်ဆင်ထားပြီး Punch-hole မှာ 16MP Selfie Camera ထည့်ထားပါတယ်။ တခြား Nova 6 မော်ဒယ် ၂ လုံးမှာလိုပဲ Nova 6 SE ရဲ့ ဘေးဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။

အနောက်ဘက်မှာ Camera ၄ လုံး တပ်ဆင်ထားပြီး 48MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Macro တွေ ထည့်ထားပါတယ်။ Kirin 810 Chipset မောင်းနှင်ထားပြီး 8GB RAM နဲ့ 128GB Storage တွေ ပါပါတယ်။ 4,200mAh Battery ပါပြီး 40W Huawei SuperCharge Support ထည့်ထားတဲ့ အတွက် အားသွင်းရင် ဖလန်းဖလန်း မြန်နေမှာပါ။

8/128GB မော်ဒယ်ကို ၂,၁၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၄၆၀,၀၀၀ လောက်ရှိပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena

[Zawgyi]

48MP Quad Camera နဲ့ Kirin 810 ပါတဲ့ Huawei Nova 6 SE ကို ကြေညာ





Ref : gsmarena