Zawgyi

Huawei ကုမၸဏီဟာ အခုတေလာ သတင္းထြက္ေနတဲ့ Nova 6 စမတ္ဖုန္းသစ္အတြက္ မိတ္ဆက္မယ့္ရက္ကို ေၾကညာလုိက္ပါၿပီ။ ကုမၸဏီရဲ႕ တရားဝင္ Weibo အေေကာင့္ကေန မိတ္ဆက္ပြဲအတြက္ အခ်က္အလက္ေတြကို ထုတ္ျပန္ခဲ့ကာ ဒီဇင္ဘာ ၅ ရက္ေန႔မွာ Nova 6 ဖုန္းကို ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။

Huawei ရဲ႕ အမွတ္တံဆိပ္ခြဲျဖစ္တဲ့ Honor ကလည္း Nova 6 5G စမတ္ဖုန္းရဲ႕ ေမာင္ႏွမလို႔ဆုိရမယ့္ Honor V30 စမတ္ဖုန္းကို ပြဲထုတ္ဖို႔ ျပင္ဆင္ေနၿပီး Huawei ထက္ အနည္းငယ္ေစာကာ ႏုိဝင္ဘာ ၂၆ ရက္ေန႔မွာ မိတ္ဆက္သြားမွာ ျဖစ္ပါတယ္။

Nova 6 5G စမတ္ဖုန္းရဲ႕ အဓိက Feature တစ္ခုကေတာ့ Display ေပၚမွာ ပါဝင္တဲ့ Dual-selfie ကင္မရာပါပဲ။ အဆုိပါကင္မရာဟာ ပုံမွန္နဲ႔ Ultrawide Sensor တုိ႔ျဖစ္မယ္လို႔လည္း Huawei က Tease လုပ္ထားၿပီးပါၿပီ။ သတင္းေတြ အရေတာ့ Ultra-wide Sensor ဟာ 105 ဒီဂရီထိ ရုိက္ကူးႏုိင္တယ္လို႔ ဆုိထားတာေၾကာင့္ လက္ရွိဖုန္းေတြေပၚမွာ ျမင္ဖူးသမွ် Ultra-wide Selfie ကင္မရာေတြအားလုံးထက္ ပိုက်ယ္ျပန္႔တဲ့ပမာဏျဖစ္ပါတယ္။

Huawei Nova 6 5G စမတ္ဖုန္းမွာ Kirin 990 ခ်စ္ပ္ဆက္ကို အသုံးျပဳထားၿပီး 5G ခ်ိတ္ဆက္ႏုိင္စြမ္း တစ္ပါတည္း ပါဝင္မွာျဖစ္ပါတယ္။ 40W အားသြင္းစနစ္နဲ႔ Sony ရဲ႕ အသစ္စက္စက္ 60MP IMX686 Sensor လည္း ထည့္သြင္းလာမွာပါ။ မိတ္ဆက္ပြဲကိုေရာက္ဖို႔ ရက္အနည္းငယ္လိုေသးတဲ့အတြက္ ေနာက္ထပ္ဘာေတြ Tease လုပ္လာဦးမလဲ ဆုိတာ ေစာင့္ၾကည့္ရဦးမွာပါ။

Ref – GSM Arena

Unicode

Huawei ကုမ္ပဏီဟာ အခုတလော သတင်းထွက်နေတဲ့ Nova 6 စမတ်ဖုန်းသစ်အတွက် မိတ်ဆက်မယ့်ရက်ကို ကြေညာလိုက်ပါပြီ။ ကုမ္ပဏီရဲ့ တရားဝင် Weibo အေကောင့်ကနေ မိတ်ဆက်ပွဲအတွက် အချက်အလက်တွေကို ထုတ်ပြန်ခဲ့ကာ ဒီဇင်ဘာ ၅ ရက်နေ့မှာ Nova 6 ဖုန်းကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Huawei ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor ကလည်း Nova 6 5G စမတ်ဖုန်းရဲ့ မောင်နှမလို့ဆိုရမယ့် Honor V30 စမတ်ဖုန်းကို ပွဲထုတ်ဖို့ ပြင်ဆင်နေပြီး Huawei ထက် အနည်းငယ်စောကာ နိုဝင်ဘာ ၂၆ ရက်နေ့မှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

Nova 6 5G စမတ်ဖုန်းရဲ့ အဓိက Feature တစ်ခုကတော့ Display ပေါ်မှာ ပါဝင်တဲ့ Dual-selfie ကင်မရာပါပဲ။ အဆိုပါကင်မရာဟာ ပုံမှန်နဲ့ Ultrawide Sensor တို့ဖြစ်မယ်လို့လည်း Huawei က Tease လုပ်ထားပြီးပါပြီ။ သတင်းတွေ အရတော့ Ultra-wide Sensor ဟာ 105 ဒီဂရီထိ ရိုက်ကူးနိုင်တယ်လို့ ဆိုထားတာကြောင့် လက်ရှိဖုန်းတွေပေါ်မှာ မြင်ဖူးသမျှ Ultra-wide Selfie ကင်မရာတွေအားလုံးထက် ပိုကျယ်ပြန့်တဲ့ပမာဏဖြစ်ပါတယ်။

Huawei Nova 6 5G စမတ်ဖုန်းမှာ Kirin 990 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး 5G ချိတ်ဆက်နိုင်စွမ်း တစ်ပါတည်း ပါဝင်မှာဖြစ်ပါတယ်။ 40W အားသွင်းစနစ်နဲ့ Sony ရဲ့ အသစ်စက်စက် 60MP IMX686 Sensor လည်း ထည့်သွင်းလာမှာပါ။ မိတ်ဆက်ပွဲကိုရောက်ဖို့ ရက်အနည်းငယ်လိုသေးတဲ့အတွက် နောက်ထပ်ဘာတွေ Tease လုပ်လာဦးမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာပါ။

Ref – GSM Arena