Huawei ဟာ Nova 7 SE ကို ဈေးကွက်ထဲမိတ်ဆက်ပြီး သိပ်မကြာခင်မှာပဲ Nova 7 SE ဗားရှင်းသစ်ကို ထပ်ပြီး မိတ်ဆက်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ဗားရှင်းသစ်နဲ့ Nova 7 SE ဟာ Life ဗားရှင်းလို့ ခေါ်ဝေါ်ကြောင်းလည်း သိရပါတယ်။ ဒီ ဟန်းဆက်က အခုအချိန်မှာတော့ TENAA ပေါ်ကို ရောက်နေတာလည်း တွေ့ရပါတယ်။

Nova 7 SE Life ဟာ အပေါ်ယံကြည့်ရင်တော့ Nova 7 SE နဲ့ အတူတူပဲလို့ ထင်ရပါတယ်။ ဒါပေမယ့် အတွင်းအစိတ်အပိုင်းအချို့တော့ တူမှာမဟုတ်ပါဘူး။ TENAA ကတစ်ဆင့် သိရသလောက်ဆိုရင် Nova 7 SE Life ဟာ “2.4GHz octa-core” processor နဲ့ ဖြစ်ပါတယ်။ ဒါဟာ လက်ရှိ Nova 7 SE မှာသုံးထားတဲ့ Kirin 820 Chip နဲ့ အတူတူပဲလို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် Nova 7 SE Life မှာသုံးမှာက MediaTek Dimensity 800U chipset ဖြစ်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ ဒီ Chip ဟာ TSMC မှာ တည်ဆောက်ထားတဲ့ 7nm chip နဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါ့အပြင် CPU layout (2x A76 နဲ့ 6x A55) ချင်းလည်း တူပါတယ်။ မတူတာက Graphic ပိုင်းမှာ Mp6 ကနေ Mail-G57) ကို အဆင့်လျှော့ချထားတာ ဖြစ်ပါတယ်။

ဒီလိုမျိုး Chipset အမျိုးအစားမတူညီတဲ့နောက်ကွယ်က အကြောင်းရင်းဟာ TSMC နဲ့ ဆက်ပြီး အလုပ်မလုပ်နိုင်တော့တဲ့အတွက်ကြောင့်ပဲ ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ Huawei ဟာ TSMC နဲ့ လုပ်ကိုင်မှုမရပ်တန့်ခင်နောက်ဆုံးနေ့ရက်တွေမှာ Mate 40 တို့လို Flagship တွေအတွက် Chipset အမှာစာကိုပဲ အာရုံစိုက်ခဲ့တာကြောင့် အခုလိုမျိုး Mid-ranger တွေအတွက် လစ်ဟာသွားရတယ်လို့ ယူဆရပါတယ်။

လက်ရှိအချိန်အထိ သိရသလောက်ကတော့ Huawei nova 7 SE Life ဟာ Chipset ကလွဲရင် အခြားအပြောင်းအလဲမရှိဘူးဆိုတာပါပဲ။ Vanilla SE လိုပဲ 8GB of RAM နဲ့ 128GB storage ဖြစ်ပြီး 6.5-inch 1080p+ LCD မျက်နှာပြင်နဲ့ပဲ ဖြစ်တယ်လို့ဆိုပါတယ်။ ဘက်ထရီကလည်း 3,900mAh (4000mAh ဖြစ်နိုင်) ဖြစ်ပြီး 40W အမြန်အားသွင်းစနစ်ဖြစ်ပါလိမ့်မယ်။

ကင်မရာပိုင်းမှာလည်း 64MP အဓိကကင်မရာ၊ 8MP ultra-wide, 2MP helper နှစ်လုံး ပါဝင်ပါလိမ့်မယ်။ Selfie ကင်မရာကတော့ 16MP ဖြစ်ပါလိမ့်မယ်။ Huawei nova 7 SE Life ကို ဘယ်အချိန်မှာ ဈေးကွက်ထဲဖြန့်ချိမယ်ဆိုတာ မသိရသေးပါဘူး။

Ref: GSM Arena