Huawei ဟာ ချစ်သူများနေ့အမှီ ၁၃ ရက်နေ့က မလေးရှားမှာ nova 7i ကို ကြေညာခဲ့ပါတယ်။ နာမည်က အသစ် ဖြစ်ပေမယ့် အဲဒီ စမတ်ဖုန်းဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ကြေညာခဲ့တဲ့ nova 6 SE ဖြစ်ပါတယ်။ nova 7i မှာ ၆.၄ လက်မ FHD+ မျက်နှာပြင် ထည့်သွင်းထားပြီး Punch Hole မှာ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာပါတယ်။

အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။ အနောက်ကင်မရာ ၄ လုံးကို လေးထောင့်ပုံ အကွက်ထဲမှာ စုစည်းထားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။

Huawei nova 7i မှာ Kirin 810 Chipset မောင်းနှင်ထားပြီး 8GB RAM နဲ့ 128GB Storage တွေ ပါပါတယ်။ Android 10 အခြေပြု EMUI 10 မောင်းနှင်ထားပြီး 4,200mAh ဘက်ထရီမှာ 40W Fast Charging ပါတဲ့အတွက် အားသွင်းရင် အရမ်းမြန်ပါတယ်။

Huawei nova 7i ကို ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး အနက်၊ အစိမ်းနဲ့ ပန်းရောင်တွေ ထုတ်လုပ်ထားပါတယ်။ ကြိုတင်မှာယူသူတွေကို Huawei Band 4 လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။ မလေးရှား ရင်းဂစ် ၁,၀၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်း ၈ သောင်းလောက်ရှိပါတယ်။

Ref : gsmarena