HUAWEI ၏ nova series စမတ်ဖုန်များသည် ထူးခြားလှပသောဒီဇိုင်းပုံစံ၊ ကောင်းမွန်သော စွမ်းဆောင်ရည်ပိုင်း၊ အရည်အသွေးမြင့်မားသည့်ကင်မရာများနှင့် ဖွဲ့စည်းထားပြီး ဈေးနှုန်းသင့်တင့်မျှတမှုကြောင့် မြန်မာလူငယ်များအကြား ရေပန်းစားကျော်ကြားပြီးသား စမတ်ဖုန်းအမျိုးအစားတစ်ခုလည်းဖြစ်ပါသည်။ အဆိုပါ nova Series အမျိုးအစားထဲမှ မြန်မာနိုင်ငံအတွက် ပထမဆုံး 5G အထောက်အပံ့ပေးထားသော nova Series အမျိုးအစားထဲမှ မော်ဒယ်အမျိုးအစား အသစ်တစ်ခုကို Huawei မှ မကြာမီကာလအတွင်း မိတ်ဆက်သွားတော့မည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် ကင်မရာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ထားမှု၊ Huawei ကိုယ်ပိုင် 5G SoC အမျိုးအစားကို အသုံးပြုထားနိုင်ဖွယ် ရှိပြီး ယခင် nova 7i ကတည်းက လူကြိုက်များခဲ့သည့် နာရီဝက်အတွင်း ဖုန်းအားကို ၇၀% ကျော်အထိပြန်လည် ဖြည့်သွင်းပေးနိုင်မည့် 40W Super Charge နည်းပညာကိုလည်း ထောက်ပံ့ပေးထားကြောင်း သိရသည်။

အဆိုပါ HUAWEI nova 7SE တွင် HUAWEI ၏ ကိုယ်ပိုင် Kirin Chipset များအနက်မှ 5G ကိုအထောက်အပံ့ပေးထားသော Chipset ဖြင့်ပွဲထွက်လာဖွယ်ရှိပြီး အဆိုပါ Chipset သည် 5G modern ကိုတစ်ပါတည်းတပ်ဆင်ထားသော 7nm အရွယ်အစား Processor အမျိုးအစားဖြစ်ပါသည်။ 5G modern ကို တစ်ပါတည်းတပ်ဆင်ထားသောကြောင့် Processor နှင့် Modern ကိုသီးခြားခွဲပြီး တပ်ဆင်ထားသော အခြား Chipset များထပ် အပူထုတ်လွှတ်မှုပိုမိုနည်းပါးစေမည် ဖြစ်သည့်အပြင် စွမ်းအင်သုံးစွဲမှုအပိုင်းတွင်လည်း ပိုမိုကောင်းမွန်စွာ ထိန်းချုပ်လုပ်ဆောင်နိုင်စွမ်းလည်း ရှိပါသည်။

အဆိုပါ nova Series ဖုန်းအမျိုးအစားသစ်သည် Punch FullView မျက်နှာပြင်အမျိုး အစား Display ကို အသုံးပြုထားဖွယ်ရှိပြီး Punch Display အမျိုးအစားကြောင့် Screen-to-Body ratio ကို မြင့်မားစွာဖြင့် မြင်ကွင်းကိုခံစားရရှိစေမှာဖြစ်ပါသည်။ ထို့အပြင် ဖုန်း၏ကျောဘက်ပိုင်းအတွက် 3D Glass ကိုတပ်ဆင်ပေးထားသည့်အတွက် ကိုင်တွယ်ရမှုအပိုင်းတွင် Premium ဖုန်းအတွေ့အကြုံကို ခံစားရစေမှာဖြစ်ကြောင်းလည်း သိရသည်။

ကင်မရာပိုင်းအတွက် 64MP AI Quad Camera (ကင်မရာ ၄လုံး) အတွဲအစပ်ဖြင့် ပွဲထွက်လာဖွယ်ရှိပြီး Ultra-Wide Angle Lens ၊ Macro Lens နှင့် Bokeh Lens များပါ တပ်ဆင်ထားဖွယ်ရှိသည်။ 4K video ရိုက်ကူးမှုများ၊ ညအလင်းရောင်အားနည်းချိန်တွင် ပုံရိပ်ကောင်းများရိုက်ကူးနိုင်စွမ်း၊ အစရှိသည့် ထူးခြားချက်များပါဝင်လာနိုင်ပါသည်။ ထို့အပြင် 5G Processor အသစ်၏ Graphics စွမ်းဆောင်ရည်ပိုင်းနှင့် AI နည်းပညာပိုင်း ကောင်းမွန်မှုတို့နှင့် အတူ အရည်အသွေးမြင့်မားသည့် ပုံရိပ်များနှင့် ဗီဒီယိုများကို ကိုယ်တိုင်ကိုယ်ကျ ဖန်တီးရိုက်ကူးနိုင်စေမှာပဲဖြစ်သည်။

အထက်ပါနည်းပညာမြင့် စွမ်းဆောင်ရည်များအပြင် နေ့စဉ်ဖုန်းသုံးစွဲမှုအပိုင်းနှင့် အနာဂတ် 5G နည်းပညာရရှိချိန်တွင် ပိုမိုကောင်းမွန်သည့် နေ့စဉ်ဖုန်းသုံးစွဲမှု အတွေ့အကြုံကောင်းများကို ရရှိစေရန် လုံလောက်သည့် ပမာဏရှိသည့် ဘက်ထရီ ပမာဏကို ထည့်သွင်းပေးသွားမည် ဖြစ်သည့်အပြင် HUAWEI ၏ နာမည်ကျော် 40W Supercharge နည်းပညာကိုပါ အဆိုပါ ဖုန်းအမျိုးအစားသစ်တွင်မြင်တွေ့ရဖွယ်ရှိသည်။ 40W Supercharge နည်းပညာက ဖုန်းဘက်ထရီကို 0 မှ 70% အထိကို နာရီဝက်အတွင်း အချိန်တိုတောင်းစွာ ပြန်လည်အားဖြည့်သွင်းပေးနိုင်မှုကြောင့် သုံးစွဲသူများ၏ နေ့စဉ်ဖုန်းသုံးစွဲမှုအပိုင်းကို ပိုမိုကောင်းမွန်သည့် အတွေ့အကြုံသစ်များပေးစွမ်းစေနိုင်မှာပဲဖြစ်ပါသည်။ အဆိုပါ HUAWEI nova စီးရီးအမျိုးအစား ဖုန်းအသစ်ကို မြန်မာနိုင်ငံတွင် လာမည့်အပတ်များအတွင်း မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရပြီး ယခုကဲ့သို့လျင်မြန်စွာ တိုးတက်ပြောင်းလဲနေသည့် ခေတ်ကာလအတွင်းပိုမိုကောင်းမွန်သည့်ဆက်သွယ်ရေးနည်းပညာသစ်ကို လက်တွေ့ခံစားရရှိစေမည်ဖြစ်သည့်အပြင် နေ့စဉ်အသုံးပြုမှုနှင့် ဓာတ်ပုံဗီဒီယို ရိုက်ကူးမှုအပိုင်းအတွက် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံသစ်များကိုပေးစွမ်းနိုင်မှာပဲဖြစ်ပါတော့သည်။

Source – HUAWEI Myanmar