Huawei nova 8 နဲ့ Honor V40 Series  တွေကို ဒီဇင်ဘာလမှာ ကြေညာတော့မယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ Series ၂ ခုရဲ့ အနောက်ကင်မရာ ဒီဇိုင်း ဓါတ်ပုံတွေလည်း တွစ်တာကနေထွက်လာပြီး အရမ်းကို တူညီနေတာ မြင်ရပါတယ်။

Huawei nova 8 and Honor V40 to share similar camera design

Huawei ဟာ nova 8 SE ကို မကြာခင်က ကြေညာခဲ့ပြီး Huawei nova 7 SE ကို MediaTek Chipset နဲ့ အဆင့်မြှင့်ထားတဲ့ စမတ်ဖုန်းလို့ ပြောနိုင်ပါတယ်။ Huawei ဟာ nova 8, nova 8 Pro  နဲ့ nova 8i တို့ကိုပါ ဆက်လက် ကြေညာမယ်လို့ ထင်ရပါတယ်။ Huawei ရဲ့ ရုံးချုပ် တည်ရှိတဲ့ ရှန်ဇန်မှာ မိတ်ဆက်ပွဲ ကျင်းပနိုင်ပါတယ်။

Huawei Nova 8 series December arrival leak

Honor V40 Series ကိုလည်း ဒီဇင်ဘာလလယ် ဘေဂျင်းမှာ ကြေညာမှာ ဖြစ်ပြီး ဖုန်းတချို့မှာ MediaTek Dimensiy 1000+ Chipset နဲ့ ဖုန်းတချို့မှာ Kirin 9000 Chipset တွေ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ ပေါက်ကြား သတင်းတွေအရ 50MP RYYB ကင်မရာ၊ 66W Wired Charging နဲ့ 40W Wireless Charging တွေ ထည့်သွင်းထားနိုင်ပါတယ်။

50MP ပင်မ ကင်မရာနဲ့အတူ တခြား ကင်မရာ ၃ လုံးကိုလည်း LED Flash နဲ့အတူ တပ်ဆင်ထားနိုင်ပါတယ်။ ဈေးနှုန်းနဲ့ရောင်းချမယ့် အချိန်တွေကို မသိရသေးပါဘူး။

Ref : gsmarena