Huawei nova 8 Series ကို ဒီလ ၂၃ ရက်နေ့မှာ ကြေညာတော့မယ်လို့ ထင်ရပြီး အဲဒီစမတ်ဖုန်းတွေရဲ့ သတင်းအချက်အလက်နဲ့ ဓါတ်ပုံတွေ မကြာခဏ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း တရုတ်က Huawei စတိုး ၁ ခုမှာ nova 8 ကို တွေ့လာရပြီ ဖြစ်ပြီး ရှုထောင့်မျိုးစုံကနေ ဖုန်း ဒီဇိုင်းကို လေ့လာလို့ရလာပါတယ်။ အရင်ပေါက်ကြားခဲ့တဲ့ သတင်းလိုပဲ nova 8 မှာ ၆.၅၇ လက်မ မျက်နှာပြင်ကွေး ပါလာပြီး Kirin 985 Chipset နဲ့ 66W Fast Charging ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။

မျက်နှာပြင် အထက် အလယ်နားမှာ Punch Hole ၁ ခု ပါလာပြီး 90Hz Refresh Rate ထောက်ပံ့ထားမှာပါ။ ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပြီး အနောက်ဘက်မှာ 64MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံးကို ဘဲဥပုံ အကွက်ထဲမှာ ထည့်သွင်းထားပါတယ်။

အရွယ်အစား အပြည့်အစုံကိုလည်း တရားဝင် သိလာရပြီ ဖြစ်ပြီး 160.1 x 74.1 x 76.4mm ဖြစ်ပါတယ်။ အလေးချိန်က ၁၆၉ ဂရမ် ဖြစ်ပါတယ်။

Huawei nova 8 ရဲ့ About Section မှာ 3,700mAh ဘက်ထရီ၊  66W Fast Charging နဲ့ Android 10 အခြေပြု EMUI 11 ပါမယ်လို့ ဖော်ပြထားပါတယ်။ nova 8 အတွက် 8/128GB နဲ့ 8/256GB Version ၂ မျိုး ထုတ်လုပ်ထားနိုင်ပြီး Gradient , Purple , Green နဲ့ Black အရောင်တွေ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ တရုတ်က စတိုးမှာ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၃,၀၀၀ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၆ သိန်း ၂ သောင်းလောက် ကျသင့်မှာပါ။ ဒီလ ၂၃ ရက်ကျမှ ဈေးနှုန်း အပြည့်အစုံ၊ ရောင်းမယ့်အချိန်နဲ့ Specs အသေးစိတ်ကို သိရမှာပါ။

Ref : gsmarena