[Zawgyi]

Huawei အေနနဲ႔ သူတို႔ရဲ႕ Mid-range စမတ္ဖုန္းျဖစ္တဲ့ P Smart (2019) ကို မၾကာေသးခင္က မိတ္ဆက္ခဲ့ပါတယ္။ ဒီေန႔မွာေတာ့ အဆိုပါ P Smart (2019) စမတ္ဖုန္းကို Nova Lite 3 လို႔ နာမည္ေပးၿပီး ဂ်ပန္ႏိုင္ငံမွာ ထပ္မံ မိတ္ဆက္လိုက္ပါတယ္။

Nova Lite 3 ရဲ႕ Display အပိုင္းအတြက္ ၆.၂၁လက္မ မ်က္ႏွာျပင္အက်ယ္ရွိ LCD Display ကို အသုံးျပဳထားၿပီး Resolution ကေတာ့ 1080 x 2340 pixels ရွိပါတယ္။ Processor အပိုင္းအတြက္ Kirin 710 SoC ကို အသုံးျပဳထားတာျဖစ္ၿပီး RAM အေနနဲ႔ 3GB ပါဝင္မွာပါ။ Memory Storage ကိုေတာ့ 32GB ထည့္သြင္းေပးထားၿပီး MicroSD Card လည္း ထပ္စိုက္ႏိုင္မယ္လို႔ သိရပါတယ္။

ေနာက္ေက်ာဘက္ ကင္မရာအပိုင္းအတြက္ Aperture f/2.2 အက်ယ္ရွိ 13MP Camera နဲ႔ 2MP Depth Sensor ေတြကို ေဒါင္လိုက္တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 16MP Camera ကို Waterdrop Notch ထဲမွာ ထည့္သြင္းတပ္ဆင္ေပးထားပါတယ္။ Security အပိုင္းအတြက္ Fingerprint Sensor ပါဝင္မွာျဖစ္သလို Face Unlock စနစ္ကိုလည္း အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏ 3400mAh ပါဝင္ၿပီး micro-USB 2.0 ကို တပ္ဆင္ေပးထားပါတယ္။ အျမန္အားသြင္းစနစ္ ပါ၊ မပါကိုေတာ့ အတိအက် မသိရေသးပါဘူး။

Huawei Nova Lite 3 ကို အေရာင္ေတြအေနနဲ႔ Coral Red, Aurora Blue နဲ႔ Midnight Black ဆိုၿပီး အေရာင္ ၃မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ၿပီး ဂ်ပန္ႏိုင္ငံမွာေရာင္းခ်သြားမယ့္ ေစ်းႏႈန္းကေတာ့ ဂ်ပန္ေငြ ၂၆,၈၈၀ ယမ္း (ျမန္မာေငြ ၃၇၀,၀၀၀ ဝန္းက်င္) ျဖစ္ပါတယ္။

Ref : Gizmochina

[Unicode]

Huawei P Smart ကို Nova Lite 3 နာမည်နဲ့ ဂျပန်နိုင်ငံမှာ မိတ်ဆက်

Huawei အနေနဲ့ သူတို့ရဲ့ Mid-range စမတ်ဖုန်းဖြစ်တဲ့ P Smart (2019) ကို မကြာသေးခင်က မိတ်ဆက်ခဲ့ပါတယ်။ ဒီနေ့မှာတော့ အဆိုပါ P Smart (2019) စမတ်ဖုန်းကို Nova Lite 3 လို့ နာမည်ပေးပြီး ဂျပန်နိုင်ငံမှာ ထပ်မံ မိတ်ဆက်လိုက်ပါတယ်။

Nova Lite 3 ရဲ့ Display အပိုင်းအတွက် ၆.၂၁လက်မ မျက်နှာပြင်အကျယ်ရှိ LCD Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2340 pixels ရှိပါတယ်။ Processor အပိုင်းအတွက် Kirin 710 SoC ကို အသုံးပြုထားတာဖြစ်ပြီး RAM အနေနဲ့ 3GB ပါဝင်မှာပါ။ Memory Storage ကိုတော့ 32GB ထည့်သွင်းပေးထားပြီး MicroSD Card လည်း ထပ်စိုက်နိုင်မယ်လို့ သိရပါတယ်။

နောက်ကျောဘက် ကင်မရာအပိုင်းအတွက် Aperture f/2.2 အကျယ်ရှိ 13MP Camera နဲ့ 2MP Depth Sensor တွေကို ဒေါင်လိုက်တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 16MP Camera ကို Waterdrop Notch ထဲမှာ ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။ Security အပိုင်းအတွက် Fingerprint Sensor ပါဝင်မှာဖြစ်သလို Face Unlock စနစ်ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 3400mAh ပါဝင်ပြီး micro-USB 2.0 ကို တပ်ဆင်ပေးထားပါတယ်။ အမြန်အားသွင်းစနစ် ပါ၊ မပါကိုတော့ အတိအကျ မသိရသေးပါဘူး။

Huawei Nova Lite 3 ကို အရောင်တွေအနေနဲ့ Coral Red, Aurora Blue နဲ့ Midnight Black ဆိုပြီး အရောင် ၃မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပြီး ဂျပန်နိုင်ငံမှာရောင်းချသွားမယ့် စျေးနှုန်းကတော့ ဂျပန်ငွေ ၂၆,၈၈၀ ယမ်း (မြန်မာငွေ ၃၇၀,၀၀၀ ဝန်းကျင်) ဖြစ်ပါတယ်။

Ref : Gizmochina