HUAWEI nova Y70 တွင် 6.75-inch HUAWEI FullView Display ပါ၀င်ပြီး သုံးစွဲသူများကို စွဲမက်ဖွယ် အမြင်အာရုံခံစားမှုဖြင့် ပိုမိုကျယ်ပြန့်သောမြင်ကွင်းကို ယူဆောင်ပေးသည်။ ကြီးမားကျယ်ပြန့်သော မျက်နှာပြင်အချိုးအစား 90.26% နှင့် ကျဥ်မြောင်းသော notch ဒီဇိုင်းတို့ကြောင့် မျက်နှာပြင်သည် ရုပ်ပုံများ၊ ဗီဒီယိုများ သို့မဟုတ် ဂိမ်းများအတွက် ပိုမိုကျယ်ပြန့်သော မြင်ကွင်းများကို ပြသနိုင်သည်။ သုံးစွဲသူများ၏ မျက်လုံးအပေါ် ထိခိုက်မှုကို လျှော့ချရန် HUAWEI nova Y70 သည် smart dimming၊ luminous screen နှင့် e-book mode အပါအ၀င် အမျိုးမျိုးသော reading modes များကို ပံ့ပိုးပေးသည်။

အရောင်အသွေးနှင့် ဒီဇိုင်းပိုင်းအရ HUAWEI nova Y70 သည် အနုပညာဆန်ပြီးအလွန်ပြောင်မြောက်သည့် nova Y Series ၏ လက္ခဏာရပ်များကို ထပ်မံအမွေဆက်ခံထားသည်။ ၄င်း၏ သေသပ်လှပပြီး လက်ရာမြောက်သောအခုံးဒီဇိုင်းအပြင် Crystal Blue (အပြာ‌ရောင်)၊ Pearl White (အဖြူရောင်) နှင့် Midnight Black (အနက်ရောင်) ဟူ၍ သစ်လွင်သောအရောင် ၃ မျိုးဖြင့် လူငယ်များ၏ ဖက်ရှင်ကျမှုနှင့် အလွယ်တကူ ပေါင်းစပ်လိုက်ဖက် စေနိုင်မည်ဖြစ်သည်။

HUAWEI nova Y70 သည် ကြည်လင်ပြတ်သားပြီး အသေးစိတ်ကျသော selfie ပုံများကို ရိုက်ကူးနိုင်သည့် 8MP front camera ကို အဆင့်မြှင့်တင်ထားသည်။ အရှေ့ကင်မရာသည် bokeh effect ကို ပံ့ပိုးပေးပြီး Huawei ၏ ကိုယ်ပိုင်ဖန်တီးထားသော AI Beauty algorithm နှင့်အတူ အသုံးပြုသူ၏ အသက်နှင့် ကျားမစသည့် လက္ခဏာတို့ပေါ် အခြေခံ၍ bespoke beauty effect ကို ဖန်တီးနိုင်သည်။ တစ်ချိန်တည်းတွင် HUAWEI nova Y70 တွင် portraits နှင့် landscapes ပုံများကို ကြည်လင်ပြတ်သားစွာ ဖမ်းယူနိုင်စေရန် အလင်း၀င်ရောက်နှောင့်ယှက်မှုမရှိပဲ ပိုမိုအသေးစိတ်ကျ ရိုက်ယူနိုင်သည့် HDR backlight imaging technology ကိုလည်း ထည့်သွင်းပေးထားသည်။အနောက်ကင်မရာအတွက် HUAWEI nova Y70 တွင် 48MP (f/1.8 aperture) High-res Main Camera၊ 120° 5MP Ultra-Wide-Angle Camera နှင့် 2MP Depth Camera အပါအ၀င် AI Triple Camera ကို တပ်ဆင်အသုံးပြုပေးထားသည်။

HUAWEI nova Y70 ၏ဘက်ထရီနည်းပညာနှင့် Device တစ်ခုနှင့်တစ်ခုကြားချိတ်ဆက်နိုင်သည့် Multi-device connection feature သည် အကောင်းဆုံး ခေတ်မှီနည်းပညာအတွေ့အကြုံများကို ခံစားနိုင်မည်ဖြစ်သည်။ အားသွင်းမြန်ဆန်ကာ ကြာရှည်ခံ‌သော ဘက်ထရီသက်တမ်းနှင့် HUAWEI Super Device feature ကြောင့် Device နှစ်ခုနှင့် နှစ်ခုထက်ပိုသော Devices များကို ချိတ်ဆက်ရာတွင် Device တစ်ခုတည်းကို အသုံးပြုရသကဲ့သို့ ချိတ်ဆက်ရလွယ်ကူစေသည်။

HUAWEI nova Y70 ၏ အားသွင်းမြန်ဆန်ကာ ကြာရှည်ခံသော ဘက်ထရီကြောင့် Devices အများနှင့်ချိတ်ဆက်အသုံးပြုသည့်အခါတွင် ဘက်ထရီအားကုန်မှာ စိတ်ပူစရာမလိုဘဲ 6000 mAh ဘက်ထရီနှင့် 22.5W HUAWEI SuperCharge သည် ၁၀ မိနစ်အားသွင်းရုံဖြင့် ၃ နာရီကြာ ဗီဒီယိုများကို ဆက်တိုက်ကြည့်ရှုနိုင်ပြီး တစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ်သာ အားသွင်းရန်လိုအပ်သည်။

အကယ်၍ ဖုန်းဘက်ထရီ 5% ရှိနေစဉ် Low Battery Mode ကိုဖွင့်ထားပါက ၁၂ နာရီကြာဆက်လက်အသုံးပြု နိုင်သည်။ ထို့ပြင် HUAWEI nova Y70 ၏ ထူးခြားချက်မှာ အခြား Device များနှင့် Wired Reverse Charging သွင်းနိုင်သော 5V/1A output ထွက်သည့် Power Bank အနေဖြင့်လည်းအသုံးပြုနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် အခြား Smartwatches များနှင့် Smartphones များအား HUAWEI nova Y70 မှတစ်ဆင့် အားပြန်သွင်းနိုင်သည်။

HUAWEI nova Y70 သည် Huawei ecosystem နှင့် အံဝင်ခွင်ကျဖြစ်သော စမတ်ဖုန်းတစ်လုံးဖြစ်ပြီး Device တစ်ခုနှင့်တစ်ခုအကြား လွယ်ကူစွာချိတ်ဆက်နိုင်ပြီး လွယ်ကူစွာအားသွင်းနိုင်ကာ ပိုမိုကောင်းမွန်သော အသုံးပြုမှုအတွေ့အကြုံများကို ခံစားရနိုင်မည်ဖြစ်သည်။

ကြီးမားသော 6000 mAh ဘက်ထရီ၊ 22.5W HUAWEI SuperCharge၊ 4+128 GB Storage တို့ပါဝင်ပြီး ခေတ်မှီ Huawei Ecosystem အတွင်း Devices အချင်းချင်းလွယ်ကူစွာချိတ်ဆက်နိုင်သည့် HUAWEI nova Y70 အား မြန်မာကျပ် ၃၃၉,၀၀၀ ဖြင့် မြန်မာနိုင်ငံစျေးကွက်တွင် ဝယ်ယူရရှိနိုင်တော့မည် ဖြစ်သည်။

Press Release – HUAWEI