HUAWEI nova Y70 အား အကောင်းဆုံးနှင့်လွယ်ကူရိုးရှင်းသော အတွေ့အကြုံများကို ခံစားရစေရန် Features အသစ်များနှင့် လှပသော ဒီဇိုင်းတို့ဖြင့်ထုတ်လုပ်ထားသည်။ ကြာရှည်ခံသော ဘက်ထရီသက်တမ်းမှသည် မြင့်မားသော မျက်နှာပြင်အချိုးတို့အပြင် HUAWEI nova Y70 သည် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ခေတ်မှီသော Features များဖြင့် အသုံးပြုသူများ၏ လိုအပ်ချက်နှင့်အညီ လက်တွေ့ကျကျ ထုတ်လုပ်ထားသည်။ HUAWEI nova Y70 အား ဤအချက်လေးချက်ကိုကြည့်၍ရွေးချယ်နိုင်သည်။

ကြာရှည်ခံသော ဘက်ထရီနှင့် HUAWEI SuperCharge

HUAWEI nova Y70 သည် 22.5W HUAWEI SuperCharge ကို ထောက်ပံ့ပေးပြီး ၁၀ မိနစ်အားသွင်းရုံဖြင့် ၃ နာရီဆက်တိုက်ဗီဒီယိုများ ကြည့်ရှုနိုင်သည့်အတွက် အပြင်ထွက်သည့်အခါ ဘက်ထရီအားကုန်မှာကို စိုးရိမ်စရာမလိုဘဲ စိတ်ချစွာအသုံးပြုနိုင်မည်ဖြစ်သည်။ ထို့ပြင်ခရီးသွားသည့်အခါတွင်လည်း ဘက်ထရီအားခံသည့်အတွက် လမ်းတစ်လျောက်လုံး စိတ်ချလက်ချ အသုံးပြုနိုင်မည်ဖြစ်သည်။ ဘက်ထရီ အားကုန်ခါနီးသည့်အခါတွင်လည်း Low Battery Mode ကို ဖွင့်ထားပါက 5% အားကျန်လျင်တောင်မှ ၁၂ နာရီကြာ ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

ကြီးမားသော 6000mAh ဘက်ထရီသည် တစ်ပတ်လျှင် နှစ်ခါသာအားသွင်းရန်လိုအပ်ပြီး အရွယ်အစားတူသော အခြားဘက်ထရီများနှင့်ယှဉ်ပါက သက်တမ်းပိုမိုခံသည်ကို တွေ့ရမည်ဖြစ်သည်။ Huawei ၏ ထူးခြားသော AI Smart Power Saving Technology ကြောင့် အားအသုံးပြုဆုံးနေရာ ၈ နေရာအား အသုံးပြုမှုနည်းစေရန် အထောက်အပံ့ပေးသည်။

HUAWEI FullView HD+ Display

HUAWEI nova Y70 တွင် အရင်မော်ဒယ်ထက်ပိုကြီးသော 6.75 လက်မရှိသည့် HUAWEI FullView Display ပါဝင်သည့်အတွက် ဗီဒီယိုကြည့်ခြင်း၊ ဂိမ်းကစားခြင်းနှင့် ဓါတ်ပုံများကြည့်ရာတွင် ပိုမိုကြီးမားသော မျက်နှာပြင်ဖြင့် ကြည့်ရှုနိုင်မည်ဖြစ်သည်။ Display ဒီဇိုင်းသည် ပြောင်လက်ရိုးရှင်းပြီး ကျဉ်းမြောင်းသော Notch ဒီဇိုင်းဖြင့်ထုတ်လုပ်ထားကာ မျက်နှာပြင်အချိုးသည် 90.26% ရှိသည့်အတွက်ပုံရိပ်များကို ကောင်းမွန်စွာ ကြည့်ရှုနိုင်မည်ဖြစ်သည်။

AI Triple Camera

HUAWEI nova Y70 ၏ AI Triple Camera တွင် 48MP High-resolution Main Camera၊ 5MP Ultra-Wide Angle Camera နှင့် 2MP Depth Camera စသော ကင်မရာ ၃ လုံးပါရှိပြီး အရည်အသွေးကောင်းသော ဓါတ်ပုံများကို ရိုက်ကူးနိုင်မည်ဖြစ်သည်။

Main Camera သည် ဓါတ်ပုံများအား အလင်းရောင်ပိုမိုရရှိစေပြီး Portrait နှင့် ရှုခင်းပုံများရိုက်ကူးရာတွင် အကောင်းဆုံးဓါတ်ပုံများရရှိစေရန် ကူညီပေးသည်။ Ultra-Wide Angle Camera သည် အုပ်စုလိုက်ဓါတ်ပုံရိုက်သည့်အခါ ဓါတ်ပုံဖရိမ်ထဲတွင် လူအကုန်ပါစေရန် ကူညီပေးနိုင်သည်။ Depth Camera သည် ဓါတ်ပုံနောက်ခံအား ဝါးစေပြီး အရာဝတ္ထုအား ရုပ်လုံးပိုကြွစေသည်။ HUAWEI nova Y70 တွင်Triple Camera ပါဝင်သည့်အတွက် ကြိုက်နှစ်သက်ရာ ကင်မရာ Features များကိုရွေးချယ်နိုင်ပြီးအရည်အသွေးကောင်းသည့် ဓါတ်ပုံများကို ရိုက်ကူးနိုင်မည်ဖြစ်သည်။

128GB Storage

HUAWEI nova Y70 တွင် ဗီဒီယို ၆၀ ကျော်၊ သီးချင်း‌ပေါင်း ၁၃,၀၀၀၊ ရုပ်ရှင်အပိုင်းပေါင်း ၁၇၀ အထိ သိမ်းဆည်းထားနိုင်သော 128GB Storage ပါရှိသည်။ သိမ်းဆည်းရန် နေရာထပ်မံလိုအပ်ပါက MicroSD Card ထပ်စိုက်နိုင်ပြီး 512GB အထိ အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့ပြင် EROFTS Super File Compression နည်းပညာကြောင့် ဖိုင်များအား လွယ်ကူမြန်ဆန်စွာ ‌Download ပြုလုပ်နိုင်မည်ဖြစ်သည်။

ယခုကဲ့သို့ ကြာရှည်ခံသော ဘက်ထရီ၊ ကျယ်ပြန့်သော မျက်နှာပြင်၊ ကောင်းမွန်သော ကင်မရာနှင့် ကြီးမားသော Storage space တို့ပါဝင်သည့် HUAWEI nova Y70 ကို RAM 4 GB + 128 GB Storage အမျိုးအစားဖြင့် ရရှိမှာ ဖြစ်ပြီး အရောင်အားဖြင့် Crystal Blue (အပြာ‌ရောင်)၊ Pearl White (အဖြူရောင်) နှင့် Midnight Black (အနက်ရောင်)တို့အား မြန်မာကျပ် ၃၃၉,၀၀၀ ဖြင့် ဇွန်လဆန်းမှစ၍ မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်တော့မည်ဖြစ်သည်။

Press Release – HUAWEI