Huawei Consumer Business Group မှ ဖေဖော်ဝါရီလအတွင်း ဈေးကွက်ထဲသို့ တရားဝင်တင်သွင်းမိတ်ဆက်လာတော့မယ့် Huawei Nova 4 ကို ကြိုတင်ဝယ်ယူလိုသူများအနေနဲ့ စိတ်ဝင်စားဖွယ် လက်ဆောင်ပစ္စည်းများရရှိမှာ ဖြစ်ကြောင်း သူတို့ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ်စာမျက်နှာမှာ ကြေငြာထားပါတယ်။ မြန်မာနိုင်ငံမှာသာမက နိုင်ငံတကာမှာပါ ရောင်းအားကောင်းနေတဲ့ Nova စီးရီးဟာ စတင်ထုတ်လုပ်ရောင်းချချိန်မှ စပြီး ယခုအချိန်အထိ အလုံးရေပေါင်း သန်းနှစ်ရာ ရောင်းချထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲမှာ ဖေဖော်ဝါရီ ၁၃ရက် မတိုင်ခင်အထိ ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး ဝယ်ယူသူများအနေနဲ့ အကြောင်းငါးချက်ကြောင့် ကြိုတင်ဝယ်ယုသင့်ကြောင်း အောက်တွင်အသေးစိတ်ရေးသားဖော်ပြထားပါတယ်။

လှပကျော့ရှင်းပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ ထောက်ပံ့ကူညီနိုင်မယ့် Huawei Nova 4

Huawei Nova 4 ကို ဝယ်ယူမယ်ဆိုရင် လက်ဆောင်ရရှိမယ့် Huawei GT Watch ဟာ စမတ်လုပ်ဆောင်ချက်များ ပေါင်းစည်းထားတဲ့ Professional Sports Designed Smartwatch တစ်လုံးဖြစ်ပါတယ်။ အဆိုပါ Smartwatch မှာ သိပ္ပံနည်းကျ အိပ်စက်ခြင်းအား စောင့်ကြည့်နိုင်မယ့် လုပ်ဆောင်ချက်၊ ကြံခိုင်မှုအား စောင့်ကြည့်နိုင်မယ့် လုပ်ဆောင်ချက်၊ နှလုံးခုန်နှုန်းအား စောင့်ကြည့်နိုင်မယ့် လုပ်ဆောင်ချက်၊ GPS နဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်များနဲ့ အခြားသော လုပ်ဆောင်ချက်များပါဝင်တယ်လို့ သိရပါတယ်။ Ceramic Bezel Design ၊ Stainless Steel Shell နဲ့ DLC Coating ပါဝင်တဲ့အတွက် Huawei GT Watch ဟာ လှပကျော့ရှင်းပြီး တောင့်တင်းတဲ့ ဒီဇိုင်းပေးစွမ်းနိုင်ရုံသာမက မတော်တဆ ထိခိုက်မှုများမှ ကင်းဝေးစေနိုင်မှာ ဖြစ်ပါတယ်။ Double Chipset Architecture ကို ပထမဆုံးအနေနဲ့ ထည့်သွင်းထားပြီး Double-chipset Low Energy Consumption System ပါဝင်တဲ့ Huawei GT Watch ဟာ ပိုမိုကြာရှည်ခံတဲ့ ဘက်ထ္ထရီ သက်တမ်းကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ သာမန်အသုံးပြုမှုအတွက် ၂ ပတ်ကြာ အသုံးပြုနိုင်မှာဖြစ်ပြီး စံနှုန်းနဲ့ အသုံးပြုမှုအတွက် ရက် ၃၀ ကြာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အပြင်းအထန်သုံးစွဲမယ်ဆိုရင်တော့ ၂၂ နာရီကြာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

HUAWEI TruSeen™ 3.0 နှလုံးခုန်နှုန်းတိုင်းတာနိုင်မယ့် နည်းပညာက ပိုမိုအကျိုးသက်ရောက်မှုရှိပြီး တိကျတဲ့ တိုင်းတာမှုများကို self-learning algorithm နဲ့ တီထွင်ဆန်းသစ်တဲ့ ဆင်ဆာများမှ တဆင့် တိုင်းတာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Huawei GT Watch ဟာ ရေအနက် ၅၀ မီတာအထိ ၁၀ မိနစ်ကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ SWOLF Swimming Efficiency Index ကြောင့် ရေကူးတဲ့ ကိုယ်ဟန်အနေအထားအား သိရှိနိုင်ပြီဖြစ်ပြီး ရေကူးနေတဲ့ အကြိမ်အရေအတွက်ကိုလည်း အလိုအလျောက် သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြုလုပ်လိုက်တဲ့ အကွာအဝေး ၊ အချိန် ၊ ကုန်ဆုံးသွားတဲ့ ကယ်လိုရီနဲ့ ကူးခက်လိုက်တဲ့ အကြိမ်အရေအတွက်တွေကို အလိုအလျောက်သိရှိကာ ဒေတာ အချက်အလက်များအား ဖော်ပြနိုင်မယ်လို့ သိရပါတယ်။

Huawei Watch GT ဟာ သိပ္ပံနည်းကျ နည်းပြမှုတွေကိုလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Huawei Watch GT ကို introductory မှ advanced အထိ အမျိုးမျိုးသော running courses များအား အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ပေးနိုင်မှာဖြစ်ပြီး လှုပ်ရှားမှုပိုင်းဆိုင်ရာ တုံ့ပြန်မှုအား ပေးစွမ်းနိုင်မယ်လို့ သိရပါတယ်။ Huawei Watch GT မှ Outdoor Indoor နဲ့ training activities အစရှိတဲ့ အမျိုးမျိုးသော Sport Modes များကိုလည်း ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ HUAWEI TruSleep™ 2.0 က သာမန် အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို သိရှိစေနိုင်မှာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ပြုလုပ်နိုင်မယ့် အကြံဉာဏ်ပေါင်း ၂၀၀ ကျော်အား ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Huawei GT Watch က သုံးစွဲသူမှ ပြုလုပ်ခဲ့တဲ့ ခြေလှမ်းအရေအတွက် ၊ တစ်နေ့တာတွင် ထိုင်နေရတဲ့ အချိန်အတိုင်းအတာ နဲ့ ပြင်းထန်တဲ့ လုပ်ဆောင်ချက်များအတွက် စောင့်ကြည့်တိုင်းတာမှုတွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စာတို့ပို့ဆောင်မှု ၊ ဖုန်းခေါ်ဆိုမှု ၊ နှိုးစက် နဲ့ လုပ်ဆောင်ရန်လိုအပ်တဲ့ အသိပေးချက်များအားလုံးကိုလည်း လက်ကောက်ဝတ် မှ တဆင့် ထိန်းချုပ်နိုင်မယ်လို့ သိရပါတယ်။

Ultra-Wide Angel Lens ပါဝင်လာသည့် Huawei ၏ ပထမဆုံးသော Mid-Range စမတ်ဖုန်း
Huawei Nova 4 မှာ Huawei P20 Pro လိုမျိုး ကျောဘက် ကင်မရာ ၃ လုံးပါဝင်လာပြီး Ultra-Wide Angle Sensor ပါဝင်တဲ့ Huawei ရဲ့ ပထမဆုံးသော Mid-Range ဖုန်းတစ်လုံးဖြစ်ပါတယ်။ Huawei Nova 4 မှာ 16 MP (f/2.2) ပါဝင်တဲ့ Ultra-Wide Angle Sesnor ပါဝင်ပြီး 117º အထိ ကျယ်ပြန့်တဲ့ ပုံရိပ်များအား ရိုက်ကူးပုံဖော်နိုင်မှာ ဖြစ်ပါတယ်။ သုံးစွဲသူများမှ ဓာတ်ပုံတစ်ပုံရဲ့ ထောင့်များကို အထူးပြုလုပ်ထားတဲ့ မှန်ဘီလူးများနဲ့ လှပစွာ ချဲ့ထွင်နိုင်မှာဖြစ်ပြီး ထူးခြားတဲ့အမြင်ကို ယူဆောင်လာနိုင်မှာ ဖြစ်ပါတယ်။ Nova 4 ရဲ့ built-in stabilization နည်းပညာထည့်သွင်းထားမှုကြောင့် ကင်မရာတုန်ခါခြင်း လျော့နည်းစေပြီး ကောင်းမွန်တဲ့ long exposure ပုံရိပ်များအား ရိုက်ကူးစေနိုင်မှာ ဖြစ်ပါတယ်။

25 MP Selfie Superstar
Huawei Nova 4 မှာ 25 MP (f/2.0) ပါဝင်တဲ့ အရှေ့ ကင်မရာပါဝင်လာပြီး အဆိုပါ ကင်မရာတွင်ပင် AI ပါဝင်လာသောကြောင့် လှပတဲ့ Selfie ပုံရိပ်တွေကို ရိုက်ကူးစေနိုင်မှာ ဖြစ်ပါတယ်။ AI နည်းပညာနဲ့ သိန်းပေါင်းများစွာသော ဓာတ်ပုံရဲ့ ထူးခြားချက်တွေကို လေ့လာထားခြင်းကြောင့် အသုံးများတဲ့ ပုံရိပ်မြင်ကွင်း ၈ မျိုးအား ခွဲခြားသိမြင်ကာ အကောင်းဆုံး ပုံရိပ်ဖြစ်အောင် ချိန်ဆရိုက်ကူးစေနိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာ အရှေ့ကင်မရာကနေတဆင့် ကောင်းကင်ပြာ ၊ ပင်လယ် ၊ ပန်း ၊ အပင် ၊ နှင်း ၊ အခန်း ၊ ည နဲ့ စင်မြင့် အစရှိတဲ့ ပုံရိပ်အခြေအနေ ၈ မျိုးအား သိရှိနိုင်စေမှာဖြစ်ပါတယ်။

ပထမဆုံးသော Punch Hole Display Screen ပါဝင်လာတဲ့ Huawei Nova 4
Huawei မှ စမတ်ဖုန်းလောကအတွင်းမှာ အသေးငယ်ဆုံးသော အရှေ့ကင်မရာအား Nova 4 မှာ ထည့်သွင်းလာနိုင်ခဲ့ပါတယ်။ 3.05 mm အရွယ်သာ ရှိတဲ့ အဆိုပါကင်မရာ မှန်ဘီလူးရဲ့ အချင်းမှာ သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းထက် ၂၀ ရာခိုင်နှုန်း တိုတောင်းနေတာကိုလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် စမတ်ဖုန်းမျက်နှာပြင်ပေါ်ရှိ ကင်မရာ နေရာယူမှုအား လျှော့ချနိုင်ခဲ့ပါတယ်။ Huawei ရဲ့ တီထွင်ဆန်းသစ်တဲ့ Blind Hole နည်းပညာကြောင့် Through Hole နည်းပညာ အသုံးပြုထားတဲ့ ဖုန်းများနဲ့မတူတဲ့ အားသာချက်များ ထည့်သွင်းနိုင်ခဲ့ပါတယ်။ Through Hole နည်းပညာက အောက်ဆုံးအလွှာမှစကာ LCD အလွှာအထိ အလွှာတိုင်းအပေါက်ဖောက်ပြီးနောက် ကင်မရာအား ထည့်သွင်းထားခြင်းဖြစ်ပါတယ်။ Huawei မှ ၂ နှစ်နီးပါး အချိန်ပေးကာ တီထွင်ထားတဲ့ Blind Hole နည်းပညာက LCD Screen အထိ အပေါက်ဖောက်စရာမလိုတဲ့အတွက် Camera Lens ရဲ့ နေရာယူမှုကို ၁ မီလီမီတာအထိ လျှော့ချနိုင်ခဲ့ပါတယ်။ ကင်မရာအား ပိုမိုအတွင်းရောက်တဲ့ screen layer မှာ ထည့်သွင်းတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ အလင်းဖြာထွက်မှုကို ဖြေရှင်းနိုင်ရန်အတွက် Lens နဲ့ LCD Screen ရဲ့ နောက်ခံအလင်းအလွှာကြားမှာ 0.2 mm သာ ကွာခြားမှုရှိအောင် ဖုန်းအတွင်းပိုင်းရှိ အစိတ်အပိုင်းများအား ပြန်လည် နေရာချထားခဲ့ပါတယ်။ ယခုကဲ့သို့သော ဖွဲ့စည်းပုံအသစ်ကြောင့် camera support module မှ ဖုန်မှုန့် နှင့် လေခိုခြင်း ကင်းရှင်းစေနိုင်မည့် seal တစ်ခုအား ထည့်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

EMUI 9.0 ကြောင့် ပိုမိုကောင်းမွန်တဲ့ သုံးစွဲသူအတွေ့အကြုံအား ပေးစွမ်းနိုင်မှာဖြစ်ပြီး 8GB RAM ပါဝင်တဲ့အတွက် ဂိမ်းကစားခြင်း အတွေ့အကြုံအား အဆင့်မြှင့်တင်ပေးနိုင်
Huawei Nova 4 မှာ Flagship Series များတွင်သာ အသုံးပြုခဲ့တဲ့ 10nm Chipset ဖြစ်တဲ့ Kirin 970 အား အသုံးပြုထားတဲ့အတွက် ထိရောက်တဲ့ စွမ်းဆောင်ရည်တွေကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ Huawei Nova 4 မှာ 128GB ROM နဲ့ 8GB RAM ပါဝင်တဲ့အပြင် GPU Turbo 2.0 ပါဝင်သောကြောင့် ကောင်းမွန်တဲ့ ဂိမ်းကစားခြင်း အတွေ့အကြုံအား ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Huawei ရဲ့ ကိုယ်ပိုင် UI တစ်ခုဖြစ်တယ့် နောက်ဆုံးပေါ် EMUI 9.0 ပါဝင်တဲ့အတွက် ပိုမိုကောင်းမွန်တဲ့ Interfaces များနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး အလိုအလျှောက်သိနိုင်တဲ့ Gesture Control များပါဝင်လာမှာ ဖြစ်ပါတယ်။

ယခုကဲ့သို့သော အဆင့်မြင့်လုပ်ဆောင်ချက်များပါဝင်တဲ့ ဖုန်းတစ်လုံးဝယ်ယူရင် လှပကျော့ရှင်းပြီး နေ့စဉ်လုပ်ငန်းဆောင်တာအတွက် အသုံးဝင်မယ့် Huawei GT Watch အား ရရှိနိုင်မည့်အပြင် Pre-Order Period ဖြစ်တယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အတွင်း Nova 4 အား မှာယူသူများအား Dior အမှတ်တံဆိပ် Lipstick အား ထပ်မံလက်ဆောင်ပေးအပ်သွားမယ်လို့ သိရပါတယ်။ Huawei Nova 4 အား အရောင်တွေအနေနဲ့ Crush Blue နဲ့ Black အရောင် ၂မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ မြန်မာငွေကျပ် ၈၅၉၀၀၀ ကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။