Zawgyi

အားလုံး ေမွ်ာ္လင့္ေနတဲ့ Huawei Nova 4 ကို တ႐ုတ္ႏိုင္ငံမွာ တရားဝင္ မိတ္ဆက္သြားပါၿပီ။ Huawei Nova 4 ဟာ ကြၽန္ေတာ္တို႔ ၾကားသိခဲ့ရတဲ့ ေကာလဟာလသတင္းေတြအတိုင္း Display Hole, 48MP Camera Sensor ေတြနဲ႔အတူ ေအာင္ျမင္စြာ ပြဲထြက္ခဲ့တာ ျဖစ္ပါတယ္။

Huawei Nova 4 Specifications

Android 9.0 Pie ကိုအေျခခံၿပီး ျပန္လည္ဆန္းသစ္ထားတဲ့ EMUI 9.0.1 နဲ႔အတူ ပြဲထြက္ခဲ့တာပါ။ 6.4” LCD Display အမ်ိဴးအစားကို အသုံးျပဳထားၿပီး Resolution ကေတာ့ 1080 x 2310 pixels ရွိပါတယ္။ HiSilicon Kirin 970 SoC ကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 8GB ပါဝင္ပါတယ္။ Memory Storage ကိုေတာ့ 128GB ထည့္သြင္းေပးထားၿပီး MicroSD Card ထပ္စိုက္လို႔ရမွာ မဟုတ္ပါဘူး။

Huawei P20 Pro လို ပုံစံမ်ိဴး Triple Camera Setup ကို ေနာက္ေက်ာဘက္မွာ တပ္ဆင္ထားပါတယ္။ 48MP Sony IMX586 Primary Sensor (f/1.8 Aperture) + 16MP 117-degree Ultra-wide Angle Camera (f/2.2 Aperture) + 2MP Depth Sensor (f/2.4 Aperture) ေတြကို ေဒါင္လိုက္ တပ္ဆင္ထားတာပါ။ ဒါ့အျပင္ 48MP Camera Sensor ေနရာကို 20MP Camera Sensor နဲ႔အစားထိုးထားတဲ့ ေနာက္ထပ္ ဗားရွင္းတစ္မ်ိဴးကိုလည္း ေ႐ြးခ်ယ္ဝယ္ယူႏိုင္ပါတယ္။ ကုမၸဏီရဲ႕ေျပာၾကားခ်က္မ်ားအရ Electronic Image Stabilization (EIS) ပါဝင္ၿပီး 4K ဗီဒီယိုမ်ားလည္း ႐ိုက္ကူးႏိုင္တယ္လို႔ သိရပါတယ္။

Display အထဲမွာ ၄.၅ မီလီမီတာ အက်ယ္ရွိ အေပါက္ တစ္ေပါက္ ပါဝင္မွာျဖစ္ၿပီး၊ အဲ့ဒီအေပါက္ထဲမွာေတာာ့ 25MP (f/2.0 Aperture, EIS) Camera Sensor ကို ထည့္သြင္းတပ္ဆင္ထားမွာပါ။ Fingerprint Sensor ကို ေက်ာဘက္မွာ တပ္ဆင္ထားတာ ေတြ႕ရၿပီး Face Unlock စနစ္လည္း အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏ 3750mAh ထည့္သြင္းေပးထားၿပီး USB Type-C ကေနတစ္ဆင့္ 18W အျမန္အားသြင္းစနစ္ကို အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

Huawei Nova 4 ရဲ႕ 48MP Camera ေမာ္ဒယ္ကို တ႐ုတ္ေငြ ၃၃၉၉ ယြမ္ (ျမန္မာေငြ ၇၈၀,၀၀၀ ဝန္းက်င္)၊ 20MP Camera ေမာ္ဒယ္ကို တ႐ုတ္ေငြ ၃၀၉၉ ယြမ္ (ျမန္မာေငြ ၇သိန္း ဝန္းက်င္) နဲ႔ တ႐ုတ္ႏိုင္ငံမွာ စတင္ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Ref : gadgets.ndtv

Unicode

48MP Camera Sensor နဲ့ Display အပေါက်ပါတဲ့ Huawei Nova 4 ကို တရားဝင် မိတ်ဆက်သွားပြီ

အားလုံး မျှော်လင့်နေတဲ့ Huawei Nova 4 ကို တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်သွားပါပြီ။ Huawei Nova 4 ဟာ ကျွန်တော်တို့ ကြားသိခဲ့ရတဲ့ ကောလဟာလသတင်းတွေအတိုင်း Display Hole, 48MP Camera Sensor တွေနဲ့အတူ အောင်မြင်စွာ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။

Huawei Nova 4 Specifications

Android 9.0 Pie ကိုအခြေခံပြီး ပြန်လည်ဆန်းသစ်ထားတဲ့ EMUI 9.0.1 နဲ့အတူ ပွဲထွက်ခဲ့တာပါ။ 6.4” LCD Display အမျိူးအစားကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2310 pixels ရှိပါတယ်။ HiSilicon Kirin 970 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 8GB ပါဝင်ပါတယ်။ Memory Storage ကိုတော့ 128GB ထည့်သွင်းပေးထားပြီး MicroSD Card ထပ်စိုက်လို့ရမှာ မဟုတ်ပါဘူး။

Huawei P20 Pro လို ပုံစံမျိူး Triple Camera Setup ကို နောက်ကျောဘက်မှာ တပ်ဆင်ထားပါတယ်။ 48MP Sony IMX586 Primary Sensor (f/1.8 Aperture) + 16MP 117-degree Ultra-wide Angle Camera (f/2.2 Aperture) + 2MP Depth Sensor (f/2.4 Aperture) တွေကို ဒေါင်လိုက် တပ်ဆင်ထားတာပါ။ ဒါ့အပြင် 48MP Camera Sensor နေရာကို 20MP Camera Sensor နဲ့အစားထိုးထားတဲ့ နောက်ထပ် ဗားရှင်းတစ်မျိူးကိုလည်း ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ကုမ္ပဏီရဲ့ပြောကြားချက်များအရ Electronic Image Stabilization (EIS) ပါဝင်ပြီး 4K ဗီဒီယိုများလည်း ရိုက်ကူးနိုင်တယ်လို့ သိရပါတယ်။

Display အထဲမှာ ၄.၅ မီလီမီတာ အကျယ်ရှိ အပေါက် တစ်ပေါက် ပါဝင်မှာဖြစ်ပြီး၊ အဲ့ဒီအပေါက်ထဲမှာတောာ့ 25MP (f/2.0 Aperture, EIS) Camera Sensor ကို ထည့်သွင်းတပ်ဆင်ထားမှာပါ။ Fingerprint Sensor ကို ကျောဘက်မှာ တပ်ဆင်ထားတာ တွေ့ရပြီး Face Unlock စနစ်လည်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 3750mAh ထည့်သွင်းပေးထားပြီး USB Type-C ကနေတစ်ဆင့် 18W အမြန်အားသွင်းစနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Huawei Nova 4 ရဲ့ 48MP Camera မော်ဒယ်ကို တရုတ်ငွေ ၃၃၉၉ ယွမ် (မြန်မာငွေ ၇၈၀,၀၀၀ ဝန်းကျင်)၊ 20MP Camera မော်ဒယ်ကို တရုတ်ငွေ ၃၀၉၉ ယွမ် (မြန်မာငွေ ၇သိန်း ဝန်းကျင်) နဲ့ တရုတ်နိုင်ငံမှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref : gadgets.ndtv