[Zawgyi]

လာမယ့်မတ်လ ၁၄ ရက်နေ့ဆိုရင် Huawei Nova 4e စမတ်ဖုန်းသစ်ကို မိတ်ဆက်လာတော့မှာပါ။ နိုင်ငံတကာဈေးကွက်ကို P30 Lite အမည်နဲ့ ဖြန့်ချိလာမယ့် ဒီဖုန်းနဲ့ပတ်သက်လို့ အဓိက Specs တော်တော်များများကို သိရခဲ့ပြီးဖြစ်ကာ အခုတော့ မိတ်ဆက်ပွဲမတိုင်ခင် ရက်အနည်းငယ်အလိုမှာပဲ ဒီဇိုင်းပိုင်းကို သေချာမြင်တွေ့ခွင့်ရမယ့် ဓါတ်ပုံတွေပါ ထွက်လာခဲ့ပါပြီ။

ဒီပုံတွေထဲမှာ Nova 4e ဖုန်းဟာ Waterdrop Notch တစ်ခုပါတဲ့ Display နဲ့အတူ နောက်ဘက်မှာ ကင်မရာသုံးလုံးတွဲကို ထောင်လိုက်ထည့်သွင်းထားတာ မြင်ရမှာပါ။ ကင်မရာတွေရဲ့အောက်က LED ဖလက်ရှ် ပါဝင်လာပြီး Fingerprint ကလည်း နောက်မှာပဲ ပါဝင်ပါတယ်။

ဓါတ်ပုံတွေထဲမှာ မတူညီတဲ့အရောင်တွေကိုလည်း မြင်တွေ့ရပြီး Nova 4e ဟာ အနည်းဆုံး အရောင်ကွဲသုံးမျိုးဖြင့် ထွက်လာမှာကို အတည်ပြုပေးကာ Garnet Blue, Magic Night နဲ့ Pearl White လို့ နာမည်လှလှလေးတွေ ပေးထားပါတယ်။ ဒါပေမယ့် အပြာရောင်ကို ယခင်သတင်းတစ်ခုထဲမှာ Bird Blue လို့လဲ အသုံးပြုထားသေးတဲ့အတွက် ဘယ်ဟာက အမှန်ဖြစ်လာမလဲ မသိရသေးပါဘူး။

နောက်ဘက် Triple-camera အတွဲဟာ 24 MP + 8 MP + 2 MP ဖြစ်လာမယ်လို့လည်း ဖော်ပြထားကာ 8 MP ဟာ Wide-angle Lens နဲ့ 2 MP ကတော့ Depth Sensor အသီးသီးဖြစ်ဖို့များပါတယ်။ ဆယ်ဖီကင်မရာ ကတော့ 32 MP ဆိုတာကို တရားဝင် Tease လုပ်ခဲ့ပြီးသားပါ။

Kirin 710 ချစ်ပ်ဆက်နဲ့ 6 GB RAM မန်မိုရီတို့ ပါဝင်မယ်လို့ သတင်းထွက်နေတဲ့ Huawei Nova 4e နဲ့ပတ်သက်ပြီး ကုမ္ပဏီကတော့ အချက်အလက်အများစုကို အတည်မပြုရသေးပါဘူး။ ဒါကြောင့် ရရှိနိုင်မယ့် ဈေးနှုန်းအပါအဝင် အချက်အလက်တွေကို ၁၄ ရက်နေ့ မိတ်ဆက်ပွဲမှာ သိရမှာပဲ ဖြစ်ပါတယ်။

Ref – GSM Arena