Zawgyi

ယမန္ေန႔က GeekBench ေပၚသုိ႔ တက္လာခဲ့ၿပီးေနာက္ Huawei Nova 5i ဖုန္းအသစ္ဟာ AnTuTu ဝက္ဆုိက္မွာလည္း အစမ္းသပ္ခံလာခဲ့တာကို ေတြ႕ရပါတယ္။ ဒီဖုန္းဟာ လာမယ့္ ဇြန္လအတြင္းမွာ မိတ္ဆက္သြားမွာျဖစ္ၿပီး 40W အားသြင္းစနစ္ပါတယ္လို႔ သတင္းထြက္ေနတဲ့ Nova 5 နဲ႔အတူတကြ တခ်ိန္တည္း မိတ္ဆက္လာမယ္လို႔ ယူဆရပါတယ္။

AnTuTu ရလဒ္ဇယားမွာေတာ့ ျမင္ရတဲ့အတိုင္း Nova 5i မွာ Kirin 710 ခ်စ္ပ္ဆက္ကို 4GB RAM မန္မုိရီနဲ႔ တြဲဖက္ထားတာ ေတြ႕ရမွာျဖစ္ပါတယ္။ Storage ပမာဏကေတာ့ 64GB ပါ။ AnTuTu ရမွတ္မွာေတာ့ အျခား Midrange တန္းၿပိဳင္ဘက္ေတြနဲ႔ တန္းတူ 131,715 ရရွိခဲ့တာကိုေတြ႕ရတယ္။

Nova 5i စမတ္ဖုန္းသစ္ဟာ LCD Display ထဲမွာ Selfie ကင္မရာအတြက္ Punch-hole ပါဝင္မွာ ျဖစ္ၿပီး Resolution က 2310 x 1080p ရွိမွာပါ။ သူ႕မွာ Android 9 Pie ကုိပဲအသုံးျပဳလာမွာျဖစ္ၿပီး Huawei ရဲ႕ EMUI အေပၚကေန အုပ္လာႏုိင္ပါတယ္။

ဘကၳရီကေတာ့ 3,900 mAh ျဖစ္မယ္လို႔ ေမွ်ာ္လင့္ရၿပီး အားထားရေလာက္တဲ့ အားအျမန္သြင္းစနစ္နဲ႔ Midrange ခ်စ္ပ္ဆက္တုိ႔ တြဲဖက္လာမွာျဖစ္ပါတယ္။ ေနာက္ဘက္မွာေတာ့ Triple ကင္မရာသုံးလုံးတြဲကို ထည့္သြင္းလာမွာျဖစ္တယ္။ က်န္တဲ့ အခ်က္အလက္ေတြကိုေတာ့ မသိရေသးပါဘူး။

Ref – GSM Arena

Unicode

ယမန်နေ့က GeekBench ပေါ်သို့ တက်လာခဲ့ပြီးနောက် Huawei Nova 5i ဖုန်းအသစ်ဟာ AnTuTu ဝက်ဆိုက်မှာလည်း အစမ်းသပ်ခံလာခဲ့တာကို တွေ့ရပါတယ်။ ဒီဖုန်းဟာ လာမယ့် ဇွန်လအတွင်းမှာ မိတ်ဆက်သွားမှာဖြစ်ပြီး 40W အားသွင်းစနစ်ပါတယ်လို့ သတင်းထွက်နေတဲ့ Nova 5 နဲ့အတူတကွ တချိန်တည်း မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

AnTuTu ရလဒ်ဇယားမှာတော့ မြင်ရတဲ့အတိုင်း Nova 5i မှာ Kirin 710 ချစ်ပ်ဆက်ကို 4GB RAM မန်မိုရီနဲ့ တွဲဖက်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ Storage ပမာဏကတော့ 64GB ပါ။ AnTuTu ရမှတ်မှာတော့ အခြား Midrange တန်းပြိုင်ဘက်တွေနဲ့ တန်းတူ 131,715 ရရှိခဲ့တာကိုတွေ့ရတယ်။

Nova 5i စမတ်ဖုန်းသစ်ဟာ LCD Display ထဲမှာ Selfie ကင်မရာအတွက် Punch-hole ပါဝင်မှာ ဖြစ်ပြီး Resolution က 2310 x 1080p ရှိမှာပါ။ သူ့မှာ Android 9 Pie ကိုပဲအသုံးပြုလာမှာဖြစ်ပြီး Huawei ရဲ့ EMUI အပေါ်ကနေ အုပ်လာနိုင်ပါတယ်။

ဘက္ထရီကတော့ 3,900 mAh ဖြစ်မယ်လို့ မျှော်လင့်ရပြီး အားထားရလောက်တဲ့ အားအမြန်သွင်းစနစ်နဲ့ Midrange ချစ်ပ်ဆက်တို့ တွဲဖက်လာမှာဖြစ်ပါတယ်။ နောက်ဘက်မှာတော့ Triple ကင်မရာသုံးလုံးတွဲကို ထည့်သွင်းလာမှာဖြစ်တယ်။ ကျန်တဲ့ အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

Ref – GSM Arena