MediaTek ကနေ မကြာသေးခင်တုန်းက Dimensity Series အသစ်အနေနဲ့ Dimensity 720 Chipset ကိုမိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Dimensity 720 Chipset ဟာ Dimensity 800 နဲ့ 820 Chipset တွေထက် အနည်းငယ်အားနည်းမှာဖြစ်ပေမယ့် စျေးပိုသက်သာတဲ့ Mid Range ဖုန်းတွေထဲမှာပါဝင်လာမှာဖြစ်ပါတယ်။

MediaTek ကနေ Dimensity 720 Chipset ကို မိတ်ဆက်တဲ့အချိန်တုန်းကတော့ ဘယ်စမတ်ဖုန်းကုမ္ပဏီတွေက အစောဆုံးအနေနဲ့ Dimensity 720 Chipset အသစ်ကို အသုံးပြုသွားမလဲဆိုတာကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။ အခုအချိန်မှာတော့ အဆိုပါသတင်းကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

MediaTek ရဲ့ပြောကြားချက်အရတော့ တရုတ်စမတ်ဖုန်းထုတ်လုပ်သူတွေဖြစ်တဲ့ Huawei ၊ OPPO နဲ့ Xiaomi တို့က Dimensity 720 Chipset ကို အစောဆုံးအသုံးပြုလာမယ့် ကုမ္ပဏီတွေဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘယ်အချိန်မှာ စတင်မြင်တွေ့ရမလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိသေးပါဘူး။

China-based ဖြစ်တဲ့ Economic Daily ရဲ့ ဖော်ပြချက်အရတော့ အစောဆုံးလာမယ့်ရက်သတ္တပတ်ပိုင်းမှာတင် MediaTek Dimensity 720 Chipset ပါဝင်တဲ့စမတ်ဖုန်းကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Dimensity 720 Chipset ဟာ 7nm Architecture ကို အခြေခံထားတာဖြစ်ပြီး 5G Support အပြင် စွမ်းဆောင်ရည်ပိုင်းမှာလည်း လက်ရှိ Qualcomm ရဲ့ Snapdragon 700 Series Chipset တွေနဲ့ ကောင်းကောင်းယှဥ်ပြိုင်နိုင်မယ်လို့ ယူဆရပါတယ်။

Ref – Gizmo China