[Zawgyi]

Google က Huawei ဖုန္းေတြမွာ Android ေထာက္ပံ့မႈကို ရပ္ဆိုင္းလိုက္တဲ့အတြက္ တ႐ုတ္ကုမၸဏီအေနနဲ႔ မျဖစ္မေန ကိုယ္ပိုင္ OS ကို အသုံးျပဳဖို႔ ေ႐ြးခ်ယ္ရေတာ့မွာ ျဖစ္ပါတယ္။ ဒီကိစၥေတြ အႀကီးအက်ယ္မျဖစ္ခင္ကတည္းက Huawei က Backup Plan အျဖစ္ ကိုယ္ပိုင္ OS ကို ျပဳလုပ္ထားၿပီး ျဖစ္တယ္လို႔ ဆိုခဲ့ဖူးပါတယ္။

လာမယ့္ ၾသဂုတ္လ ၁၉ ရက္ေန႔ေနာက္ပိုင္း သက္တမ္းကုန္ဆုံးသြားမယ့္ ရက္ ၉၀ ယာယီလိုင္စင္ေၾကာင့္ Huawei အေနနဲ႔ ဒီၾကားကာလမွာ သူ႔ရဲ႕ကိုပိုင္ OS သစ္ကို မျဖစ္မေန ထုတ္ေဖာ္ျပသရဖြယ္လည္း ရွိေနတာပါ။ ၿပီးခဲ့တဲ့ရက္က ထြက္ေပၚလာတဲ့သတင္းမွာေတာ့ Huawei ရဲ႕ in-house OS ျဖစ္တဲ့ HongMeng OS ကို ေျပာင္းလဲအသုံးျပဳမယ္လို႔ ဆိုတာပါ။

ဒါေပမယ့္ ထပ္ၿပီးသိလာရတာက Huawei ဟာ သူ႔ရဲ႕ ကိုယ္ပိုင္ OS ကို Ark OS လို႔ အမည္ေပးထားတယ္ဆိုတာပါ။ နာမည္နဲ႔ပတ္သက္တဲ့သတင္းကေတာ့ Huawei က EUIPO (ဥေရာပသမဂၢ ဉာဏမူပိုင္ခြင့္ဆိုင္ရာ႐ုံး) မွာ OS ရဲ႕နာမည္ကို မွတ္ပုံတင္ခြင့္ ေတာင္းဆိုထားတာကေန ထြက္ေပၚလာတာပါ။ HUAWEI ARK OS, HUAWEI ARK, ARK နဲ႔ ARK OS ဆိုတဲ့ နာမည္ေတြကို ေမလ ၂၄ ရက္ေန႔မွာ မွတ္ပုံတင္ခြင့္ ေတာင္းထားတာ ျဖစ္ပါတယ္။

အခုထိ ရွင္းရွင္းလင္းလင္း မသိရေသးတာကေတာ့ Huawei Ark OS ရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈဆိုင္ရာက ဘယ္အေျခအေနထိ ေရာက္ရွိေနၿပီလဲ ဆိုတာကိုပါ။ ၂၀၁၅ ေမလလယ္ေလာက္ကတည္းက ထြက္ေပၚထားတဲ့ သတင္းအရဆိုရင္ေတာ့ Huawei ဟာ ကိုယ္ပိုင္ OS အတြက္ ၂၀၁၂ ခုႏွစ္ေလာက္ကတည္းက စတင္လုပ္ ေဆာင္ေနခဲ့တာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Android နေရာမှာ အစားထိုးမယ့် Huawei ရဲ့ OS ဟာ Ark ဆိုတဲ့နာမည်ဖြစ်ကြောင်း သတင်းထွက်ပေါ်လာ

Google က Huawei ဖုန်းတွေမှာ Android ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်တဲ့အတွက် တရုတ်ကုမ္ပဏီအနေနဲ့ မဖြစ်မနေ ကိုယ်ပိုင် OS ကို အသုံးပြုဖို့ ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ ဒီကိစ္စတွေ အကြီးအကျယ်မဖြစ်ခင်ကတည်းက Huawei က Backup Plan အဖြစ် ကိုယ်ပိုင် OS ကို ပြုလုပ်ထားပြီး ဖြစ်တယ်လို့ ဆိုခဲ့ဖူးပါတယ်။

လာမယ့် သြဂုတ်လ ၁၉ ရက်နေ့နောက်ပိုင်း သက်တမ်းကုန်ဆုံးသွားမယ့် ရက် ၉၀ ယာယီလိုင်စင်ကြောင့် Huawei အနေနဲ့ ဒီကြားကာလမှာ သူ့ရဲ့ကိုပိုင် OS သစ်ကို မဖြစ်မနေ ထုတ်ဖော်ပြသရဖွယ်လည်း ရှိနေတာပါ။ ပြီးခဲ့တဲ့ရက်က ထွက်ပေါ်လာတဲ့သတင်းမှာတော့ Huawei ရဲ့ in-house OS ဖြစ်တဲ့ HongMeng OS ကို ပြောင်းလဲအသုံးပြုမယ်လို့ ဆိုတာပါ။

ဒါပေမယ့် ထပ်ပြီးသိလာရတာက Huawei ဟာ သူ့ရဲ့ ကိုယ်ပိုင် OS ကို Ark OS လို့ အမည်ပေးထားတယ်ဆိုတာပါ။ နာမည်နဲ့ပတ်သက်တဲ့သတင်းကတော့ Huawei က EUIPO (ဥရောပသမဂ္ဂ ဉာဏမူပိုင်ခွင့်ဆိုင်ရာရုံး) မှာ OS ရဲ့နာမည်ကို မှတ်ပုံတင်ခွင့် တောင်းဆိုထားတာကနေ ထွက်ပေါ်လာတာပါ။ HUAWEI ARK OS, HUAWEI ARK, ARK နဲ့ ARK OS ဆိုတဲ့ နာမည်တွေကို မေလ ၂၄ ရက်နေ့မှာ မှတ်ပုံတင်ခွင့် တောင်းထားတာ ဖြစ်ပါတယ်။

အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးတာကတော့ Huawei Ark OS ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာက ဘယ်အခြေအနေထိ ရောက်ရှိနေပြီလဲ ဆိုတာကိုပါ။ ၂၀၁၅ မေလလယ်လောက်ကတည်းက ထွက်ပေါ်ထားတဲ့ သတင်းအရဆိုရင်တော့ Huawei ဟာ ကိုယ်ပိုင် OS အတွက် ၂၀၁၂ ခုနှစ်လောက်ကတည်းက စတင်လုပ် ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

Ref: GSMArena